သံလွင်ခက်။ ဧပြီ ၂၆၊ ၂၀၂၃။ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင်ရှိသော လုံဂျာတောင်ပေါ်ရှိ တောင်ယာလုပ်ငန်းသို့ သွားသည့် အဘိုးအိုတစ်ဦး ပျောက်ဆုံးနေသည်မှာ တစ်ပတ်ခန့်ရှိပြီဟု ဒေသခံများကပြောသည်။ ဝဝမ်ကျေးရွာက အသက် ၈၀ အရွယ် ဦးမိတုန် လဂျာ (ခေါ်) ဦးယိန်းဘောမ်သည် ယခုလ ၁၉ ရက်နေ့က…
Author: thanlwinkhet
ကောင်းချစ်အောင် ဧပြီ ၂၆၊ ၂၀၂၃။ အာဏာသိမ်းကာလအတွင်း၌ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများကို ပစ်မှတ်ထားကာ တစ်နိုင်ငံလုံးအနှံ့ရှိပြည်သူများ၏ ပိုင်ဆိုင်မှုပေါင်း ၇၀၀ကျော်ကို စစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ယမန်နေ့က ထုတ်ပြန်ခဲ့သည်။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက် အာဏာစသိမ်းချိန်မှစ၍ ယခုနှစ် မတ်လ ၃၁ရက်အထိ ၂၆လ…
ယမင်းဖူးပွင့်အောင် ဧပြီ ၂၆၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အမျိုးသားသုံးဦး၏ ရုပ်အလောင်းများကိုထပ်မံတွေ့ရှိခဲ့ပြီး နှစ်ရက်အတွင်း သေဆုံးသူ ၇ ဦးထိရှိလာသည်ဟု ဒေသခံများက ပြောသည်။ ဆားလင်းကြီးမြို့နယ်၊ ရေခါးကျေးရွာအနီးတွင် ယနေ့နံနက်က ရုပ်အလောင်းနှစ်ခုနှင့် မြို့အနီးတွင် ရုပ်အလောင်းတစ်ခုကို ထပ်မံတွေ့ရှိခဲ့ သည်ဟုဒေသခံအမျိုးသမီးတစ်ဦး ကပြောသည်။ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့်…
နန်းဆုပန်ခန့် ဧပြီ ၂၆ ၊ ၂၀၂၃ ။ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ နို့ဖိုးကျေးရွာကို စစ်ကောင်စီက တိုက်လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကာကွယ်ရေးရဲဘော်နှင့်ဒေသခံများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူတပ်မဟာ၆ ထိန်းချုပ်နယ်မြေအတွင်းရှိ နို့ဖိုးကျေးရွာကို ယမန်နေ့ညနေ၄ နာရီကျော်အချိန်တွင် စစ်ကောင်စီဘက်မှ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးသီးနှစ်လုံးကြဲချခဲ့သောကြောင့်ကာကွယ်ရေးရဲဘော် ၂ဦးနှင့် ဒေသခံ…
သံလွင်ခက် ဧပြီ ၂၆ ၊ ၂၀၂၃ ။ ရှမ်းပြည်နယ်တောင်ပိုင်း ရှမ်း-ကယားနယ် ဖယ်ခုံမြို့နယ်အတွင်းရှိ မိုးဗြဲတွင် ယနေ့၌ တိုက်ပွဲပြင်းထန်နေသည်ဟုဒေသခံများထံမှသိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားသည့် မိုးဗြဲမြို့အထွက်နား၌ ကရင်နီပူးပေါင်းတပ် ဒေသခံကာကွယ်ရေးတပ်တို့နှင့်စစ်ကောင်စီတပ်တို့ယနေ့နံနက်အစောပိုင်းကတည်းက တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကိုပြောသည်။ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေသည့်နေရာသို့ စစ်ကောင်စီတပ်မှ နံနက် ၁၀ နာရီခွဲကျော်အချိန်၌ တိုက်လေယာဥ်ဖြင့်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။…
သံလွင်ခက်။ ဧပြီ ၂၆၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် နားဋောင်းကျကျေးရွာရှိ စစ်ကောင်စီအခြေစိုက် ပျူစောထီးလေ့ကျင့်ရေးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ယမန်နေ့နံနက်က သိမ်းပိုက်ခဲ့သည်ဟု ရှေ့တန်းရောက်ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။ အင်အား ၃၅ ဦးခန့်ရှိသည့် အဆိုပါ ပျူစောထီးလေ့ကျင့်ရေးစခန်းကို တစ်နာရီခွဲခန့်ကြာ တိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျူစောထီးအဖွဲ့ဝင် ၁၂ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများလည်း…
ကောင်းချစ်အောင် ဧပြီ ၂၆၊ ၂၀၂၃။ ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့်ခရီးတွင် ရေရှည်တည်တံ့သောအဖြေရရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် တွေ့ဆုံဆွေးနွေး အဖြေရှာရန် စစ်ခေါင်းဆောင်ကိုတိုက်တွန်းခဲ့သည်ဟု The Elders အဖွဲ့က သတင်းထုတ်ပြန်ထားသည်။ The Elders အဖွဲ့၏ ဒုတိယဥက္ကဌဖြစ်သူ မစ္စတာဘန်ကီမွန်းသည် စစ်ကောင်စီ၏ ဖိတ်ကြားမှုဖြင့် ယခုဧပြီလ၂၃ရက်၊ ညနေပိုင်းတွင်…
သံလွင်ခက် ဧပြီ ၂၆ ၊ ၂၀၂၃ ။ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်တွင် ကြိုးတံတားတစ်စင်းအား ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် မတူပီCDFတို့က အကောင်အထည်ဖော် ဆောက်လုပ်နိုင်ခဲ့သည်။ ၂၀၂၂ -၂၀၂၃ ခုနှစ်အတွက် မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နှင့် Chinland Defense Force-Matupi တို့၏…
ယမင်းဖူးပွင့်အောင် ဧပြီ ၂၆၊ ၂၀၂၃။ ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်ကောင်စီ၏ ရေအားလျှပ်စစ်စီမံကိန်း ရပ်တန့်ပေးရန် အရပ်ဘက်အဖွဲ့အစည်းများက ယမန်နေ့က အိတ်ဖွင့်စာပေးပို့ တောင်းဆိုထားသည်။ သက်ဆိုင်ရာ လူမျိုးစုလက်နက်ကိုင် ရှမ်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ရှမ်း နိုင်ငံရေးပါတီများထံပေးပို့တောင်းဆိုထားခြင်း ဖြစ်သည်။ ဒုဌဝတီမြစ်ပေါ်တွင် တည်ဆောက်နေသည့် အထက်ရဲရွာရေအားလျှပ်စစ်၊ နမ္မတူရေအားလျှပ်စစ်စီမံကိန်းတို့အပါအဝင် တည်ဆောက်ရန် ကျန်ရှိနေသေးသည့်…
နန်းဆုပန်ခန့် ဧပြီ ၂၅ ၊ ၂၀၂၃ ။ အိမ်ခြေ ၄၀၀ကျော်ရှိသည့် ပလောတပို့စစ်ရှောင်စခန်းတွင် လေပြင်းတိုက်ခတ်မှုနှင့်မိုးရွာသွန်းမှုတို့ကြောင့် အိမ်ခြေ၃၀၀ ခန့်ပျက်စီးခဲ့ပြီး စစ်ရှောင်များနေထိုင်ရေးအတွက် အခက်ကြုံနေရသည်ဟု သိရသည်။ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ ထိုင်း-မြန်မာနယ်စပ်သောင်ရင်းမြစ်ကမ်းဘေးရှိ ပလောတပို့စစ်ရှောင်စခန်းတွင် ဧပြီ ၂၃ ရက်ညနေပိုင်း၌ မိုးလေကျရောက်မှုကြောင့် စစ်ရှောင်နေအိမ်များ အမိုးအကာများပျက်စီးခဲ့သည်။ အဆိုပါစစ်ရှောင်စခန်းတွင်…