သံလွင်ခက် နိုဝင်ဘာ ၁၈၊၂၀၂၄။ ရှမ်း-ကယားအစပ် ဖယ်ခုံမြို့နယ် ၊ လအိတိုက်နယ် ၊ဘန်ကောက်စစ်ရှောင်စခန်းအား ယနေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီလေကြောင်းမှ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများပြောပြချက်အရ သိရသည်။ ယနေ့ နေ့လယ် ၁၁ နာရီ နှင့် ၁၂ကြားတွင် တိုက်လေယာဥ် (၂) စင်းဖြင့်…
Browsing: Uncategorized
သံလွင်ခက် နိုဝင်ဘာ ၁၈၊ ၂၀၂၄။ စစ်ကိုင်းတိုင်းဒေသ၊ ပုလဲမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား စစ်သုံ့ပန်း ၂၅ ဦးနှင့် စစ်လက်နက်များ သိမ်းဆည်း ရရှိခဲ့သည်ဟု ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် – BNRA က ထုတ်ပြန်ခဲ့သည်။ ထိုစစ်ကောင်စီတပ်သား ၂၅ ဦးကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားလျက်ရှိပြီး ထိခိုက်ဒဏ်ရာ ရရှိသူများကိုလည်း ဆေးဝါးကုသပေးလျက်ရှိသည်ဟုလည်း…
သံလွင်ခက် နိုဝင်ဘာ ၁၈၊ ၂၀၂၄။ ပဲခူးတိုင်း၊ သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်၊ လိပ်ဥကုန်းအုပ်စု အုပ်ချုပ်ရေးမှူး အောင်ဇော် (ခ) ဇော်ထွန်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ထုတ်ပြန်သည်။ အဆိုပါ အုပ်ချုပ်ရေးမှူးသည် အုတ်ဖိုတာဆုံ ရန်ကုန် -…
ယမင်းဖူးပွင့်အောင် နိုဝင်ဘာ ၁၈၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နှင့် မိုင်းငေါ့မြို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ သုံးဦးသေဆုံးပြီး ၁၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA က ယနေ့တွင် ထုတ်ပြန်သည်။ ကွတ်ခိုင်မြို့ ရပ်ကွက် (၄)တွင် ယမန်နေ့ည ၁၂နာရီခန့်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် တစ်ဦးနှင့်…
ယမင်းဖူးပွင့်အောင် နိုဝင်ဘာ ၁၈၊ ၂၀၂၄။ မန္တလေးတိုင်း မိတ္ထီလာမြို့နယ်ရှိ စစ်ရေးပစ်မှတ် ၇ ခုကို မိတ္ထီလာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းတပ်တို့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်သည်။ မိတ္ထီလာမြို့နယ်တွင် အခြေပြုထားသည့် အမှတ် (၁၀) တပ်မတော် အကြီးစားစက်ရုံရှိ အရာရှိရိပ်သာ၊ လေကြောင်းအတတ်သင် လေတပ်စခန်းရှိ…
မောင်ဘဦး နိုဝင်ဘာ ၁၆၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတစ်ရွာမှာ တော်လှန်တန်ဆောင်တိုင်ပွဲတော်ကို ယမန်နေ့က ကျင်းပခဲ့သည်။ အဆိုပါပွဲတော်ကို အာဏာသိမ်းပြီး ၄ နှစ်အကြာမှ ပြန်လည်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပွဲစီစဥ်ကျင်းပပေးသူက သံလွင်ခက်ကို ပြောသည်။ “မြန်မာ့ရိုးရာ နေ့ထူးနေ့မြတ်တွေ၊ ပွဲတော်တွေ အညာမှာမလုပ်ဖြစ်တာကြာပြီ၊ ခုလုပ်တယ်ဆိုတာလည်း အပျော်သက်သက်မဟုတ်ဘဲ တော်လှန်ရေးကာလ ပြည်သူတွေ၊…
မောင်ဘဦး နိုဝင်ဘာ ၁၇၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် ပုလဲမြို့ပေါ်အပါအဝင် ကျေးရွာနှစ်ရွာကို မီးရှို့ကာ စစ်ကြောင်းထိုးနေသဖြင့် နောက်ထပ်ကျေးရွာ ၂၂ ရွာမှ ဒေသခံသောင်းချီ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသတွင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်နှင့် ၁၆ ရက်တို့တွင်…
ယမင်းဖူးပွင့်အောင်။ အောက်တိုဘာ ၆ ၊ ၂၀၂၄။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- NLD လက်ထက်တွင် မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်းခံခဲ့ရသည့် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက ယနေ့နေ့လည်ပိုင်းတွင် လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခဲ့သည်ဟု မိသားစုနှင့် နီး စပ်သူများထံက သိရသည်။ “မနေ့ညကတည်းကသတိလစ်နေတာ ခုညနေထိ သတိမလည်လာဘူးတဲ့။ ထောင်ကနေ လွတ်ငြိမ်းချမ်းသာ လာဖတ် သွားတယ် “…
ဘုန်းမောင် စက်တင်ဘာ ၉၊ ၂၀၂၄။ တရုတ်နိုင်ငံသည် ၎င်း၏နိုင်ငံတွင်း၌ကျင့်သုံးနေသော အာဏာရှင်စနစ်ကို ကမ္ဘာတဝန်းသို့တင်ပို့ဖြန့်ဖြူးနိုင် ရန် တက်တက်ကြွကြွဖြင့် ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့်လည်း နိုင်ငံတကာရှိ ဝေဖန်သူအများအပြား က တရုတ်၏အဆိုပါလုပ်ရပ်များအပေါ် ကာလရှည်ကြာကတည်းကပင် ဝေဖန်ခဲ့ကြပါသည်။ တရုတ်နိုင်ငံက ယင်းသို့ဆောင်ရွက်လျက်ရှိနေကြောင်း ထင်ရှားသိသာသောသက်သေ အထောက်အထား မှာ တရုတ်ကွန်မြူနစ်ပါတီ- CCP အင်စတီကျူရှင်းများ၏ကေဒါများသည်…
ခင်သရဖီဦး ဇူလိုင် ၂၉၊ ၂၀၂၄။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကံသာယာကျေးရွာတွင် စစ်ကောင်စီတပ် နခခ-၅ မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ခဲ့သောကြောင့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။ ပြီးခဲ့သည့်…