ယမင်းဖူးပွင့်အောင် ဧပြီ ၂၇၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် ယမန်နေ့က စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်သောကြောင့် ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိသွားပြီး ဒေသခံတစ်ထောင်ကျော် စစ်ဘေးရှောင်နေရသည်ဟုဒေသခံများထံက သိရသည်။ ဝက်လက်မြို့နယ် ထုံးဘိုကုန်းရွာတွင် ယမန်နေ့ည ၈နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့်ပစ်သောကြောင့် အသက် ၄၀ ဝန်းကျင်အမျိုးသား ဒေသခံတစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး နွားတစ်ကောင်…
Browsing: တိုက်ပွဲသတင်း
Saw Smith ဧပြီ ၂၇ ၊ ၂၀၂၃ ။ ချင်းပြည်နယ်မြောက်ပိုင်း ၊ ဟားခါးမြို့နယ်နှင့်ထန်တလန်မြို့နယ်ကြားရှိ စစ်ကောင်စီစခန်းတစ်ခုကိုဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦးCNA/CNF ပြောခွင့်ရဆလိုင်းထက်နီက သံလွင်ခက်ကိုပြောသည်။ ဟားခါးနှင့် ထန်တလန်ကြား သီမစ်လွင်ပြင်ရှိ စစ်ကောင်စီစခန်းများကို ယမန်နေ့ ဧပြီလ ၂၆ရက်တွင် CNA နှင့်CDF တိုပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။…
Saw Smith ဧပြီ ၂၇ ၊ ၂၀၂၃ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်း-ကယားနယ်စပ်ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲမြို့တွင် တပ်စွဲထားသောစစ်ကောင်စီတပ်ကိုကရင်နီပူးပေါင်းတပ်များ သွားရောက်တိုက်ခိုက်ခဲ့ရာ တပ်စွဲထားသည့်နေရာအား သိမ်းပိုက်နိုင်ခဲ့သည်။ မိုးဗြဲမြို့အဝင် အနီးရပ်ကွက်ဖြစ်သည့် ညောင်ဝိုင်းရပ်ကွက်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF (၁၀၀၁) တပ်ရင်းမှလင်းယုန်နက်တပ်ခွဲ၊ရွှေလင်းယုန်တပ်ခွဲ၊ကျွဲဂျိုတပ်ခွဲ၊ပြောက်ကျားတပ်ခွဲတို့နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B-03၊ …
နန်းဆုပန်ခန့် ဧပြီ ၂၆ ၊ ၂၀၂၃ ။ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ နို့ဖိုးကျေးရွာကို စစ်ကောင်စီက တိုက်လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကာကွယ်ရေးရဲဘော်နှင့်ဒေသခံများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူတပ်မဟာ၆ ထိန်းချုပ်နယ်မြေအတွင်းရှိ နို့ဖိုးကျေးရွာကို ယမန်နေ့ညနေ၄ နာရီကျော်အချိန်တွင် စစ်ကောင်စီဘက်မှ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးသီးနှစ်လုံးကြဲချခဲ့သောကြောင့်ကာကွယ်ရေးရဲဘော် ၂ဦးနှင့် ဒေသခံ…
သံလွင်ခက် ဧပြီ ၂၆ ၊ ၂၀၂၃ ။ ရှမ်းပြည်နယ်တောင်ပိုင်း ရှမ်း-ကယားနယ် ဖယ်ခုံမြို့နယ်အတွင်းရှိ မိုးဗြဲတွင် ယနေ့၌ တိုက်ပွဲပြင်းထန်နေသည်ဟုဒေသခံများထံမှသိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားသည့် မိုးဗြဲမြို့အထွက်နား၌ ကရင်နီပူးပေါင်းတပ် ဒေသခံကာကွယ်ရေးတပ်တို့နှင့်စစ်ကောင်စီတပ်တို့ယနေ့နံနက်အစောပိုင်းကတည်းက တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကိုပြောသည်။ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေသည့်နေရာသို့ စစ်ကောင်စီတပ်မှ နံနက် ၁၀ နာရီခွဲကျော်အချိန်၌ တိုက်လေယာဥ်ဖြင့်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။…
သံလွင်ခက်။ ဧပြီ ၂၆၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် နားဋောင်းကျကျေးရွာရှိ စစ်ကောင်စီအခြေစိုက် ပျူစောထီးလေ့ကျင့်ရေးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ယမန်နေ့နံနက်က သိမ်းပိုက်ခဲ့သည်ဟု ရှေ့တန်းရောက်ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။ အင်အား ၃၅ ဦးခန့်ရှိသည့် အဆိုပါ ပျူစောထီးလေ့ကျင့်ရေးစခန်းကို တစ်နာရီခွဲခန့်ကြာ တိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျူစောထီးအဖွဲ့ဝင် ၁၂ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများလည်း…
သဇင် ဧပြီ ၂၅၊၂၀၂၃။ မကွေးတိုင်း၊ပေါက်မြို့နယ်နှင့် စစ်ကိုင်းတိုင်း မြိုင်မြို့နယ်စပ်ကြားက စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ လေးရက်ကြာ တိုက်ပွဲတွင် လေကြောင်းသုံးပစ်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။ ဧပြီလ ၂၂ရက်မှ ယနေ့ထိ လေးရက်အတွင်း တိုက်ပွဲ (၇)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများလည်းရှိသည်ဟု မြိုင်မြို့နယ် ကာကွယ်ရေးအဖွဲ့တာဝန်ခံ ဗိုလ်လက်ရာကပြောသည်။ “မနေ့က မနက်…
သံလွင်ခက်။ ဧပြီ ၂၅၊ ၂၀၂၃။ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က ၂၀ ဦးခန့် သေဆုံးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။ ယမန်နေ့ ဧပြီလ ၂၄ ရက်နေ့ နံနက်တွင် သုံးနာရီခွဲခန့်ကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်…
Saw Smith ဧပြီ ၂၅ ၊ ၂၀၂၃ ။ စစ်ဘေးရှောင်များနှင့်ဒေသခံများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် မိုးဗြဲအနောက်ခြမ်းရှိ ဆောင်းဖွေးဆေးရုံကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်း-ကယားနယ်စပ်ဖယ်ခုံမြို့နယ် မိုးဗြဲအနောက်ခြမ်းရှိ ဆောင်းဖွေးဆေးရုံကိုယနေ့ နေ့လည် ၁၂ နာရီခွဲကျော်အချိန်၌ စစ်ကောင်စီကတိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ” ဆေးရုံကို…
ဧပြီ ၂၅ ၊ ၂၀၂၃ ။ စစ်ကောင်စီတပ်၏ စကခ (၈) လက်အောက်ခံ ခမရ (၄၀၁) တပ်ရင်း မယ်စိထာ စစ်ဆေးရေးဂိတ် စခန်းအားKNLAပူးပေါင်းတပ်က ယမန်နေ့ ဧပြီလ ၂၄ ရက်နံနက် ၄း၃၀ နာရီအချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၅နာရီတွင် သိမ်းယူနိုင်ခဲ့သည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်…