Browsing: Uncategorized

BPLAတပ်ရင်းပါဝင်သော ရှမ်းမြောက်တိုက်ပွဲတစ်ခုတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်သေဆုံး ************************* သံလွင်ခက် အောက်တိုဘာ ၂၉ ၊ ၂၀၂၃ ။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် BPLA သည် ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်၊ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၄၀ ကျော်သေဆုံး၍…

Read More

Brain အောက်တိုဘာ ၅၊ ၂၀၂၃။ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း တရားမဝင်လုပ်ငန်းများဖြစ်သည့် လောင်းကစားလုပ် ငန်းများ သိသိသာသာများပြားလာနေသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်၏ အထွေထွေဆုတ်ယုတ်မှုများစာရင်းတွင် လောင်းကစားနွံအတွင်းနစ်မွန်းနေကြသည့် ပြည်သူ များပြားလာခြင်းကလည်း တစ်ခုအပါအဝင်ဖြစ်သည်။ “နေရာတိုင်းနီးပါးမှာ ၂ လုံး၊…

Read More

ဘုန်းမောင် ၊ ကောင်းချစ်အောင် ၊ သဇင် စက်တင်ဘာ ၁၈၊ ၂၀၂၃။ ဘေးဖယ်ခံထားရသော တိုင်းရင်းသားများ၏အရေးပါမှုူ မြန်မာနိုင်ငံအနာဂတ်တွင် တိုင်းရင်းသားလူနည်းစုများနှင့် ၎င်းတို့ EAO အဖွဲ့များ၏အရေးပါမှုကိုကောင်းစွာနား လည်သဘောပေါက်ရန် ၂၀၁၀ ခုနှစ်ကစတင်ခဲ့သောမြန်မာ့နိုင်ငံရေးတိုးတက်မှုများကိုဆန်းစစ်ရန်လိုအပ်ပေ သည်။ အရပ်ဘက်-စစ်ဘက်အုပ်ချုပ်ရေးစနစ်ဖြင့်လည်ပတ်နေခဲ့သော အရပ်သားအစိုးရလက်ထက်တွင် အရပ်သားအစိုးရကိုဖြုတ်ချဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆုံးဖြတ်ချက်ချခဲ့သည့်အတွက်မြန်မာနိုင်ငံအနာဂတ် ကိုဆုံးဖြတ်ရာတွင် တိုင်းရင်းသားလူနည်းစုများနှင့်…

Read More

ဘမောင် စက်တင်ဘာ ၁၄ ၊ ၂၀၂၃။ မြန်မာပြည်နိုင်ငံရေးမှာ နှစ်ပေါင်း(၇၀)ကျော်အာဏာလုယူပြီးအုပ်စိုးလာတဲ့ စစ်အုပ်စုကြောင့်ပြည်သူလူထုအားလုံး ရဲ့ ရှေ့ဆက်ဖွံ့ဖြိုးတိုးတက်မှုတွေ ရပ်ဆိုင်းခဲ့ပြီးဆင်းရဲကြပ်တည်းမှုသံသရာတွင်းထဲ ကျရောက်ခဲ့ရပါတယ်။ စစ်အုပ်စုရဲ့သဘောသဘာဝကို သေချာသုံးသပ်ကြည့်မယ်ဆိုရင်ပြည်သူဆီကဆင်းသက်ရမယ့်အာဏာကို အရပ် သားဒီမိုကရေစီအစိုးရတွေဆီမရောက်အောင်စစ်တပ်ကပဲ ကြားဖြတ်လုယူပြီး အာဏာသိမ်းတတ်တာကို တွေ့ရ လေ့ရှိပါတယ်။ နောက်ပြီးရရှိထားတဲ့အာဏာတည်မြဲရေးအတွက် နည်းလမ်းမျိုးစုံသုံးပြီး သူတို့ကို ပြန်ပြီးမဆန့် ကျင်အောင်၊မတော်လှန်အောင်…

Read More

ဘုန်းမောင် စက်တင်ဘာ ၁၁၊ ၂၀၂၃။ မကြာသေးမီကဖော်ပြခဲ့ကြသောအရေးအသားများတွင် အကျဥ်းချခံထားရသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သမိုင်းကချန်ထားရစ်ခဲ့ပြီဟု သုံးနှုန်းဖော်ပြလာကြသည်မျိုး တွေ့ရသည်။ ထို့ပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်းဖြစ်ပွားနေသော အဖြစ်အပျက်အကျိုးဆက်များသည် လည်း သူမနှင့်လုံးဝသက်ဆိုင်မှုမရှိတော့ကြောင်း ဖော်ပြရေးသားလာခဲ့ကြပါသည်။ ပြီးခဲ့သော ၃၅ နှစ်တာကာလ အတွင်း မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍတွင်…

Read More

သံလွင်ခက်။ စက်တင်ဘာ ၁၁၊ ၂၀၂၃။ မူတြော်ခရိုင်ရှိပြည်သူများအပေါ်ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်နေမှုများနှင့်ပတ်သက်၍ ကမ္ဘာ့ ကုလ သမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက လက်တွေ့ကျသည့်နည်းလမ်းများဖြင့် စစ်ကောင်စီကို အရေးယူ ရန် ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။ ကမ္ဘာ့ကုလသမဂ္ဂ နှင့် အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာတရားရေးဆိုင်ရာယန္တရားများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းများက ထိရောက်လက်တွေ့ကျသည့်နည်းလမ်းများဖြင့်…

Read More

စစ်ကောင်စီကအာဏာသိမ်းခဲ့ခြင်း ရက်ပေါင်း ၉၄၈ ရက်ပြည့်မြောက်ခဲ့သည့် ယခု စက်တင်ဘာလ ၅ ရက်တွင် စစ်ကောင်စီ၏သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သည့် အရပ်သားပြည်သူ ၄၀၄၃ ဦး ရှိနေသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန်ထားသည့် အထက်ပါအချက်အလက်အရ  တစ်ရက်လျှင် အရပ်သားပြည်သူ ၄ ဦးကျော် သေဆုံးနေရခြင်း ဖြစ်သည်။ ထို့ပြင်…

Read More

သံလွင်ခက် စက်တင်ဘာ ၇၊ ၂၀၂၃။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာမှာ စစ်ကောင်စီနှင့် တအာင်းတပ်မတော်(TNLA) တို့အကြား ယမန်နေ့ စက်တင်ဘာလ ၆ ရက်တွင် တိုက်ပွဲ ပြင်းထန်နေသည်ဟု ဒေသခံများထံက သိရပါသည်။ ဒေသခံအမျိုးသမီးတစ်ဦးက “TNLAက နမ့်ဖက်ကာဘက် ကိုဆင်းလာတဲ့အချိန်မှာပဲ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်သွားတာ။  လက်နက်ကြီးရော၊ လက်နက်ငယ်ရော…

Read More

သဇင် စက်တင်ဘာ ၄ ၊၂၀၂၃။ ထိုင်းဘတ်ငွေမြင့်တက်မှုနဲ့ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှုရဲ့ နောက်ဆက်တွဲအကျိုးဆက်အဖြစ် စစ်အသုံး အဆောင်ပစ္စည်းတွေရဲ့ဈေးနှုန်း မြင့်တက်လာပါတယ်။ အာဏာသိမ်းစစ်ကောင်စီက ကျပ်နှစ်သောင်းတန်ထုတ်ဝေပြီးတဲ့နောက်ပိုင်း ငွေကျပ်တန်ဖိုး သိသိသာသာကျ ဆင်းခဲ့တာပါ။ လက်ရှိမှာ ထိုင်းငွေတစ်ဘတ်ကို မြန်မာငွေကျပ် ၁၁၀ ကျော်အထိပေါက်ဈေးရှိနေပြီး ကျပ်ငွေကနေ ထိုင်းဘတ်လဲ လှယ်ရာမှာလည်း ဈေးနှုန်းမတည်ငြိမ်မှုတွေကြောင့် အခက်အခဲရှိနေကြပါတယ်။ ***************************************************************************…

Read More