သံလွင်ခက် မေ ၁၇၊ ၂၀၂၃။ ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်း တိုက်ခတ်ခံရပြီးနောက် သောက်သုံးရေ ပြတ်လပ်မှုများ ကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်း ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာတွင် တစ်ခုတည်းရှိသည့် ရေသန့်စက်ရုံ ပြိုသွားသဖြင့် ယင်းဒေသတဝိုက် နေထိုင်သူများသည် နှုံးရေများ သောက်နေရသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက သံလွင်ခက်ကို…
Browsing: နေ့စဉ်သတင်း
နန်းဆုပန်ခန့် မေ ၁၇ ၊ ၂၀၂၃ ။ စစ်ကောင်စီတပ်စစ်ကြောင်းများက ကေအဲန်ယူတပ်မဟာ၃နယ်မြေရှိ ကျေးရွာများအတွင်းကိုဆက်တိုက်စစ်ကြောင်းထိုးနေသဖြင့် မုန်တိုင်းကြောင့် မိုးရွာသွန်းမှုနှင့်လမ်များပျက်စီးမှုများရှိနေသည့် အခြေအနေများကြားတွင် ဒေသခံနှစ်သောင်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးနေကြရသည်ဟု ကူညီနေသူများထံမှ သိရသည်။ ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူတပ်မဟာ၃နယ်မြေ၊ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်အတွင်းရှိကျေးရွာများကို စစ်ကောင်စီတပ် စစ်ကြောင်းများက ယခုရက်ပိုင်းအတွင်းဆက်တိုက်စစ်ကြောင်းထိုးနေသည်။ “…
ယမင်းဖူးပွင့်အောင် မေ ၁၅၊ ၂၀၂၃။ မိုခါမုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် တိန်ညိုစစ်ရှောင်စခန်းကစစ်ဘေးရှောင်များ လတ်တလော နေထိုင်စားသောက်ရေး အရေးပေါ် အကူအညီ လိုအပ်နေသည်ဟု ကူညီသူများက ပြောသည်။ အဆိုပါ စစ်ရှောင်စခန်းက နေအိမ်များ အားလုံးပျက်စီးသွားပြီး လူဦးရေ ၂၈၆၂ ဦးရှိကာ လက်ရှိအချိန်အထိ ကူညီမည့် အလှူရှင်၊…
သဇင် မေ ၁၅ ၊ ၂၀၂၃ ။ မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းနေချိန်၌ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသဖြင့် မိုးရေထဲနာရီပေါင်းများစွာ ထွက်ပြေးရှောင်တိမ်းခဲ့ရသဖြင့် ခင်ဦးစစ်ရှောင်အဖွားတစ်ဦး အမောဖောက်လှဲကျခဲ့သည်ဟု သိရသည်။ ယမန်နေ့ (မေလ ၁၄)ရက် နံနက်၆နာရီခန့်တွင် မိုးသည်းထန်စွာရွာသွန်းနေချိန် ခင်ဦးမြို့နယ် အနောက်ခြမ်းကျေးရွာများသို့ အင်းပတ်ကွေ့ဈေးတန်းတွင် အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီတပ်…
ယမင်းဖူးပွင့်အောင် မေ ၁၅၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် လေပြင်းမုန်တိုင်းတိုက်ခတ်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ပြည်သူများ တိမ်းရှောင်နေကြရပြီး ယခုအချိန်အထိ နေရပ်ပြန်နိုင်ခြင်းမရှိသေးဟု ဒေသခံများက ပြောသည်။ ကနီဒေသတွင် မိုခါမုန်တိုင်းအရှိန်ကြောင့် လေပြင်းမုန်တိုင်းတိုက်ခတ်ကာ မိုးသည်းထန်စွာ ရွာသွန်းနေသည်မှာ ၂ရက်ခန့်ရှိပြီဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ ယမန်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကနီမြို့အောက်ဘက်…
မိုခါမုန်တိုင်းဒဏ်ခံ ဒေသများအတွက် NUG က ထောက်ပံ့မည့် အမေရိကန်ဒေါ်လာတစ်သန်း (ကျပ်သိန်းသုံးသောင်းဝန်းကျင်) ဖြင့် ကူညီထောက်ပံ့မှုများ စတင်ပြုလုပ်နေပြီဟု သိရသည်။ မေလ ၁၄ နှင့် ၁၅ ရက်တို့တွင် ဆိုင်ကလုန်းမုန်တိုင်း ဒဏ်သင့်ခဲ့သော ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား ရိုဟင်ဂျာဒုက္ခသည်များစခန်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း…
ကောင်းချစ်အောင် မေ ၁၆၊ ၂၀၂၃။ မြင်းခြံမြို့နယ်၊ နယ်ခြားကျေးရွာရှိ စစ်ကောင်စီအထိုင်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ရန်ကြိုးစားခဲ့သော်လည်း မိုးရေကြောင့် လက်လုပ်သေနတ်အများစု ပစ်မရတော့သောကြောင့် ပြန်လည်ဆုတ်ခွာလာခဲ့ရသည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။ နယ်ခြားကျေးရွာတွင် စစ်ကောင်စီနှင့် ပျူစောထီး ခန့်မှန်းအင်အား ၂၀ ဝန်းကျင်ခန့် တပ်စွဲနေခြင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့များက မေလ၁၃ရက်၊ နံနက် ၃နာရီခန့်က စတင်ချဉ်းကပ်တိုက်ခိုက်ခဲ့သည်ဟု…
သံလွင်ခက် မေ ၁၆၊ ၂၀၂၃။ မိုခါ မုန်တိုင်းကြောင့် ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ထိန်းချုပ်နယ်မြေတွင် တည်ရှိသည့် စစ်ရှောင်စခန်းနှစ်ခုက နေအိမ်များ ပျက်စီးသွားသည်ဟု စစ်ရှောင်တာဝန်ခံများက ပြောသည်။ မေလ ၁၄ ရက်နေ့ညက တိုက်သည့် မိုခါကြောင့် မဂါ့ယန် (Maga yang) စစ်ရှောင်စခန်းက နေအိမ် ၁၈…
သဇင် မေ ၁၆၊၂၀၂၃။ စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေး မီးဘေးနှင့် သဘာဝဘေးသင့် ပြည်သူများအတွက် Solar Power Station-SPS ကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့မှ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ Solar Power Stationကို ပြီးခဲ့သည့် ဧပြီလအစပိုင်းက စတင်ထုတ်လုပ်ခဲ့ရာ…
သံလွင်ခက် မေ ၁၆ ၊ ၂၀၂၃ ။ မိုခါဆိုင်ကလုန်းမုန်တိုင်း မဝင်ရောက်မီရက်ပိုင်းအတွင်း၌ စစ်ကောင်စီတပ်စစ်ကြောင်း၏ မီးရှို့ဖျက်ဆီးခြင်းကိုခံလိုက်ရသည့် ခင်ဦးဒေသခံ ၂၀၀၀ ကျော်တို့သည် မုန်တိုင်းကာလပြီးသည်အထိ နေရပ်မပြန်နိုင်သေးဘဲ နေစရာနှင့် စားစရာများအရေးပေါ်လိုအပ်နေသည်ဟု ကူညီပေးနေသူများထံမှ သိရသည်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ဧရာဝတီမြစ်အနောက်ဘက် ရှိ ကျေးရွာများ ဖြစ်သော…