ကောင်းချစ်အောင် ဧပြီ ၂၉၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှု သတင်းပေးသူ တရားခံလေးဦးကိုဖမ်းဆီးရမိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ကြေညာထားသည်။ စစ်ကောင်စီက ပဇီကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်နိုင်ရန် သတင်းပေးပို့ခဲ့သည့် တရားခံများဖြစ်သည့် သိန်းရွှေ ၅၃နှစ် (ဘ)ဦးပဲ ၊ ဦးချို ၆၁နှစ် (ဘ)ဦးတင်၊ ဇော်မင်း ၃၆နှစ်…
Author: thanlwinkhet
နန်းဆုပန်ခန့် ဧပြီ ၂၈ ၊ ၂၀၂၃ ။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အမှတ်၅ တပ်မဟာပူးပေါင်းတပ်များတိုက်ခိုက်သိမ်းပိုက်ထားခဲ့သည့် သံလွင်မြစ်ကမ်းဘေးရှိ မယ်တရိထာ(ခေါ်)မယ်ခါးထာစခန်းပြန်လည်ရရှိရန် စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေသောကြောင့် တိုက်ပွဲများပြင်းထန်ဖြစ်ပွားနေသည်။ ပြီးခဲ့သည့်မတ်လ ၂၈ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခံထားရသည့် အဆိုပါစခန်းဘက်သို့ စစ်ကောင်စီတပ်က ယခုဧပြီလ ၂၃ ရက်တွင် ဝေဟင်၊ မြေပြင်တို့မှထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲများနေ့စဥ်နီးပါးဖြစ်ပွားနေသည်။ စစ်ကောင်စီတပ်၏…
သံလွင်ခက်။ ဧပြီ ၂၈၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသည့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဗိုလ်ကြီးတစ်ဦး ဧပြီလ ၂၆ ရက်နေ့က ကျဆုံးခဲ့သည်ဟု ရှေ့တန်းရဲဘော်များထံက သိရသည်။ အဆိုပါ ဗိုလ်ကြီးနှင့် ရဲဘော်တစ်ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် ရှေ့တန်းသို့ ကင်းစခန်းသွားချစဉ် သေနတ်ပစ်ခံရပြီး ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု…
သံလွင်ခက် ဧပြီ ၂၈ ၊ ၂၀၂၃ ။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့်မဟာမိတ်ပူးပေါင်းတပ်က ကျောက်ထု အမြှောက်တပ်နှင့်လေတပ်ကိုတိုက်ခိုက်ခဲ့ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်သည်။ ဧပြီလ၂၃ရက်၊ ညနေ(၄)နာရီခန့်တွင် မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုဒေသ၊ ကျောက်ထု အမြှောက်တပ်(၃၆၈)မှ ထွက်လာသော အင်အား (၁၃၀) ဦးခန့်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဂန့်ဂေါခရိုင်…
သံလွင်ခက် ဧပြီ ၂၈၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အလယ်ကျွန်းပျူစောထီးရွာမှ သရက်တောရွာဘက်သို့ ရိက္ခာရှာထွက်လာသည့်စစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်းထောင်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ဝင်စုစုပေါင်း ၁၀ဦးခန့်ပါဝင်သည့် စစ်ကြောင်းကို ယမန်နေ့ ညနေ ၆နာရီခန့်၌ ရွာနှစ်ရွာကြားတစ်နေရာတွင် တိုက်မိုင်းတစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟု ကျောက်လုံးကြီး KLG…
Saw Smith ဧပြီ ၂၈၊ ၂၀၂၃ ။ ကရင်နီပြည်၊ ဒီးမော့ဆိုအနောက်ခြမ်းရှိ ကာကွယ်ရေးစခန်းငယ်တစ်ခု တိုက်လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခံရကာရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယမန်နေ့ဧပြီလ ၂၇ရက်၊ ည ၁၁ နာရီဝန်းကျင်၌ ဒီးမော့ဆိုအနောက်ခြမ်းတစ်နေရာရှိ ကာကွယ်ရေးတပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က တိုက်လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ” ၁၁၀၂ အလယ်ပိုင်းတိုင်းတပ်ရင်း စခန်းတစ်ခုတိုက်ခိုက်ခံရတာ ။…
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် မိုးဗြဲတို့၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော်သေဆုံး၍ လက်နက်ခဲယမ်းများစွာသိမ်းဆည်းရမိခဲ့သည်ဟု ယနေ့တွင် KNDFက ထုတ်ပြန်သည်။ ပြီးခဲ့သည့်ရက်ပိုင်း ဧပြီလ ၂၆ရက် နံနက်ပိုင်းတွင်မိုးဗြဲမြို့ ၊ ညောင်ဝိုင်းရပ်ကွက်အတွင်း တပ်စွဲထားသော စစ်ကောင်စီ၏ တပ်မ (၆၆) လက်အောက်ခံ ခမရ…
ယမင်းဖူးပွင့်အောင် ဧပြီ ၂၈၊ ၂၀၂၃။ မကွေးတိုင်း၊ မင်းလှမြို့နယ်က ချင်းလူမျိုးစုများ နေထိုင်သည့် ရေယဉ်ရွာကို စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာလုံးကျွတ်မီးရှို့ ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ရေယဉ်ကျေးရွာကို ဧပြီလ ၂၁ ရက်နေ့က မီးရှို့ခဲ့ရာ မိုးတွင်းစာ စုဆောင်းထားသည့် စားနပ်ရိက္ခာများပျက်စီးသွားသည့်အတွက် အခက်အခဲများရှိနေသည်ဟု ဒေသခံအမျိုးသားတစ်ဦးက သံလွင်ခက်ကိုပြောသည်။…
သဇင် ဧပြီ ၂၈၊ ၂၀၂၃။ ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်နယ်မြေရဲစခန်းကို ဒေသကာကွယ်ရေးတပ်များက ဝင်ရောက်စီးနင်းခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။ ယမန်နေ့ ဧပြီလ (၂၇)ရက် ည(၇)နာရီခန့်တွင်ညောင်ခါးရှည်ရဲစခန်းအတွင်း ရဲများတန်းစီနေချိန်တွင် ဒေသကာကွယ်ရေးတပ်များက ဝင်ရောက်ပစ်ရာ စစ်ကောင်စီတပ်သား (၁)ဦးသေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက သံလွင်ခက်ကိုပြောသည်။ “သူတို့(ရဲတပ်ဖွဲ့ဝင်များ)တန်းစီနေချိန်…
Saw Smith ဧပြီ ၂၈ ၊ ၂၀၂၃ ။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံထားရသည့် နာမည်ကြီး မြန်မာ့ရိုးရာလက်ဝှေ့သမား တူးတူးသည်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပြီဟု ယမန်နေ့တွင် သတင်းထွက်ပေါ်ခဲ့သည်။ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စကုမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ဧပြီလ ဒုတိယအပတ်အတွင်း၌ ဖမ်းဆီးခံလိုက်ရသည့် တူးတူးသည် စကုတပ်…