သဇင် မေ ၁၆၊၂၀၂၃။ စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေး မီးဘေးနှင့် သဘာဝဘေးသင့် ပြည်သူများအတွက် Solar Power Station-SPS ကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့မှ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ Solar Power Stationကို ပြီးခဲ့သည့် ဧပြီလအစပိုင်းက စတင်ထုတ်လုပ်ခဲ့ရာ…
Browsing: ပြည်တွင်းသတင်း
သံလွင်ခက် မေ ၁၆ ၊ ၂၀၂၃ ။ မိုခါဆိုင်ကလုန်းမုန်တိုင်း မဝင်ရောက်မီရက်ပိုင်းအတွင်း၌ စစ်ကောင်စီတပ်စစ်ကြောင်း၏ မီးရှို့ဖျက်ဆီးခြင်းကိုခံလိုက်ရသည့် ခင်ဦးဒေသခံ ၂၀၀၀ ကျော်တို့သည် မုန်တိုင်းကာလပြီးသည်အထိ နေရပ်မပြန်နိုင်သေးဘဲ နေစရာနှင့် စားစရာများအရေးပေါ်လိုအပ်နေသည်ဟု ကူညီပေးနေသူများထံမှ သိရသည်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ဧရာဝတီမြစ်အနောက်ဘက် ရှိ ကျေးရွာများ ဖြစ်သော…
သံလွင်ခက်။ မေ ၁၆ ၊ ၂၀၂၃။ မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ရိုဟင်ဂျာဒုက္ခသည်စခန်းများမှ လူ ၄၀၀ ကျော် သေဆုံးခဲ့သည်ဟု ဒေသခံအချို့ထံမှ သိရပြီး လတ်တလောတွင် ရုပ်အလောင်း ၄၀ ကျော် တွေ့ထားသည်ဟု AFP သတင်းဌာနတွင် ဖော်ပြထားသည်။ မုန်တိုင်းဒဏ်ကြောင့်…
ကောင်းချစ်အောင် မေ ၁၇ ၊ ၂၀၂၃ ။ မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်းရွာများမှ မီးဘေးသင့်ပြည်သူများ ယာယီစစ်ဘေးရှောင်နေသည့်နေရာရှိ တဲအိမ်များ မိုခါမုန်တိုင်းဒဏ်ကြောင့် ရာချီ ပျက်စီးခဲ့သည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကူညီပေးနေရသည်ဟု သိရသည်။ အဆိုပါယာယီစစ်ဘေးရှောင်နေသည့်နေရာတွင် မီးဘေးသင့် ပြည်သူ ၅၀၀ဦးခန့်တိမ်းရှောင်နေကြပြီး တဲအိမ်၁၀၀ခန့် ချောင်းရေတက်လာမှုကြောင့်ပျက်စီးသွားခဲ့သည်။ တဲအိမ်များအပျက်အစီးရှင်းလင်းရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများကို ကာကွယ်ရေးရဲဘော်များက…
သံလွင်ခက်။ မေ ၁၅၊ ၂၀၂၃။ အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါအရှိန်ကြောင့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ ခရိုင်၊ ဆောမြို့နယ်ကျောက်ထုတိုက်နယ်အတွင်းက စပါးလယ်ဧက ၁၀၀၀ ခန့်နီးပါး ရေမြှုပ်ပျက်စီးခဲ့သည်ဟု ဒေသခံများကပြောသည်။ ပြီးခဲ့သည့် မေ ၁၃ ရက်နှင့် ၁၄ ရက်များတွင် ၄၈ နာရီ ၂ ရက်…
သံလွင်ခက် မေ ၁၅၊ ၂၀၂၃။ စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူစစ် PNO တပ်များ ပူးပေါင်း၍ စစ်ကြောင်းထိုးနေမှုကြောင့် ၃ လနီးပါးအကြာတိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည့် ရှမ်း-ကယားနယ်စပ်တွင် မိုးရွာသွန်းနေသောကြောင့် ရှေ့တန်းရဲဘော်များမိုးကာအင်္ကျီ အရေးပေါ် လိုအပ်နေသည်ဟု သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့တွင် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၄ ရက်ကတည်းက…
သံလွင်ခက် မေ ၁၅၊ ၂၀၂၃။ မိုခါ ဆိုင်ကလုန်းမုန်တိုင်းရိုက်ခတ်မှုကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း၌ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ပြီးပလက်ဝ CDF တပ်ရင်း ၂ ဌာနချုပ်လည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ယမန်နေ့ညပိုင်း မိုးရွာသွန်းပြီး လေတိုက်ခတ်မှုများကြောင့် CDF တပ်ရင်း ၂ ဌာနချုပ်အဆောင်များ ထက်ဝက်ကျော် ပျက်စီးမှုရှိခဲ့သည်ဟု…
သံလွင်ခက် မေ ၁၄၊ ၂၀၂၃။ မိုခါမုန်တိုင်းအရှိန်ကြောင့် ချင်းပြည်နယ်မြို့နယ်တချို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများရှိကာ ယနေ့နံနက်ပိုင်း၌ ဖုန်းလိုင်းများ ပြတ်တောက်နေသည်ဟု ဒေသခံများထံမှ သိရသည်။ လက်ရှိမုန်တိုင်းဝင်ရောက်နေရာ ရခိုင်ပြည်နယ်နှင့်အနီးဆုံး ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ယမန်နေ့ ညနေပိုင်းမှစ၍ ကမ်းရိုးတမ်းဖုန်းများပင် ဆက်သွယ်၍ မရတော့ဟု ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်ထံမှ သိရသည်။…
သံလွင်ခက် မေ ၁၄၊ ၂၀၂၃။ မုန်တိုင်းအရှိန်ကြောင့် နှစ်ရက်ဆက် မိုးရွာသွန်းလျက်ရှိနေသည့် စစ်ကိုင်းတိုင်၊ ကနီမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း ထိုးနေသောကြောင့် ဒေသခံ တစ်သောင်းကျော် မိုးရေထဲ ထွက်ပြေးရှောင်တိမ်းနေကြရသည်ဟု ဒေသခံများထံမှ သိရသည်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဘန့်ဘွေးပျူစခန်းမှ မေလ ၁၂ ရက်နံနက်ပိုင်းတွင် စစ်ကြောင်း နှစ်ကြောင်းခွဲ၍ အင်အား…
ယမင်းဖူးပွင့်အောင် မေ ၁၄ ၊ ၂၀၂၃။ အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂၀၂၃ ခုနှစ် မေလ ၂ ရက်နေ့က နေပြည်တော်ရှိ ခြောက်လုံးတန်းနေအိမ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့သည်ဟု တရုတ်မီဒီယာများက ဖော်ပြသည်။ အသက် ၉၀ ခန့်ရှိပြီဖြစ်သည့် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဆယ်နှစ်ကျော်ကာလအတွင်း နိုင်ငံရေးလောကနှင့်…