သံလွင်ခက် မေ ၄ ၊ ၂၀၂၃ ။ မြန်မာငွေ ၈ ဒဿမ ၈၈၂ ဘီလီယံ (ကျပ်သိန်းပေါင်း ၉၀၀၀၀ နီးပါး) တန်ဖိုးရှိ မြန်မာငွေနှင့် တရုတ်ငွေများအားဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုနှင့် လူသတ်မှု ကျူးလွန်ခဲ့သူ မြန်မာနိုင်ငံဖွား တရုတ်လူမျိုး လေးဦးကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့် (MNDAA) က…
Browsing: ပြည်တွင်းသတင်း
ကောင်းချစ်အောင် မေ ၃ ၊ ၂၀၂၃ ။ အကျဉ်းထောင်အသီးသီးတွင် သေဒဏ်ချမှတ်ခြင်းခံထားရသည့် အကျဉ်းသား/သူ (၃၈) ဦးကို သေဒဏ်ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုပြီး ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲကျခံစေလိုက်ကြောင်း စစ်ကောင်စီက ယနေ့တွင်ထုတ်ပြန်သည်။ အဆိုပါထုတ်ပြန်ချက်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် အကျဉ်းထောင်အသီးသီးတွင်သေဒဏ်ချမှတ်ခြင်းခံထားရသော အကျဉ်းသား/သူ(၃၈)…
သံလွင်ခက်။ မေ ၃၊ ၂၀၂၃။ ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် ၅၀၅ (က) ဥပဒေဖြင့် ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားအချို့ကို ယနေ့ မေလ ၃ ရက်နေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ ထိုသို့ ထုတ်ပြန်ပြီးနောက် အင်းစိန်ထောင်တွင် အကျဉ်းချခံထားရသည့် သတင်းသမားများထဲမှ သုံးဦး ပြန်လည်လွတ်မြောက်လာသည်ဟု ၎င်းတို့နှင့်…
သံလွင်ခက် မေ ၃၊ ၂၀၂၃ ။ ကရင်အမျိုးသားအစည်းအရုံး KNU၏ ၁၇ ကြိမ်မြောက် ကွန်ဂရက်အစည်းအဝေးမှ ထိပ်ပိုင်းခေါင်းဆောင်၅ နေရာအား ယနေ့တွင်အပြီးသတ်ရွေးချယ်တင်မြှောက်နိုင်ခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့် ဧပြီ ၂၄ ရက်တွင်စတင်ကျင်းပခဲ့သော KNU ၁၇ ကြိမ်မြောက်ကွန်ဂရက်တွင် ယမန်နေ့၌ ဥက္ကဋ္ဌနေရာအားရွေးချယ်နိုင်ခဲ့ပြီး ယနေ့တွင် ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးချုပ်၊…
ကောင်းချစ်အောင် မေ ၃၊ ၂၀၂၃။ တရုတ််နိုင်ငံခြားရေး၀န်ကြီး မစ္စတာချင်ကန်း Qin Gang မြန်မာနိုင်ငံသို့လာရောက်ခြင်းသည် တရုတ်နိုင်ငံအနေဖြင့်နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်ကြောင်း ပြသနေခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးကပြောကြောင်း စစ်ကောင်စီ၏မြန်မာ့အလင်း သတင်းစာ၌ဖော်ပြထားသည်။ ယမန်နေ့က နေပြည်တော်သို့ ရောက်ရှိလာခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် ထိုနေ့ ညနေပိုင်းတွင်အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည်။ တရုတ်နိုင်ငံခြားရေးခရီးစဥ်နှင့်ပတ်သက်၍ စစ်ကောင်စီဘက်ကဖော်ပြထားရာတွင် နှစ်နိုင်ငံသံတမာန်ဆက်ဆံရေးတိုးမြှင့်မှု၊…
ယမင်းဖူးပွင့်အောင် မေ ၃၊ ၂၀၂၃။ စစ်ကိုင်းတိုင်းရှိ မြို့နယ်အချို့တွင် အချိန်အခါမဟုတ်မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရာသီဥတုအခြေအနေကြောင့်စစ်ဘေးရှောင်ပြည်သူများ အခက်အခဲကြုံနေရသည်ဟု ဒေသခံများထံက သိရသည်။ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရန် အခက်အခဲရှိပြီး ရာသီဥတုအကူးအပြောင်းကြောင့်လည်းကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်နေသည်ဟု စစ်ဘေးရှောင်ကူညီသူများက ပြောသည်။ ဆားလင်းကြီးမြို့နယ်တွင်…
Saw Smith မေ ၂ ၊ ၂၀၂၃ ။ အွန်လိုင်းမဲစနစ်မှားယွင်းမှုရှိသည်ဟူသော သတင်းစကားများကြောင့် ယာယီရပ်နားထားခဲ့သည့် ၁၇ ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU) ကွန်ဂရက်ကို ယမန်နေ့က ပြန်လည် ကျင်းပနေခဲ့ရာ ယနေ့တွင် ဥက္ကဋ္ဌသစ်ကို ရွေးချယ်တင်မြောက်နိုင်ခဲ့သည်ဟု သိရသည်။ အဆိုပါ ပြန်လည် ကျင်းပနေသည့် နှစ်ရက်အတွင်း၌…
သဇင် မေ ၂ ၊ ၂၀၂၃ ။ ပဲခူးတိုင်း၊ ဝေါမြို့နယ်အတွင်း၌ အမျိုးသမီးနှင့် ကလေးများအပါအဝင် ပြည်သူ၄၀ ဦးခန့်ကို စစ်ကောင်စီတပ်များက ယခုရက်ပိုင်းအတွင်း၌ ဆက်တိုက်ဖမ်းဆီးနေသည်ဟု ဒေသခံများထံမှ သိရသည်။ ယမန့်နေ့ ညဦးပိုင်းတွင် ဝေါမြို့နယ်(ချောင်းကျိုး လေးအိမ်စု)ကျေးရွာရှိ လူငယ် (၆)ဦးအား စစ်ကောင်စီတပ်သားနှင့်နယ်မြေခံ ရဲများကအကြောင်းပြချက် တစ်စုံတစ်ရာပေးခြင်းမရှိဘဲ…
သံလွင်ခက် မေ ၁၊ ၂၀၂၃။ တစ်နေ့ အလုပ်ချိန် ၈ နာရီ သတ်မှတ်ပေးရေးအပါအဝင် ခေါင်းပုံဖြတ်ခံနေရသည့် အလုပ်သမားများ၏ အခွင့်အရေးများ ရရှိရေးအတွက် အလုပ်သမားများကိုယ်တိုင် အသက်ပေးဆပ် တောင်းဆိုခဲ့ရာမှ ပေါ်ပေါက်လာခဲ့သောကမ္ဘာ့အလုပ်သမားနေ့ (မေဒေးနေ့) သည် ယနေ့ ၂၀၂၃ ခုနှစ် မေလ ၁ ရက်တွင် ၁၃၃…
ကောင်းချစ်အောင် ဧပြီ ၂၉၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှု သတင်းပေးသူ တရားခံလေးဦးကိုဖမ်းဆီးရမိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ကြေညာထားသည်။ စစ်ကောင်စီက ပဇီကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်နိုင်ရန် သတင်းပေးပို့ခဲ့သည့် တရားခံများဖြစ်သည့် သိန်းရွှေ ၅၃နှစ် (ဘ)ဦးပဲ ၊ ဦးချို ၆၁နှစ် (ဘ)ဦးတင်၊ ဇော်မင်း ၃၆နှစ်…