နန်းဆုပန်ခန့် နိုဝင်ဘာ ၂၀၊ ၂၀၂၄။ ကရင်အမျိုးသားအစည်းအရုံး – ကေအဲန်ယူ၊ တပ်မဟာ ၃ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်အတွင်းသို့ စစ်ကောင်စီက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သဖြင့် ဒေသခံ နှစ်ဦးသေဆုံးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူသတင်းရင်းမြစ်ထံမှ သိရသည်။ နိုဝင်ဘာလ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ ၅ ရက်တာအတွင်း…
Browsing: Uncategorized
သံလွင်ခက် နိုဝင်ဘာ ၂၀၊၂၀၂၄။ တနင်္သာရီတိုင်း ၊ရေဖြူမြို့နယ်တွင် အိမ်ရှေ့ပြင်နှင့် ဆင်ဆိပ်ရပ်ကွက်ကြားရှိ ဆိုင်ခန်းများကို ကျူးကျော်ဆိုင်များဟု ဆိုကာ ဖျက်သိမ်းခိုင်းနေသည်ဟု ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက် မနက်ပိုင်းက သုံးဘီးယာဉ်ဖြင့် လမ်းပေါ်ကင်းပတ်လာသော ပြည်သူ့စစ်အဖွဲ့သည် အိမ်ရှေ့ပြင်နှင့် ဆင်ဆိပ်ရပ်ကွက်ကြားတွင် ကြားဖြတ်တိုက်ခိုက်ပြီးနောက် ထိုနေရာအနီးရှိ ဆိုင်ခန်းများကို…
ဘုန်းမောင် နိုဝင်ဘာ ၁၂၊ ၂၀၂၄။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအား စတင်ကျူးကျော်တိုက်ခိုက်ခဲ့လေသည်။ အဆိုပါကျူးကျော်မှုက ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်ကစတင်ဖြစ်ပွားခဲ့သော ရုရှား- ယူကရိန်း စစ်ပွဲ၏ အမြင့်မားဆုံးသောအခြေအနေဖြစ်လာခဲ့သည်။ ယူကရိန်းကိုတိုက်ခိုက်ရန် မြောက်ကိုရီးယားနိုင်ငံကလည်း တပ်ဖွဲ့ဝင် ၁၀,၀၀၀…
မောင်လှိုင်း နိုဝင်ဘာ ၂၀၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်ကို တရုတ်အာဏာပိုင်များ ယမန်နေ့ နံနက် အစောပိုင်းတွင် ပြန်လည်ဖွင့်ပေးခဲ့သည်ဟု မူဆယ်မြို့ ဒေသခံများထံက သိရသည်။ အဆိုပါ နယ်စပ်ဂိတ်ကို တရုတ်အာဏာပိုင်အဖွဲ့သည် ယခုနှစ် အောက်တိုဘာလ ၂၂ ရက်ကတည်းက ပိတ်လိုက်ခြင်းဖြစ်ပြီး တစ်လခန့်အကြာတွင်…
သံလွင်ခက် နိုဝင်ဘာ ၂၀၊ ၂၀၂၄။ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် တလိုင်းရပ် (ရွာသစ်) ကျေးရွာကို People’s Liberation Army (PLA) – ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ယမန်နေ့နံနက် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု PLA က ထုတ်ပြန်သည်။ တိုက်ပွဲကြာချိန် ၁၀ မိနစ်ခန့်တွင်…
သံလွင်ခက် နိုဝင်ဘာ ၂၀၊၂၀၂၄။ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ရန်ကုန်တိုင်းစစ်ဌာန ထံသို့ စစ်ကောင်စီတပ်သား ၂ ဦး ဝင်ရောက်ခိုလှုံလာခဲ့သည်ဟု ရန်ကုန်တိုင်းစစ်ဌာနက ယမန်နေ့တွင် ထုတ်ပြန်သည်။ စစ်ကောင်စီရေတပ်မှ တပ်ကြပ် နိုင်မင်းဇော် နှင့် သံချပ်ကာ ပြင်ဆင်ရေးပင်မအလုပ်ရုံမှ တပ်ကြပ်ကြီး အောင်မင်းဇော် တို့သည်…
သံလွင်ခက် နိုဝင်ဘာ ၂၀၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာ အင်းဝိုင်းအမှတ်(၃) ဆင်းရွှေလီသကြားစက်ရုံကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA က ယမန်နေ့တွင်ထုတ်ပြန်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ည ၇နာရီခွဲအချိန်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ…
နိုဝင်ဘာ ၁၉၊ ၂၀၂၄ လွန်ခဲ့သော ၁၀ နှစ် အတိအကျဆိုရလျှင် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်တွင် စစ်ကောင်စီသည့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ဌာနချုပ်အနီးသို့ လက်နက်ကြီးဖြစ်ပစ်ခတ်ခဲ့သည်။ နေ့လယ် ၁၁ နာရီခန့်တွင် စစ်တပ်က ခရာဘွမ်တောင်ကုန်းတွင် တပ်စွဲကာ ပစ်ခတ်ခဲ့သော ၁၀၅ မမ လက်နက်ကြီးကျည်ကြောင့် ဝေကြိုင်ဘွမ်…
မောင်လှိုင်း နိုဝင်ဘာ ၁၉၊ ၂၀၂၄။ တော်လှန်ရေးတပ်များရှိရာ မန္တလေးတိုင်း၊ မြင်းခြံမြို့အနီးသို့ စစ်တပ်ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေသည်ဟု ဒေသခံသတင်းရင်းမြစ်များက ပြောသည်။ နိုဝင်ဘာ ၁၁ မှ စတင်ကာ စစ်ကြောင်းထိုးလာသော စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များနှင့် ဒေသခံတော်လှန်ရေးတပ်များကြား ယနေ့တိုင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူ့စစ်များနှင့် ပူးပေါင်းကာ အင်အား ၆၀၀…
ဘုန်းမောင် နိုဝင်ဘာ ၁၉၊ ၂၀၂၄။ ယမန်နှစ်အောက်တိုဘာလတွင် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က မြန်မာ – တရုတ်နယ်စပ်အနီးရှိ စစ် ကောင်စီထိန်းချုပ်နယ်မြေအများအပြားကို သိမ်းပိုက်နိုင်ခဲ့ချိန်ကစ၍ တရုတ်နိုင်ငံသည် မြန်မာ့အရေးအား အခြားတစ်ဖက်ကပြန်လည်ရှုမြင်ခဲ့သည်။ စစ်ဆင်ရေးစတင်ပြီး ၁ နှစ်ကျော်ကြာလာချိန်မှာတော့ ညီနောင်မဟာမိတ်အဖွဲ့များသည် မြန်မာစစ်တပ်အား ၎င်းတို့ထိန်းချုပ်ထားသည့် အရေးပါသောနယ်မြေများမှ အဝေးဆီမောင်းထုတ်နိုင်ခဲ့သည့်အပြင် ပြိုင်ဆိုင်မှု…