သံလွင်ခက် အောက်တိုဘာလ ၂၄၊ ၂၀၂၄။ မွန်လူမျိုးများအတွက် အကျိုးဆောင်ခဲ့သော ထိုင်းနိုင်ငံဖွား မွန်အမျိုးသားရေးဆောင်ရွက်သူ နိုင်ဘန်ကဒီး (ခေါ်) နိုင်တန်ရွန်းသည် ယမန်နေ့ အောက်တိုဘာ ၂၄ ရက်တွင် ကွယ်လွန်ခဲ့သည်ဟု မွန်တော်လှန်ရေးအဖွဲ့အစည်းများထံမှ သိရသည်။ နိုင်ဘန်ကဒီး ကွယ်လွန်ချိန်၌ အသက် (၉၈) နှစ်ရှိပြီဖြစ်ပြီး ဘန်ကောက်မြို့၊ ထိုင်းဘုရင်မဆေးရုံတွင် ရောဂါကုသရင်း…
Browsing: နေ့စဉ်သတင်း
သံလွင်ခက် အောက်တိုဘာ ၂၄၊ ၂၀၂၄။ မန္တလေးတိုင်း၊ မိတ္ထီလာအကျဉ်းထောင်တွင် သောက်သုံးရေသန့်ရှင်းမှုမရှိသဖြင့် ထောင်တွင်းကပေးသည့် ရေနွေးကိုသာ အအေးခံ၍ သောက်သုံးနေကြရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ယနေ့တွင် ထုတ်ပြန်လိုက်သည်။ ထုတ်ပြန်ချက်တွင် အကျဉ်းထောင်အတွင်း ရေသန့်စက်တပ်ဆင်ထားသော်လည်း ၎င်းစက်မှာ မကြာခဏပျက်သည့်အပြင် ရေညှိများတက်နေသဖြင့် သောက်ရေသန့်သောက်သုံးချင်သူများမှာ အကျဉ်းထောင်မှ ၁,၅၀၀ ကျပ်ဖြင့်…
ယမင်းဖူးပွင့်အောင် အောက်တိုဘာ ၁၄၊ ၂၀၂၄။ အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့်ဖြစ်စဉ် ၆၅ ခုထက်မနည်းရှိခဲ့ပြီး အရပ်သား ၁,၃၀၇ ဦး ထက်မနည်း သေဆုံးခဲ့သည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု ISP-Myanmar က ယမန်နေ့တွင် ထုတ်ပြန်သည်။ အဆိုပါ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများထဲမှ ၉၂…
(စစ်ကြောင်းထိုးကာလ ဒေသခံ ၂၀ ကျော်သေဆုံးကာ ၁၀၀ ဖမ်းဆီးခံခဲ့ရ) မောင်ဘဦး အောက်တိုဘာ ၂၄၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲရှိ ကျေးရွာများသို့ နှစ်ပတ်ခန့် စစ်ကြောင်းထိုးပြီး လူသတ် မီးရှို့ခဲ့သည့် စစ်ကောင်စီ နမခ စစ်ကြောင်းသည် ယမန်နေ့ ညနေပိုင်းတွင် ဘုတလင်မြို့ထဲကို ပြန်လည်ဝင်ရောက်ခဲ့သည် ဟု ဒေသခံများထံမှ…
သံလွင်ခက် အောက်တိုဘာ ၂၃၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ဟံလင်းတိုက်နယ် သခွတ္တောကျေးရွာတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးကိုသေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဒုတပ်ခွဲမှူးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့မွန်းလွဲပိုင်းက ထုတ်ပြန်ခဲ့သည်။ တရားခံ ပြည့်ထွန်းနိုင် (ခ) လင်းစေသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်တပ်ရင်း…
ခင်သရဖီဦး အောက်တိုဘာ ၂၃၊ ၂၀၂၄။ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် လုံးကျေးရွာကို ပြီးခဲ့သည့် အောက်တိုဘာလ (၂၁) ရက်တွင် စစ်ကောင်စီ၏အနောက်ပိုင်းတိုင်းစစ်ဌာချုပ်မှ တပ်သားများဝင်ရောက်မီးရှို့ခဲ့သဖြင့် နေအိမ်အများအပြားဆုံးရှုံးခဲ့ရသည်ဟု အမ်းဒေသခံများထံမှ သိရသည်။ အင်းအား ၁၀၀ ခန့်ရှိသည့် နပခစစ်ကြောင်းသည် ကျေးရွာအတွင်းသို့ ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်ကာ ရွာထဲရှိ အိမ်စောင့်တချို့ကိုလည်း ဖမ်းဆီးခဲ့သည်ဟု အမည်မဖော်လို့သည့်…
သံလွင်ခက် အောက်တိုဘာ ၂၂၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြိုနှင့် နမ့်ဆန့်မြို့နယ်ကို စစ်ကောင်စီလေတပ်က တိုက်ခိုက်ရေးလေယာဥ်ဖြင့် ဗုံးကြဲခဲ့သဖြင့် ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရှိခဲ့ပြီး နေအိမ်အချို့နှင့် ဘုန်းတော်ကြီးကျောင်း ထိခိုက်ပျက်စီးခဲ့သည်ဟု TNLA က ထုတ်ပြန်သည်။ ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းတွင် နောင်ချိုမြို့၊ သပြေနှင့် ပါဟတ်ရပ်ကွက်ကို စစ်ကောင်စီလေတပ်က…
သံလွင်ခက် အောက်တိုဘာလ ၂၂၊၂၀၂၄။ ပဲခူးတိုင်း၊ ဝေါမြို့နယ် ၊ရှမ်းကိုင်းကျေးရွာ ရေတံခါးဂိတ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ဦးဆောင်ပြီး ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းတစ်ခုလုံးသိမ်းပိုက်နိုင်ခဲ့သည်ဟု ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံက သံလွင်ခက်ကို ပြောသည်။ ယနေ့ အောက်တိုဘာလ ၂၂ ရက် မနက်အစောပိုင်း ၄ နာရီခန့်တွင် စစ်ကောင်စီနှင့်ပျူအင်အား ၁၅ ဦးခန့်ရှိသည့်…
သံလွင်ခက် အောက်တိုဘာ ၂၁၊ ၂၀၂၄။ မြန်မာ- ရုရှားနှစ်နိုင်ငံ ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းပြုလုပ်ရန်နှင့် ချစ်ကြည်ရေးခရီးလည် ပတ်ရန်ဟုဆိုကာ ရုရှားစစ်သင်္ဘော ၄ စင်းသည် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ယမန်နေ့က ရောက်ရှိခဲ့သည်ဟု စစ်ကောင်စီ၊ သတင်းစာမြန်မာ့အလင်းက ဖော်ပြထားသည်။ ရုရှားနိုင်ငံ၏ပစိဖိတ်ရေတပ်သင်္ဘောအုပ်စုမှ ရေတပ်အရာရှိ Antsiferov Alexey Vitalievich ဦးဆောင်သော စစ်ရေယာဉ်…
နန်းဆုပန်ခန့် အောက်တိုဘာလ ၂၁၊ ၂၀၂၄။ ကရင်ပြည်နယ်၊ ကော့ကရိတ်-သင်္ဃန်းညီနောင် အာရှလမ်းမတစ်နေရာတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ပူးပေါင်းတပ်နှင့် အောင်ဇေယျစစ်ဆင်ရေးမှ စစ်ကောင်စီတပ်သားများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများထံမှ 84mm Carl Gustaf M2 နောက်ပွင့်ရိုင်ဖယ်တစ်လက် အပါအဝင် လက်နက်ခဲယမ်းများရရှိခဲ့သည်ဟု မြေပြင်ရဲဘော်များထံမှ သိရသည်။ ယမန်နေ့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွင် တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ…