သံလွင်ခက် မေ ၂၄ ၊ ၂၀၂၃ ။ ကေအဲန်ယူတပ်မဟာ၅ ထိန်းချုပ်နယ်မြေအတွင်း လာရောက်လှုပ်ရှားစခန်းချပြီး ဆက်ကြေးတောင်းနေသည့် BGF တပ်စခန်းအား KNLA တပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု တပ်မဟာ ၅ မူတြော်သတင်းက ယနေ့တွင်ထုတ်ပြန်ထားသည်။ ကရင်ပြည်နယ်၊ မူတြော်ခရိုင်(ဖာပွန်ခရိုင်) ကေအဲန်ယူတပ်မဟာ၅ ထိန်းချုပ်နယ်မြေ ကတဲတိနှင့်ထီးကဆောမဲကြားတွင်စခန်းချဆက်ကြေးတောင်းယူနေသည့် BGFစခန်းအား KNLA-အမှတ်(၅)တပ်မဟာလက်အောက်ရှိတပ်ရင်း(၁၀၂)နှင့်တပ်ခွဲများစုပေါင်း၍…
Browsing: နေ့စဉ်သတင်း
နန်းဆုပန်ခန့် မေ ၂၄ ၊ ၂၀၂၃ ။ ပဒူရွာရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ထိခိုက်ကျဆုံးမှုများသဖြင့် စစ်ကောင်စီက ပဒူကျေးရွာကို လေကြောင်းမှ သုံးကြိမ်တိုင် ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သော်လည်း ပြည်သူများထိခိုက်မှုမရှိခဲ့ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ပဒူကျေးရွာကို မေလ ၂၂ ရက်၊…
သံလွင်ခက်။ မေ ၂၃၊ ၂၀၂၃။ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၂နယ်မြေ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ၊ သံတောင်မြို့၁၃ မိုင် လူနေရပ်ကွက်များအတွင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟုဒေသခံများထံက သိရသည်။ ယမန်နေ့ မေလ ၂၂ ရက် ညပိုင်းမှစ၍ မေလ ၂၃…
သဇင် မေ ၂၃၊၂၀၂၃။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ၊ တောင်မင်းကုလားစစ်ရှောင်စခန်းတွင် မိုခါမုန်တိုင်းကြောင့် စစ်ရှောင်စခန်းများပျက်စီးသွားပြီးနောက် အကူညီများမရောက်ရှိသဖြင့် စစ်ဘေးရှောင်ပြည်သူများ အခက်ခဲများရှိနေသည်ဟုကူညီသူများထံက သိရသည်။ မေလ ၁၄ရက်နေ့တွင် ဝင်ရောက်ခဲ့သည့် အင်အားပြင်းမိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိနေရာအများပြားပျက်စီးခဲ့ပြီး တောင်မင်းကုလားစစ်ရှောင်စခန်းရှိ နေအိမ်များလည်း ပျက်စီးခဲ့ကာ အကူညီများရောက်လာခြင်းမရှိဟု တောင်မင်းကုလားစစ်ရှောင်စခန်းရှိ အမျိုးသမီးတစ်ဦးက သံလွင်ခက်ကိုပြောသည်။ “ဒီက…
ကောင်းချစ်အောင် မေ ၂၃၊ ၂၀၂၃။ မန္တလေးတိုင်း မြင်းခြံမြို့ရှိ မြင်းခြံဗဟိုအကျဉ်းထောင်တွင် ဖုန်းတစ်လုံးတွေ့ရှိသည်ဟူသော အကြောင်းပြချက်ဖြင့်နိုင်ငံရေးအကျဉ်းသားများကို ခေါ်ထုတ်ရိုက်နှက်စစ်ဆေးမှုများ လုပ်ဆောင်နေပြီး အကျဉ်းသားတစ်ဦးသေဆုံးခဲ့ရသည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။ မေလ ၂၁ရက် ညပိုင်းကစ၍ ခေါ်ထုတ်စစ်ဆေးနေရာလက်ရှိအချိန်တွင် ခေါ်ထုတ်စစ်ဆေးခြင်းခံရသည့် နိုင်ငံရေးအကျဉ်းသားစုစုပေါင်း ၉ဦး ထိရှိလာပြီဖြစ်သည်။ ရိုက်နှက်စစ်ဆေးခံရသူများအနက် ကိုဥက္ကာသေဆုံးသွားသည်ဟူသော ကနဦးသတင်းများထွက်လာမှုကြောင့်…
သံလွင်ခက် မေ ၂၃ ၊ ၂၀၂၃ ။ ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့် ချင်းပြည်နယ်တွင် မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် အခြေအနေများကို စာရင်းကောက်ယူနိုင်ရန် ခက်ခဲနေကာ မုန်တိုင်းအပြီး ၉ရက်မြောက်နေ့ ယနေ့တွင်ပျက်စီးမှုစာရင်း ၁၅၀၀ ကျော်ထိထပ်တိုးရရှိခဲ့သည်ဟု ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ -INTERIM CHIN NATIONAL CONSULTATIVE COUNCIL…
သံလွင်ခက်။ မေ ၂၃ ၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်းက တိုက်ပွဲဖြစ်ပွားရာနေရာကို စစ်ကောင်စီတပ်က လေယာဉ် ၂ စီးဖြင့်ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာနေရာကို လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနောက် ယနေ့ မေလ ၂၃ ရက် နံနက်၁၁ နာရီ ၂၀…
နန်းဆုပန်ခန့် မေလ ၂၃ ၊ ၂၀၂၃။ ပြီးခဲ့သည့် စပါးရိတ်သိမ်းချိန်တွင် တိုက်ပွဲများကြောင့် ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးခဲ့ရသည့် ကေအဲန်ယူတပ်မဟာ၃ ဒေသခံများသည် လာမည့်မိုးရာသီစပါးပြန်စိုက်ရန်အတွက်လည်း ထွန်ယက်မှုများမပြုလုပ်နိုင်သေးဘဲ စစ်ကြောင်းများထိုးနေမှုကြောင့် မကြာခဏထွက်ပြေးတိမ်းရှောင်နေကြရသည်။ ကေအဲန်ယူတပ်မဟာ ၃ ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင် ခရိုင်အတွင်းရှိ မုန်းမြိုနယ်နှင့် ကျောက်ကြီးမြို့နယ်အတွင်းရှိကျေးရွာ ၇၀ ရာခိုင်နှုန်းသည် စစ်ကောင်စီစစ်ကြောင်းထိုးလိုက်၊…
ကောင်းချစ်အောင် မေ ၂၂၊ ၂၀၂၃။ မန္တလေးမြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်သည့် Royal Phoneix Guerrilla Force-RPGF အဖွဲ့ဝင်ရှစ်ဦးနှင့်ငွေကြေးထောက်ပံ့သူငါးဦးကို တရုတ်ကြိုးဆွဲ လက်ပစ်ဗုံးငါးလုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု စစ်ကောင်စီသတင်းပြန်ကြားရေးအဖွဲ့က ယမန်နေ့က ထုတ်ပြန်ထားသည်။ ပြီးခဲ့သော ဧပြီလ ၆ရက်တွင် RPGF ဒုခေါင်းဆောင်ဖြစ်သူ ကိုချမ်းမြေ့ဦး(ခ)ဘရိတ်ကီ(ခ) ကောက်ကြီးကို ချမ်းမြသာစည်မြို့နယ်ရှိ တည်းခိုးခန်းတစ်ခုတွင် ဖမ်းဆီးခဲ့ပြီး…
ကောင်းချစ်အောင် မေ ၂၂၊ ၂၀၂၃။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာနှင့် ကျောက်တံတားကျေးရွာကြား မန္တလေး-မတ္တရာ ကားလမ်းပေါ်တွင် စစ်ကောင်စီယာဉ်တန်းအား ယမန်နေ့နံနက်၁၀နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု မြို့ပြပြောက်ကျားအဖွဲ့များထံမှ သိရသည်။ မန္တလေးမြို့ဘက်မှ မတ္တရာမြို့ဘက်သို့ မောင်းနှင်လာသည့် အဆိုပါယာဉ်တန်းတွင် ကိုးစီးပါဝင်ပြီး ရှေ့ထွက်မိုင်းသုံးလုံးဖြင့် စနစ်တကျဖောက်ခွဲခဲ့သည်ဟု မြနန္ဒာစစ်ဆင်ရေး(မန္တလေး) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။…