Author: thanlwinkhet

သဇင် ဧပြီ ၂၅၊၂၀၂၃။ မကွေးတိုင်း၊ပေါက်မြို့နယ်နှင့် စစ်ကိုင်းတိုင်း မြိုင်မြို့နယ်စပ်ကြားက စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ လေးရက်ကြာ တိုက်ပွဲတွင်  လေကြောင်းသုံးပစ်ခဲ့သည်ဟု  ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။ ဧပြီလ ၂၂ရက်မှ ယနေ့ထိ လေးရက်အတွင်း တိုက်ပွဲ (၇)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများလည်းရှိသည်ဟု  မြိုင်မြို့နယ် ကာကွယ်ရေးအဖွဲ့တာဝန်ခံ ဗိုလ်လက်ရာကပြောသည်။ “မနေ့က မနက်…

Read More

ယမင်းဖူးပွင့်အောင် ဧပြီ ၂၅၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ယနေ့နံနက် အစောပိုင်းက စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခဲ့သောကြောင့် ပြည်သူလေးဦး သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။ စစ်ကောင်စီစစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်လာသည့် ဓားစာခံခြောက်ဦးထဲမှ သုံးဦးကို မန်ကျည်းတန်းရွာအနီးလယ်ကွင်းပြင်တစ်ခုတွင် ပစ်သွားခြင်းဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသမီးဒေသခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။ “လယ်ကွင်းတွေကြားထဲမှာ…

Read More

သံလွင်ခက်။ ဧပြီ ၂၅၊ ၂၀၂၃။ ခွဲကဘောင် ကရင်အမျိုးသားကျောင်း တည်ထောင်သူ ဆရာကြီး မန်းဗလရှင် (ခ) မန်းဗလစိန် (ခ) ဖူ့ခွဲကဘောင်၏ နာရေးကို ယနေ့ ဧပြီ ၂၅ရက်နေ့က မဲဆောက်မြို့ မြူနီစပယ် သုဿန်တွင် ပြုလုပ်ခဲ့သည်။ အသက် ၈၇ နှစ်အရွယ်ရှိ ဆရာကြီး မန်းဗလစိန်သည်…

Read More

သံလွင်ခက်။ ဧပြီ ၂၅၊ ၂၀၂၃။ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က ၂၀ ဦးခန့် သေဆုံးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။ ယမန်နေ့ ဧပြီလ ၂၄ ရက်နေ့ နံနက်တွင် သုံးနာရီခွဲခန့်ကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်…

Read More

Saw Smith ဧပြီ ၂၅ ၊ ၂၀၂၃ ။ စစ်ဘေးရှောင်များနှင့်ဒေသခံများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် မိုးဗြဲအနောက်ခြမ်းရှိ ဆောင်းဖွေးဆေးရုံကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်း-ကယားနယ်စပ်ဖယ်ခုံမြို့နယ် မိုးဗြဲအနောက်ခြမ်းရှိ ဆောင်းဖွေးဆေးရုံကိုယနေ့ နေ့လည် ၁၂ နာရီခွဲကျော်အချိန်၌ စစ်ကောင်စီကတိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ” ဆေးရုံကို…

Read More

ဧပြီ ၂၅ ၊ ၂၀၂၃ ။ စစ်ကောင်စီတပ်၏ စကခ (၈) လက်အောက်ခံ ခမရ (၄၀၁) တပ်ရင်း မယ်စိထာ စစ်ဆေးရေးဂိတ် စခန်းအားKNLAပူးပေါင်းတပ်က ယမန်နေ့ ဧပြီလ ၂၄ ရက်နံနက် ၄း၃၀ နာရီအချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၅နာရီတွင် သိမ်းယူနိုင်ခဲ့သည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်…

Read More

ကောင်းချစ်အောင် ဧပြီ ၂၄၊ ၂၀၂၃။ မြန်မာ့အရေးနှင့်ပတ်သက်သော ဘုံသဘောတူညီချက်ငါးရပ်အား အာဆီယံအဖွဲ့အစည်းအနေဖြင့် တိုးတက်ပြောင်းလဲမှုရှိသည့် အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ယနေ့ချိန်ထိမပြုလုပ်နိုင်သေးဟု  နိုင်ငံရေးလေ့လာသုံးသပ်သူများကဆိုသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သုံးလနီးပါးအကြာ ၂၀၂၁ခုနှစ် ‌ဧပြီ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ရှိ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံး၌ ပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာ့အရေးအကြပ်အတည်းကို ဖြေရှင်းရန် ဘုံသဘောတူညီချက်ငါးရပ်ကို ထုတ်ပြန်ခဲ့သည်။…

Read More

ကောင်းချစ်အောင် ဧပြီ ၂၄၊ ၂၀၂၃။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ်၅ရပ်ကွက်ရှိ ဒုတိုင်းရဲတပ်ဖွဲ့မှူးနေအိမ် ဗုံးခွဲခံရပြီးနောက်ပိုင်း လူငယ်လေးဆယ်ခန့်ကို စစ်ကောင်စီက ယမန်နေ့၌ လိုက်လံဖမ်းဆီးနေခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။ ပုသိမ်မြို့ အမှတ်၅ရပ်ကွက် သစ္စာလမ်းနှင့် ထောင်ကုန်းလမ်းရှိ ဒုတိုင်းရဲတပ်ဖွဲ့မှူးအိမ်ကို PSTF မြို့ပြပြောက်ကျားတပ်ဖွဲ့က ဧပြီလ ၂၂ရက်၊ ည ၉နာရီဝန်းကျင်တွင်…

Read More

နန်းဆုပန်ခန့် ဧပြီ ၂၄ ၊ ၂၀၂၃ ။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အမှတ်၅ တပ်မဟာပူးပေါင်းတပ်များတိုက်ခိုက်သိမ်းပိုက်ဖျက်ဆီးထားခဲ့သည့် သံလွင်မြစ်ကမ်းဘေးရှိ မယ်တရိထာ(ခေါ်)မယ်ခါးထာစခန်းဘက်သို့ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံများထံကသိရသည်။ ပြီးခဲ့သည့်မတ်လ ၂၈ရက်တွင် KNLA ပူးပေါင်းတပ်များသိမ်းပိုက်ထားသည့် မယ်ခါးထာစခန်းဘက်ကိုစစ်ကောင်စီက တစ်လနီးပါးအကြာ ယမန်နေ့တွင် ဝေဟင်မြေပြင်တို့မှ စစ်ကြောင်းထိုးလာ၍ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။ “…

Read More

ယမင်းဖူးပွင့်အောင် ဧပြီ ၂၄၊ ၂၀၂၃။ ရန်ကုန်တိုင်းဒေသကြီး  မြို့နယ်တချို့မှ နွေဦးတော်လှန်ရေးတွင် ပါဝင်သူများကို ဖမ်းဆီးခံထားရသည့်ကာကွယ်ရေး တပ်ဖွဲ့ဝင် မိုဘိုင်းဖုန်းများမှတဆင့် ထောင်ချောက်ဆင် ဖမ်းဆီးမှုများရှိနေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ ဧပြီလ ၂၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရပြီးနောက် ၎င်းတို့နှင့် ဆက်စပ်သူများကို ရှာဖွေ ဖမ်းဆီးနေခြင်း…

Read More