သံလွင်ခက် အောက်တိုဘာ ၂၁၊ ၂၀၂၄။ လားရှိုးမြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရမိသည့်စစ်သုံ့ပန်းမိသားစုဝင် ၃၁ ဦးကို မြန်မာအမျိုးသားဒီမိုက ရက်တစ်မဟာမိတ်တပ်မတော်- MNDAA က ပြန်လွှတ်ပေးခဲ့သည်ဟု The KoKang ယူကျု့ချန်နယ် တွင် ယမန်နေ့ကထုတ်ပြန်သည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၆ ရက်နေ့တွင် စစ်ကောင်စီစစ်သုံ့ပန်းမိသားစု ၃၁ ဦးကို နေရပ်ပြန်နိုင်ရေးအတွက်စည်းရုံးခဲ့ပြီး…
Browsing: နေ့စဉ်သတင်း
နန်းဆုပန်ခန့် အောက်တိုဘာ ၂၁၊ ၂၀၂၄။ ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ တောင်ငူလေတပ်သို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လေတပ်အတွင်းရှိ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး လေတပ် အရာရှိ ၂ ဦးနှင့် တပ်သား ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု Brave Warriors…
သံလွင်ခက်။ အောက်တိုဘာ ၂၀၊ ၂၀၂၄။ မန္တလေးမြို့ရှိ၊ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်သည့် လုပ်ရပ်အား ကန့်ကွက်ရှုတ်ချသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်သည်။ အဆိုပါလုပ်ရပ်ကြောင့် လူမျိုးရေးအမုန်းတရားပဋိပက္ခ ဖြစ်ပွါးမည်ကို NUG အနေဖြင့် အထူးပင်စိုးရိမ်ပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်ပွားစေမည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို…
သံလွင်ခက်။ အောက်တိုဘာ ၂၀ ၊ ၂၀၂၄။ စစ်ကောင်စီတပ်က ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့ကို လေကြောင်းဖြင့် ယမန်နေ့ အောက်တိုဘာ ၁၉ ရက်တွင် နှစ်ကြိမ်တိုက်ခိုက်ခဲ့သည့်အတွက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့သည်ဟု တအာင်းတပ်မတော် TNLA က ယမန်နေ့၌ ထုတ်ပြန်သည်။…
မောင်ဘဦး အောက်တိုဘာ ၂၀၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲသို့ မုံရွာမြို့အခြေစိုက် နမခတပ် စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၁၆ ရွာမှ ဒေသခံ တစ်သောင်းကျော်ထွက်ပြေးတိမ်းရှောင်နေကြရပြီး အကူအညီများလိုအပ်လျက်ရှိနေသည်ဟု စစ်ဘေးဒုက္ခသည်များ အရေးကူညီသူတချို့ထံမှ သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်မှစတင်ကာ အင်အား ၈၀ ခန့်ရှိသည့် အနောက်မြောက်ပိုင်းတိုင်း…
သံလွင်ခက် အောက်တိုဘာလ ၁၉၊ ၂၀၂၄။ တနင်္သာရီတိုင်း၊ ပုလောမြို့နယ် မြိတ်-ပုလောပြည်ထောင်စုလမ်းပိုင်းတွင် ဖြစ်ပွားနေသည့် ၅ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး (၃၀) ကျော်သေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) မြိတ်ခရိုင်အမှတ်(၁) တပ်ရင်းထံမှ သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ မှ ၁၈ ရက်အတွင်း မြိတ်-ပုလောပြည်ထောင်စုလမ်းပိုင်းရှိ…
ထွယ် အောက်တိုဘာ ၁၉၊ ၂၀၂၄။ စစ်ကောင်စီတပ်က ယနေ့နံနက် အစောပိုင်း ၁ နာရီကျော်ခန့်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် – KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ နှစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများ ထံက သိရသည်။ မိတ္ထီလာလေတပ်စခန်းမှ ထွက်ခွာလာသည့် ဂျက်လေယာဉ်သည် လိုင်ဇာမြို့အနီးရှိ လမိုင်ယန်ကျေးရွာနှင့်…
သံလွင်ခက် အောက်တိုဘာလ ၁၉၊၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် နှစ်ကြိမ်ဗုံးကြဲခဲ့သောကြောင့် ကလေး နှစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး၊ သုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ယနေ့တွင် ထုတ်ပြန်သည်။ ယနေ့ အောက်တိုဘာ ၁၉ ရက် နံနက်အစောပိုင်းတွင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ တောင်ရပ်ကွက်ရှိ…
မောင်ဘဦး အောက်တိုဘာ ၁၈ စစ်ကိုင်းတိုင်း၊ ဘုတလင်နယ်ထဲကို အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် အသက် ၅ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် ဒေသခံ ၁၄ ဦးကိုသတ်ဖြတ်ခဲ့ပြီး လူသားဒိုင်းအဖြစ် ၅၀ ခန့်ကို ဖမ်းဆီးထားသည်ဟု စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။ အဆိုပါ စစ်ကြောင်းသည် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ)…
မေသံလွင်။ အောက်တိုဘာ ၁၈ ၊ ၂၀၂၄။ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် ရှမ်းဒိုးတန်းကျေးရွာအုပ်ချုပ်ရေးမှူးဦးမြင့်အောင်ကို အမည်မသိလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့မှ ယနေ့နံနက် ၇ နာရီခွဲဝန်းကျင်တွင် ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ဒေသခံများထံက သိရသည်။ “ဒိုးတန်း အရှေ့ဘက် ကြံခင်းအသုဘနာရေးကိစ္စမှာ ထမင်းစားနေတုန်း ဝင်ပစ်သွားတာ။ ဖဒိုဒေသအုပ်စုထဲမှာတော့ အဆိုးဝါးဆုံးလို့ပြောလို့ရတယ်။ ရွာထဲမှာ မနက် ၆…