Browsing: နေ့စဉ်သတင်း

သံလွင်ခက် မေ ၁၉ ၊ ၂၀၂၃ ။ မိုခါမုန်တိုင်းကာလအတွင်း၌ လေကြောင်းတိုက်ခိုက်မှုခံရသည့် မင်းတပ်မြို့နယ်ကို စစ်ကောင်စီက မုန်တိုင်းကြောင့်ထိခိုက်ပျက်စီးသည့်မြို့နယ်များကို သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာခဲ့ရာတွင်လည်း ချန်လှပ်ထားခဲ့သည်ဟု သိရသည်။ ချင်းပြည်နယ်အတွင်း၌ မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သောမြို့နယ်များအနက် မတူပီ ၊ ပလက်ဝ ၊ ဟားခါးနှင့်တီးတိန်မြို့နယ်များကိုသာ  သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ် စစ်ကောင်စီက…

Read More

ကောင်းချစ်အောင် မေ ၁၉၊ ၂၀၂၃။ မုံရွာလူထုသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုဝေမိုးနိုင်ကို ယနေ့နံနက်ပိုင်းက ထောင်ဒဏ် နှစ်နှစ်ဆယ် ထပ်မံချမှတ်ခဲ့သည်ဟု နီးစပ်သူများထံမှ တဆင့်သိရသည်။ မုံရွာအကျဉ်းထောင်တွင်းတရားရုံးမှ ကိုဝေမိုးနိုင်ကို နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် ထောင်ဒဏ် နှစ်နှစ်ဆယ် ချမှတ်လိုက်သည်ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။ “မနေ့က လျှောက်လဲချက်တင်ပြီးတော့ တစ်ပတ်နှစ်ပတ်လောက်ကြာမှ…

Read More

နန်းဆုပန်ခန့် မေလ ၁၉၊ ၂၀၂၃။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ် နယ်မြေအတွင်းရှိ ကျေးရွာဒေသခံများကိုလူသားဒိုင်းအဖြစ်ဖမ်းဆီး၍ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။ ခလယ်လွီထူခရိုင် တပ်မဟာ ၃၊ မုန်းမြို့နယ်တွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာအတွင်းရှိ အရပ်သားပြည်သူ ၂ ဦးအား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်ဟု…

Read More

သံလွင်ခက် မေ ၁၉ ၊ ၂၀၂၃ ။ ချင်းပြည်နယ်၊ မင်းတပ်မြို့တွင်းကို စစ်ကောင်စီ၏ ခလရ ၂၇၄ တပ်ရင်းက လက်နက်ကြီးများဖြင့်ပစ်ခတ်သောကြောင့် စစ်ဘေးရှောင်သက်ကြီးပိုင်းတစ်ဦးနှင့် ကလေးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ စစ်ကောင်စီ၏ မင်းတပ်နယ်မြေခံတပ်ရင်းဖြစ်သည့် ခလရ ၂၇၄ တပ်ရင်းက မေလ ၁၇ ရက် ညသန်းခေါင်းယံအချိန်တွင်…

Read More

သံလွင်ခက်။ မေ ၁၈ ၊ ၂၀၂၃။ လက်ရှိနိုင်ငံရေး အကြပ်အတည်းကို ကျော်လွှားနိုင်ရန်  ပါဝင်သင့် ၊ ပါဝင်ထိုက်သူများ အားလုံးပါဝင်သည့်နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပေါ်လာရေး ဆွေးနွေးခဲ့သည်ဟု NCA အပစ်ရပ်လက်မှတ်ထိုး တိုင်းရင်းသားမဟာမိတ်အဖွဲ့၏ ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ PPST ကထုတ်ပြန်သည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (NCA-S EAO) (၇) ဖွဲ့ ထိပ်သီးမျက်နှာစုံညီအစည်းအဝေးကို…

Read More

ကောင်းချစ်အောင် မေ ၁၈၊ ၂၀၂၃။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်ကောင်စီသည်  စစ်လက်နက်နှင့် ကုန်ကြမ်းပစ္စည်းများ ဝယ်ယူရေးအတွက် အမေရိကန်ဒေါ်လာ တစ်ဘီလီယံခန့် (ကျပ်ဘီလီယံ ၃၀၀၀ နီးပါး) သုံးစွဲခဲ့သည်ဟု  “The Billion Dollar Death Trade”အမည်ရ အစီရင်ခံစာအရသိရသည်။ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို…

Read More

သံလွင်ခက် မေ ၁၈၊ ၂၀၂၃။ ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်း တိုက်ခတ်ခံရပြီးနောက် မုန်တိုင်းဒဏ် နောက်ဆက်တွဲ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် NUG နှင့် ညီနောင်မဟာမိတ် တော်လှန်ရေးအဖွဲ့များက ကျပ်သိန်း ၅၀၀၀လှူဒါန်းထားသည်။ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ်က ကျပ်သိန်း သုံးထောင်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ထံမှ ကျပ်သိန်းတစ်ထောင်…

Read More

ယမင်းဖူးပွင့်အောင် မေ ၁၈၊ ၂၀၂၃။ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် ယမန်နေ့က စစ်ကောင်စီစစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခြင်းခံခဲ့ရသည်ဟုဒေသခံများထံက သိရသည်။ တနင်္သာရီမြို့နယ် ၊ဘန်းလမွတ်ကျေးရွာနှင့် ညောင်ပင်ကုန်းကျေးရွာကြားတွင် စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကိုယမန်နေ့ နံနက် ၈ နာရီခန့်တွင် တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းခွဲတိုက်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ အဆိုပါ မိုင်းခွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးခန့်သေဆုံးပြီး…

Read More

ကောင်းချစ်အောင် မေ ၁၈၊ ၂၀၂၃။ ဝက်လက်အခြေစိုက် Local PDF တပ်ဖွဲ့ဝင်နှစ်ဦး ထောင်ဒဏ်၁၀နှစ်ချမှတ်ခံရမှုအတွက် အယူခံတင်နိုင်ရန်တရားသူကြီးထံ အမှုတွဲတောင်းဆိုခဲ့ရာ တရားသူကြီး၏ မချေမငံပြောဆိုမှုနှင့်ကြုံခဲ့ရသည်ဟုအမှုတွင် လိုက်ပါဆောင်ရွက်ပေးနေသည့် GZအဖွဲ့ကိုယ်စားလှယ်ကိုနေမင်းခန့်က သံလွင်ခက်ကိုပြောသည်။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဆားတောင်ကြီးကျေးရွာ ပ.က.ဖ ခေါင်းဆောင် မောင်စန်းအား သတ်ရန်ကြံစည်ပစ်ခတ်မှုဖြင့် GZ Special Task…

Read More

ယမင်းဖူးပွင့်အောင် မေ ၁၇၊ ၂၀၂၃။ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကာလ အလွန်တွင် ပြည်သူများအနေဖြင့် မပေါက်ကွဲသေးသည့် မိုင်းများကို တွေ့ရှိပါက  သက်ဆိုင်ရာအဖွဲ့အစည်းကို အကြောင်းကြားရန်နှင့် မြေမြှုပ်မိုင်းအန္တရာယ်ကို သတိပြုရန် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဒေသခံများကို အသိပေးပြောဆိုထားသည်။ မုန်တိုင်းအတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲနိုင်သော လက်နက်ခဲယမ်းတို့သည် မိုးကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းတို့ကြောင့် နေရာရွေ့လျားနိုင်ပြီး ချို့ယွင်းမှုဖြစ်ပေါ်နိုင်သောကြောင့်…

Read More