သံလွင်ခက် အောက်တိုလာ ၃၀၊ ၂၀၂၄။ ပဲခူးတိုင်း အနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ် သင်္ခရိုင်ကျေးရွာရှိ ပရဟိတကျောင်းအတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ယမန်နေ့ အောက်တိုဘာ ၂၉ ရက် မနက် ၉ နာရီခန့်တွင် အင်အား၇၀ ခန့်ရှိသည့်…
Browsing: နေ့စဉ်သတင်း
သံလွင်ခက် အောက်တိုဘာ ၃၀၊ ၂၀၂၄။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်ကို စစ်ကောင်စီက ယနေ့နံနက်အစောပိုင်းတွင် လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့သဖြင့် လူသေဆုံးမှုရှိပြီး စစ်ကောင်စီသည် ၎င်းတို့၏တပ်ဖွဲ့ဝင်ဟောင်းများကို ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည်ဟု မန်း-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်လိုက်သည်။ ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်မှ စတင်၍ ပထမအကြိမ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကာ အဆိုပါနေ့တွင်…
သံလွင်ခက် အောက်တိုဘာ ၃၀ ၊ ၂၀၂၄။ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် ကွင်းချောင်းဝကျေးရွာ၌ အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၉ လအရွယ်ကလေးငယ်တစ်ဦး ဗုံးစထိမှန်သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။ ယမန်နေ့ အောက်တိုဘာ ၂၉ ရက် ညနေ ၃ နာရီဝန်းကျင်တွင် ကျောက်တံခါးမြို့နယ်၊ ဇရပ်ခင်ကျေးရွာအုပ်စုရွာသာယာကျေးရွာသို့…
သံလွင်ခက် အောက်တိုဘာ ၃၀၊ ၂၀၂၄။ ကရင်နယ်ခြားစောင့်တပ် (BGF) တည်ထောင်သူ ဗိုလ်မှူးကြီးစောချစ်သူအပါအဝင် ထိပ်သီးခေါင်းဆောင်နှစ်ဦးကို ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်သည်ဟု ဥရောပသမဂ္ဂက ယမန့်နေ့က ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်တွင် ဗိုလ်မှူးကြီးစောချစ်သူ၊ အမှတ် (၄) တပ်နယ်မှူး ဒုဗိုလ်မှူးကြီးစောမုတ်သုန်နှင့် အမှတ်(၂) တပ်နယ်မှူး ဗိုလ်မှူးစောတင်ဝင်းတို့သည် အွန်လိုင်းငွေလိမ်(ကျားဖြန့်) လုပ်ငန်းများနှင့် ဆက်စပ်နေသောကြောင့် အရေးယူလိုက်ခြင်းဖြစ်သည်။…
ခင်သရဖီဦး အောက်တိုဘာ ၃၀၊ ၂၀၂၄။ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးဒုက္ခသည်စခန်း (၁၃) ခုမှ လူဦးရေ ၈၀,၀၀၀ ခန့်မှာ ဆေးဝါးနှင့် အခြေခံစားသောက်ကုန်များ အရေးပေါ်လိုအပ်နေသည်ဟု ပုဏ္ဏားကျွန်းမြို့နယ်ရှိ လူမှုကူညီရေးအသင်းများထံမှ သိရသည်။ ပုဏ္ဏားကျွန်းရှိ စစ်ဘေးဒုက္ခသည်စခန်းများတွင် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ စစ်တွေနှင့် ပေါက်တောမြို့နယ်များမှ စစ်ဘေးဒုက္ခသည်များနှင့် တခြားမြို့နယ်များမှ…
သံလွင်ခက် အောက်တိုဘာ ၃၀၊ ၂၀၂၄။ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စဂျူလီဘိရှော့ပ် (Ms. Julie Bishop)သည် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်သို့ သွားရောက်ခဲ့ပြီးအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်ဟု ရိုက်တာသတင်းဌာန၏ဖော်ပြချက်အရသိရသည်။ ဂျူလီဘိရှော့ပ်သည် အောက်တိုဘာ ၂၉ ရက်နေ့တွင် ကျင်းပသည့် ကုလအစည်းအဝေးတစ်ခုတွင် ထိုသို့ပြောကြားခဲ့သည်ဟု ဆိုသည်။ ဂျူလီဘိရှော့ပ်၏ မြန်မာပြည်ခရီးစဉ်အတွင်း…
မောင်ဘဦး အောက်တိုဘာ ၃၀၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းကို ဒုတိယအကြိမ် စစ်ကြောင်းထိုးနေသည့် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နမခ) စစ်ကြောင်းသည် ယမန် နေ့က နှောတောရွာခံ ၁၃ ဦးကို ဖမ်းဆီးခဲ့ပြီး ညနေပိုင်းတွင် အင်းတဲရွာရှိ နေအိမ်များကို မီးရှို့ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်တွင်…
သံလွင်ခက် အောက်တိုဘာ ၂၉၊ ၂၀၂၄။ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ကျန်းမာရေးမကောင်းသဖြင့် မန္တလေးဆေးရုံမှာ ဆေးကုသမှု ခံယူနေရသည်ဟု ၎င်းနှင့် နီးစပ်သူ ထံက သိရသည်။ အသက် ၇၄ နှစ်အရွယ် ဝန်ကြီး ဦးဝင်းခိုင်သည် မန္တလေး အိုးဘိုအကျဥ်းထောင်တွင် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်ပြီး…
သံလွင်ခက် အောက်တိုဘာ ၂၈၊၂၀၂၄။ ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်ခဲ့သော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်- BPLA သည် အညာဒေသတွင် အခြေချပြီး စစ်ဆင်ရေးဖော်ဆောင်နိုင်တော့မည်ဟု တပ်တော်၏ကွပ်ကဲရေးမှူး၊ မောင်ဆောင်းခမှ ၎င်း၏ ဖေ့စဘွတ်လူမှုကွန်ရက် စာမျက်နှာတွင် အသိပေးဖော်ပြခဲ့သည်။ ယမန်နေ့ အောက်တိုဘာ ၂၇ ရက် ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်၌ ညီနောင်မဟာမိတ်…
သံလွင်ခက် အောက်တိုဘာလ ၂၈ ၊၂၀၂၄။ ပဲခူးတိုင်း၊ ခရိုင် ၃ ခုအတွင်းရှိ စစ်ကောင်စီစစ်ကြောင်းနှင့် အထိုင်စခန်းများကို ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ဆင်ရေးဖော်ဆောင်ခဲ့ပြီး ၃ ရက်အတွင်း စစ်ကောင်စီတပ်သား ၁၇ ဦး သေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့သည်ဟု တောင်ပိုင်းစစ်ဒေသက ယနေ့တွင် ထုတ်ပြန်သည်။ တောင်ပိုင်းအမှတ် ၂ စစ်ဒေသခွဲနယ်မြေများဖြစ်သည့် ပဲခူးတိုင်း၊…