သံလွင်ခက် မေ ၁၁ ၊ ၂၀၂၃ ။ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ် နယ်စပ်ရှိ တောင်စလုံးကျေးရွာတွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း KNDF B11 မှတပ်ရင်းမှူး အန်းဂျေလို ကျဆုံးခဲ့သည်ဟု ယနေ့ညပိုင်းတွင် KNDF B11 တပ်ရင်းကသတင်းထုတ်ပြန်သည်။ တပ်ရင်းမှူး အန်းဂျေလိုသည် ပြီးခဲ့သည်ရက်ပိုင်း မေ ၈ရက်တွင် ဖြစ်ပွားခဲ့သည့်…
Browsing: ပြည်တွင်းသတင်း
သံလွင်ခက် မေ ၁၁၊ ၂၀၂၃။ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါအရှိန်ကြောင့် ရခိုင်ပြည်နယ်နှင့်ဧရာဝတီတိုင်းက ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်ဟု ကူညီသူများကပြောသည်။ ရခိုင့်တပ်တော် ULA/ AA ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံးHDCO က လည်း ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင်နိုင်ရန် သတိပေးထုတ်ပြန်ထားသည်။ ယနေ့နံနက်ပိုင်းမှ…
သံလွင်ခက် မေ ၁၁ ၊ ၂၀၂၃ ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF များအနေဖြင့် လက်နက်ခဲယမ်းနှင့်အတူ ဘက်ပြောင်းခိုလှုံလာလျှင် လက်နက်အမျိုးအစားအလိုက် ဆုကြေး နှစ်သိန်းကျပ်မှ ၇၅ သိန်းကျပ်အထိ ချီးမြှင့်သွားမည်ဟု စစ်ကောင်စီက မေလ ၉ရက် ရက်စွဲဖြင့် ကြေညာခဲ့သည်။ ထိုအခြေအနေနှင့်ပတ်သက်၍ ကာကွယ်ရေးတပ်ဖွဲ့နှင့်သော်လည်းကောင်း၊ ရဲဘော်အချင်းချင်းသော်လည်းကောင်းပြဿနာရှိလျှင် ဖောက်လွဲဖောက်ပြန်တတ်သည့်…
ယမင်းဖူးပွင့်အောင် မေ ၁၁၊ ၂၀၂၃။ ရန်ကုန်တိုင်းက မြို့နယ်တချို့တွင် အိမ်ထဲသို့ ဝင်ရောက် ဖောက်ထွင်း ခိုးယူမှုများလာသည်ဟု ဒေသခံများကပြောသည်။ ရာသီဥတု ပူပြင်းသည့်အတွက် ပြတင်းပေါက်ဖွင့်အိပ်နေမှုများကို အခွင့်ကောင်းယူကာ ပွင့်နေသည့်ပြတင်းပေါက်များမှတစ်ဆင့် ဝင်ရောက်ခိုးယူကြခြင်းဖြစ်သည်ဟု ဆိုသည်။ ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့ တွင် သင်္ဃန်းကျွန်းမြို့နယ်က ကပ်လျက်ရှိသော တိုက်နှစ်ခုကြား…
သံလွင်ခက် မေ ၁၀ ၊ ၂၀၂၃ ။ စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားရာနေရာများ ဖြစ်သည့် ခိုင်ကမ်းမြို့ရဲ စခန်းနှင့် ကလေးတက္ကသိုလ် မုခ်ဦးအနီးတို့မှ အနည်းဆုံး တစ်မိုင်ပတ်လည်အတွင်းရှိ မိဘပြည်သူများပြောင်းရွှေ့ပေးရန် CDF CDM Siyin ကသတိပေးပြီးနောက် ဒေသခံထောင်ချီ ရှောင်တိမ်းကြသည်ဟု သိရသည်။ CDF CDM Siyin နယ်မြေအတွင်းရှိ…
သံလွင်ခက် မေ ၆ ၊ ၂၀၂၃ ။ အမေရိကန်နိုင်ငံမှာ ကျင်းပနေတဲ့ MMA ပြိုင်ပွဲမှာ အောင်လအန်ဆန်က ပြိုင်ဘက် တရုတ်ဖိုက်တာ ဖန်ယောင်းကိုဒုတိယချီအတွင်းမှာပဲ အနိုင်ရရှိခဲ့ပါတယ်။ ONE Championship အဖွဲ့အစည်းက ကျင်းပတဲ့ One Night Fight 10 ပြိုင်ပွဲမှာ မွေထိုင်း၊ နပန်း၊…
သဇင် မေ ၅၊၂၀၂၃။ အောင်လအန်ဆန်း နှင့် တရုတ်ဖိုက်တာ Fan Rong တို့ ယှဉ်ပြိုင်ထိုးသတ်မည့် ONE Fight Night 10 ပြိုင်ပွဲကို အမေရိကန်နိုင်ငံတွင် ကျင်းပမည်ဟု ပြိုင်ပွဲကျင်းပရေးအဖွဲ့အစည်းများထံက သိရသည်။ မေလ ၅ ရက်နေ့ ညပိုင်းအချိန်တွင် ONE Fight Night…
သံလွင်ခက် မေ ၅ ၊ ၂၀၂၃ ။ ကေအဲန်ယူ တပ်မဟာ ၃ ဒေသခံ တစ်ဦးသည် အလုပ်မှ ပြန်လာချိန် စစ်ကောင်စီတပ်ကင်းလှည့်အဖွဲ့နှင့်ဆုံပြီး ပစ္စတိုဖြင့် အနီးကပ် ပစ်သတ်ခံခဲ့ရကာ ပိုက်ဆံ လွယ်အိတ်နှင့် ဖုန်းတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များယူဆောင်သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကရင်အမျိုးသားအစည်းအရုံး…
ယမင်းဖူးပွင့်အောင် မေ ၄၊ ၂၀၂၃။ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောင်းထိုးဝင်ရောက်ကာဒေသခံနေအိမ်များကို မီးရှို့ခဲ့သည်ဟု ဒေသခံများထံက သိရသည်။ စဉ့်ကူးမြို့နယ် ကြက်တူရွေးကျေးရွာရှိ ပျူစောထီး ခေါင်းဆောင်တစ်ဦး၏ နေအိမ်မီးရှို့ခံခဲ့ရသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဆိုပါ ကျေးရွာကို ယနေ့နံနက် ငါးနာရီခန့်တွင် ဝင်ရောက်၍ မီးရှို့ခဲ့ခြင်းဖြစ်သည်ဟုကင်းထောက် မြေပြင်သတင်း၏ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။…
သဇင် မေ ၄၊၂၀၂၃။ ကရင်ပြည်နယ် ၊မြဝတီမြို့ စစ်ကောင်စီ ထိန်းချုပ်ရာ မြဝတီကုန်သွယ်ရေးဇုန်အတွင်း ဂိတ် ၄ ခုဖွင့်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆက်ကြေးကောက်ခံမှုများ လုပ်ဆောင် နေသည်ဟု နယ်စပ်ကုန်သည်များက ပြောသည်။ ပြီးခဲ့သည့် မတ်လ ၂၅ရက်နေ့တွင် မြဝတီကုန်သွယ်ရေးဇုန်တွင် တိုက်ပွဲဖြစ်ပွားမှုအပြီးတွင် ယခုလို ငွေကြေးကောက်ခံမှုများ တိုးမြှင့်လုပ်ဆောင်လာခြင်းဖြစ်သည်ဟု မြဝတီမြို့နေ…