Author: thanlwinkhet

ဧပြီ ၂၄ ၊ ၂၀၂၃ ။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၁) နှင့် တပ်မဟာ (၅) ပူးပေါင်းတပ်ဖွဲ့မှအာဏာသိမ်းစစ်ကောင်စီတပ်၏ မယ်စိထာ ဂိတ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ဖျက်ဆီးခဲ့သည်ဟု ယနေ့တွင် ကေအဲန်ယူဗဟိုက သတင်းထုတ်ပြန်သည်။ စစ်ကောင်စီတပ်၏ စကခ (၈) လက်အောက်ခံ ခမရ (၄၀၁) တပ်ရင်း…

Read More

Saw Smith ဧပြီ ၂၄ ၊ ၂၀၂၃ ။ ထိုင်းဘုရင့်ဖလားချန်ပီယံ ကယန်းလက်ဝှေ့မယ်ဘရော်နီကာဟာ အီတလီနိုင်ငံမှာသွားရောက်ယှဥ်ပြိုင်ခဲ့တဲ့ မွေထိုင်းပြိုင်ပွဲမှာ အီတလီလက်ဝှေ့မယ်အဲလက်စ်တာဗွိုင်အိုလာကို အနိုင်ရရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာနေပြီးမွေထိုင်းပြိုင်ပွဲတွေ ယှဉ်ပြိုင်နေတဲ့ဘရော်နီကာဟာ သူရဲ့ပထမဆုံးနိုင်ငံတကာပြိုင်ပွဲမှာလည်းရလဒ်ကောင်းကိုဆက်ထိန်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဧပြီ၂၂ရက်၊ဒေသစံတော်အချိန် ည၆နာရီ၊ ထိုင်းစံတော်ချိန် ည၁၁ နာရီမှာ ယှဥ်ပြိုင်ခဲ့တဲ့ ရောမမြေကမွေထိုင်းပြိုင်ပွဲမှာ လက်အိတ်နဲ့ယှဥ်ပြိုင်ရတာ၊ ရာသီဥတုနဲ့ အချိန်အပြောင်းအလဲရှိတာ…

Read More

သံလွင်ခက်။ ဧပြီ ၂၃၊ ၂၀၂၃။ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ၊ရိုးကြီးရပ်ကွက်တွင် ယနေ့နံနက် ၁၁ နာရီခန့်က လက်နက်ကြီး လေးလုံးကျရောက်ပေါက်ကွဲသဖြင့် ဒေသခံပြည်သူ ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။ ဒဏ်ရာရသူများအနက် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိမှု ပြင်းထန်သည်ဟု ရိုးကြီးရပ်ကွက်နေ ဒေသခံ အမျိုးသမီးတစ်ဦးက သံလွင်ခက်ကို…

Read More

သံလွင်ခက် ဧပြီ ၂၃ ၊ ၂၀၂၃ ။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၃) တပ်ပေါင်းစုမှ အာဏာသိမ်းစစ်ကောင်စီတပ်၏ တပ်စခန်း‌ ၄ခုကိုတစ်ပြိုင်နက်တည်းတိုက်ခိုက်ခဲ့ပြီး စခန်း ၂ခုလုံးအား ချေမှုန်းဖျက်ဆီးနိုင်ခဲ့သည်ဟု ယနေ့တွင်ကေအဲန်ယူဗဟိုကသတင်းထုတ်ပြန်သည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၃) တပ်ပေါင်းစုမှ ယမန်နေ့ ဧပြီလ ၂၂ရက် နံနက် ၄း၃၀နာရီမှ…

Read More

ကောင်းချစ်အောင် ဧပြီ ၂၃၊  ၂၀၂၃။ နယ်စပ်တည်ငြိမ်ရေးနှင့် တရားမဝင်လက်နက်ကုန်သွယ်မှု ပပျောက်ရေးအတွက် မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Mr Don Pramudwinai တို့ နေပြည်တော်၌တွေ့ဆုံဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီဘက်က သတင်းထုတ်ပြန်သည်။ ထိုသို့တွေ့ဆုံမှုသည် ထိုင်းအစိုးရအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းလိုသည့် သဘောကိုတွေ့ရပြီး နယ်စပ်ဒေသရှိစစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်အင်အားစုများကို…

Read More

သံလွင်ခက်။ ဧပြီ ၂၂ ၊၂၀၂၃။ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေဖြစ်သည့် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် ညောင်ကုန်းကျေးရွာအနီးတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံက သိရသည်။ ယနေ့ ဧပြီလ ၂၂ ရက် မနက် ၄နာရီခွဲအချိန်တွင်…

Read More

စောစမစ်၊ ဘိုဟန်(MCIJ) ဧပြီ ၂၂၊ ၂၀၂၃။ ယခုလ ဧပြီရဲ့ ဒုတိယပတ်ဟာ ချင်းပြည်နယ်ထဲကို ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ စစ်ကောင်စီကားတွေအတွက်နောက်ဆုံးအသက်ရှုဖို့ အခွင့်အရေးသာ ပေးခဲ့ပါတယ်။ ဧပြီ ၁၂ ရက်နဲ့ ၁၃ ရက်တွေက ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချွန်ချုံးရွာအနီးအနားမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေဟာ စစ်ကောင်စီတပ်သားတွေရဲ့ တင့်ကား…

Read More

ယမင်းဖူးပွင့်အောင် ဧပြီ ၂၂၊ ၂၀၂၃။    မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေပြည်တော် ၊လယ်ဝေးမြို့က ပြည်သူ ရှစ် ဦးခန့်သေဆုံးပြီး လူနေအိမ်များ ပျက်စီးကာ ယနေ့ချိန်ထိ ပျောက်ဆုံးမှုများ ရှိနေဆဲ ဖြစ်သည်ဟု လူမှုကူညီရေးဆောင်ရွက်နေသူများက ပြောသည်။ လယ်ဝေး လူမှုကူညီရေးအသင်း ဥက္ကဌ ဦးထက်ပိုင်စိုးက “ထပ်တိုးသေဆုံးဦးရေနဲ့ ပျောက်ဆုံးနေတာတွေ…

Read More

သဇင် ဧပြီ  ၂၂၊ ၂၀၂၃။ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ခက်သင်ကျေးရွာတွင် စစ်ကောင်စီအင်အား (၁၀၀)ခန့် တပ်ဆွဲကာ ဒေသခံ ပြည်သူများအား တစ်ယောက်မကျန် ဖုန်းဆင်းကဒ်များဖြုတ်ခိုင်းခဲ့ပြီး နေအိမ်များကို မီးရှို့ခဲ့သည်ဟု ဒေသခံများကပြောသည်။ ဧပြီလ၂၀ ရက် နေ့လည် ၂ နာရီခန့်တွင် ခက်သင်ရွာရှိ ဘုန်းကြီးကျောင်းတွင် ကျေးရွာနေ ပြည်သူများအား ဖုန်းများကိုစစ်ဆေး‌ပြီး…

Read More

သံလွင်ခက်။ ဧပြီ ၂၂ ၊ ၂၀၂၃။ စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းမှ အမျိုးသားနှစ်ဦးလက်နက်ကြီးထိမှန် သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။ ယမန်နေ့ ဧပြီ ၂၁ ရက်နေ့တွင် ကလေးမြို့ပေါ်ရှိ စစ်ကောင်စီတပ်မှ ပစ်လိုက်သည့် လက်နက်ကြီးသည် ကလေးမြို့နယ် တောင်ပိုင်း ထိုမာရွာနှင့်…

Read More