သံလွင်ခက် ဧပြီ ၂၂ ၊ ၂၀၂၃ ။ စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်၊တောင်တွင်းဒေသ၊မအူရွာ(ပျူရွာ)တွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ပျူစောထီးစခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ယနေ့တွင် MKPDF-2တပ်ရင်းက သတင်းထုတ်ပြန်သည်။ ကလေးခရိုင်၊အမှတ် ၁၁ တပ်ရင်း ၊မင်းကင်းသည် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်ပူးပေါင်း၍ တောင်တွင်းဒေသ၊မအူပျူရွာ၊ စခ/ပျူရှေ့တန်းစခန်းအား ဧပြီလ ၁၀ရက်တွင် သိမ်းပိုက်ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်၌ဖော်ပြထားသည်။ လက်ရှိအချိန်တွင် အမှတ်…
Browsing: နေ့စဉ်သတင်း
သံလွင်ခက်။ ဧပြီ ၂၁၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုအပါအဝင် အရပ်သားပြည်သူများအားထိခိုက်နစ်နာစေမည့် မည်သည့် အင်အားသုံး တိုက်ခိုက်မှုမျိုးကိုမဆို ကန့်ကွက်ရှုတ်ချသည်ဟု တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က…
သံလွင်ခက်။ ဧပြီ ၂၁၊ ၂၀၂၃။ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ်အဖွဲ့ဝင်များ၏ နေအိမ်များကို စစ်ကောင်စီက စက်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ သပိတ်အဖွဲ့ဝင်များ၏ နေအိမ်များကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းပြီးနောက် ဧပြီ ၁၉ ရက်နှင့် ၂၀ ရက်များတွင် ဖြိုချဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။…
သံလွင်ခက်။ ဧပြီ ၂၀ ၊ ၂၀၂၃။ ရှမ်းပြည်နယ်၊ တောင်ပိုင်းတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ကြား တိုက်ပွဲများ ထပ်မံ မဖြစ်ပွားစေရန် အဖွဲ့အစည်းအချင်းချင်းကြား တစ်ဦးနှင့် တစ်ဦး အသိမှတ်ပြု၊ တန်ဖိုးထားရန်လိုအပ်သည်ဟု PNLO တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။…
ကောင်းချစ်အောင် ဧပြီ ၂၀၊ ၂၀၂၃ ။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းကို လေကြောင်းမှတိုက်ခိုက်နေသည် စစ်ကောင်စီ Pilot(လေယာဥ်မောင်းသူ)များကို ရှင်းလင်းနိုင်လျှင်ဆုကြေးချီးမြှင့်သွားမည်ဖြစ်သည်ဟု မင်းတပ် CDFက ကြေညာလိုက်သည့်အပြင်တာဝန်ရှိသူကိုပါ စုံစမ်းဖော်ထုတ်ပေးထားသည်။ မင်းတပ်မြို့နယ်ကျေးရွာများကို ယခုနှစ် ဇန်နဝါရီလ ပထမအပတ်မှစ၍ ပြည်သူများအား ရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်လျက်ရှိပြီး ပြည်သူသေဆုံးမှုများနှင့် အိုးအိမ်ပျက်စီးမှုများ ရှိလာနေသောကြောင့် CDF…
ဧပြီ ၂၀ ၊ ၂၀၂၃ ။ ကရင်အမျိုးသားအစည်းအရုံး KNU အမှတ်၅ တပ်မဟာထံ စစ်ကောင်စီတပ်သား ၄ဦးလက်နက်ချအလင်းဝင်ရောက်လာခဲ့သည်ဟု KNU တပ်မဟာ၅ မူတြော်သတင်းက ယမန်နေ့တွင်ထုတ်ပြန်ထားသည်။ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် KNU တပ်မဟာ၅ နယ်မြေအတွင်းရှိ ရှေ့တန်းတပ်စခန်းတစ်ခုဖြစ်သည့် လယ်တိုးစခန်းမှ စစ်ကောင်စီတပ်သား ၄ဦးသည် ယခုလ ဧပြီ၁၀ရက်တွင်…
ယမင်းဖူးပွင့်အောင် ဧပြီ ၁၉၊ ၂၀၂၃။ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ တကောင်းတိုက်နယ်တွင် လေကြောင်းအန္တရာယ်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူများ ဝမ်းပျက်၊ ဝမ်းလျှောရောဂါခံစားနေရသည်ဟု ဒေသခံများကပြောသည်။ ရေရှားပါးသည့် နွေရာသီကာလတွင် သောက်သုံးရေမသန့်ရှင်းမှုကြောင့် စစ်ဘေးရှောင်ပြည်သူများ ဝမ်းရောဂါခံစားနေခြင်းဖြစ်သည်ဟု တကောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။ “နွေရာသီဆိုတော့ ရေရှားတယ်လေ။ ရှိတဲ့ရေလေးနဲ့ပဲ အဆင်ပြေအောင်သုံးရတာ။…
မေသံလွင်။ ဧပြီ ၁၉ ၊ ၂၀၂၃။ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဖဒိုမြို့အပါအဝင် အနီးတစ်ဝိုက် ကျေးရွာများမှ ဒေသခံ ၅၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးနှိပ်စက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဧပြီ ၁၄ ရက်မှ စတင်ကာ ဖဒိုမြို့အပါအဝင် အနီးတစ်ဝိုက် ကျေးရွာများဖြစ်သည့်မှန်ချောင်း၊…
သဇင် ဧပြီ ၁၈၊ ၂၀၂၃။ ကရင်ပြည်နယ်၊ မြဝတီမြို့အနီး တောစပ်မှ ဆင်များ မြဝတီမြို့ထဲသို့ ရောက်ရှိနေသည်ဟု ဒေသခံများကပြောသည်။ ယမန်နေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မြဝတီမြို့ ၊အမှတ် (၄) ရပ်ကွက် ၊အေးသာယာ (၆)လမ်းရပ်ရှိ လူနေအိမ်ခြံထဲသို့ အရွယ်ရောက်ပြီးသား ဆင်ကြီး နှစ်ကောင် ရောက်ရှိလာသည့်အတွက် ဒေသခံများခြောက်လှန့်မောင်းထုတ်ခဲ့ရသည်ဟု အသက်…
သံလွင်ခက်။ ဧပြီ ၁၇၊ ၂၀၂၃။ မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်နေ့အဖြစ် ယနေ့ ဧပြီလ ၁၇ ရက်နေ့တွင် အကျဉ်းသား ၃၀၀၀ ကျော်ကို ခံဝန်လက်မှတ်ထိုးပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည်ဟု ထုတ်ပြန်သည်။ အကျဉ်းသား ၃၀၀၀ ကျော်တွင် ၂၀၀ နီးပါးကို ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်က လွှတ်ပေးခဲ့သည်ဟု ဘီဘီစီသတင်းဌာနတွင် ဖော်ပြထားသည်။…