ထိုင်း – ကရင်နယ်စပ်၊ ဥကရစ်ထတိုက်ပွဲအတွင်း ၁၂၀ မမ လက်နက်ကြီးကျည် ဝေါ်လေရွာသို့ ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။ ယမန်နေ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရရှိသည့် ဒေသခံ သုံးဦးအနက် တစ်ဦးမှာ သေဆုံးသွားရသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ ၎င်းက “မနေ့က ထိတဲ့…
Browsing: တိုက်ပွဲသတင်း
ပလောင်ပြည်နယ်တပ်ဦး ( PSLF/TNLA) သိမ်းပိုက်ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည်။ ယမန်နေ့ ည ၁၀ နာရီကျော်အချိန်တွင် စစ်ကောင်စီမှ သီပေါမြို့၊ ပြည်သူ့ဆေးရုံကြီးနှင့် စိုက်ပျိုးရေးရုံးတို့ကို ပေါင် ၂၅၀ ဗုံး နှစ်လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက သံလွင်ခက်ကို…
မန္တလေးမြို့တောင်ဘက်ရှိ မြို့သာမှတဆင့် မြင်းခြံသို့ ခဲယမ်းနှင့် ရိက္ခာပို့ဆောင်ရန်လာသော စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့စဉ် စစ်ကြောင်းမှူးအပါအဝင် ၃၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု မြင်းခြံခရိုင် တပ်ရင်း (၇) – Zero ပြောက်ကျားတပ်ဖွဲ့က သံလွင်ခက်ကို ပြောသည်။ အဆိုပါ စစ်ကြောင်းသည် မြင်းခြံမြို့နယ်ရှိ စမိတ်ခုံ၊ ငါန်းမြာကြီးနှင့် ဆုံရွာကျေးရွာများရှိ ပျူစောထီးခေါ်…
ထိုင်း – ကရင်နယ်စပ် ဥကရစ်ထဒေသတိုက်ပွဲတွင် ဒေသခံ သုံးဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယနေ့ နံနက် ၁၀ နာရီကျော်အတွင်း ဒဏ်ရာရရှိခြင်းဖြစ်သည်ဟု ကူညီကယ်ဆယ်ရေးလုပ်သူ တစ်ဦးက ဆိုသည်။ ၎င်းက “မနေ့က ကလေးတစ်ယောက် ထိတာတော့ မစိုးရိမ်ရဘူး။ဒီနေ့က သုံးယောက် ထိတယ်။ တစ်ယောက်ကတော့ ရင်ဘတ်ထိတယ်။…
ဥကရစ်ထ တိုက်ပွဲကြောင့် ထိုင်းဘက်တိမ်းရှောင်လာသည့် ဒေသခံများတွင် ဒဏ်ရာရသူများ ပါဝင် သံလွင်ခက် ဇူလိုင် ၄၊ ၂၀၂၅။ မြဝတီတောင်ပိုင်း ဝေါလေဗျူဟာအနီးတဝိုက် တိုက်ပွဲပြင်းထန်နေသောကြောင့် ဒေသခံများ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်လာကြရသည်ဟု ဒေသခံများထံမှ သိရသည်။ ထိုင်းမြန်မာနယ်စပ် ဝေါလေမြိုင်နဲ့ ဥက္ကရစ်ထကို ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နှင့်…
စစ်ကောင်စီ တိုက်လေယာဉ်တစ်စင်း ဇူလိုင် ၁ ရက် ညပိုင်းကတည်းက ပျောက်ဆုံးနေတယ်လို့ စစ်ကောင်စီက ဒီနေ့မှာ သတင်းထုတ်ပြန် အတည်ပြုခဲ့ပါတယ်။ လေ့ကျင့်ရေးပျံသန်းနေစဉ် ရေဒါမှ ပျောက်ကွယ်ပြီး နေပြည်တော်၏ အရှေ့တောင်ဘက် ၁၃၀ ကီလိုမီတာခန့်အကွာမှာ ဆက်သွယ်မှု ပြတ်တောက်သွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် လေယာဉ်အမျိုးအစားကိုတော့ ထုတ်ပြန်ပြောဆိုထားခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း စစ်ကောင်စီရဲ့…
စစ်ကောင်စီမှ ပြန်လည်ရရှိရန် ထိုးစစ်ဆင်နေသည့် နောင်ချိုမြို့နယ်က သုံးဆယ်ကျေးရွာအား လေကြောင်းမှ ဗုံး ၁၁ လုံးအထိ ကြဲချခဲ့ခြင်းကြောင့် ဒေသခံ သုံး ဦး သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။ သုံးဆယ်ကျေးရွာသို့ လေကြောင်းမှ ဇူလိုင်လ ၁ ရက် နေ့လည်…
သစ်သစ် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဝေါ်လေဒေသတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာ သုံးရွာမှ စစ်ဘေးရှောင်နေသည့်ဒေသခံများ အခြေခံ စားနပ်ရိက္ခာနှင့် ခြင်ဆေးများ လိုအပ်နေသည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။ စစ်ရှောင်ကူညီသူအမျိုးသမီး တစ်ဦးက “အဓိက အခြေခံစားနပ်ရိက္ခာ လိုအပ်တာပေါ့။ ခြင်လိမ်ဆေးတွေလည်း လိုတယ်။ မိုးရာသီလည်းဖြစ်တော့ ငှက်ဖျားဖြစ်မှာစိုးရိမ်ရတယ်” ဟု ပြောသည်။ ထို့အပြင်…
သူရဇော် တနင်္သာရီမြို့ပေါ်နှင့် ၎င်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများသို့ စစ်မှုထမ်းတပ်သားအင်အားဖြည့်တင်းမှုများရှိသလို ရိက္ခာ၊ ဆေးဝါးများလည်းဖြည့်တင်းနေသည်ဟု ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ တနင်္သာရီမြို့နယ်အတွင်းရှိ ညောင်ပင်ကွင်းအခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၅၆၁၊ ဇဝဲကျေးရွာအနီးရှိ ခမရ ၅၅၆၊ အောက်ကင်းရွာရှိ ခမရ ၅၅၇၊ ကမ်းပလိုင်းရွာရှိ ခမရ ၅၅၈တပ်ရင်းနှင့် ရေဖြူကျေးရွာရှိ ဗျူဟာကုန်းတို့ကို စစ်ကောင်စီက…
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ထိုင်း – ကရင်နယ်စပ် သောင်ရင်းမြစ်ဘေးရှိ လော့ခေါ်စစ်ရှောင်နှင့် ဒေသခံရွာသားအချို့ တိုက်ပွဲများနီးကပ်လာသည့်အခြေအနေကြောင့် ကြိုတင်နေရာရွှေ့ပြောင်းနေရပြီးဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။ မြဝတီမြို့တောင်ဘက် နယ်စပ်စည်းမျဉ်းပေါ်တွင် ကျန်ရှိနေသည့် ဥကရစ်ထနှင့် ဝေါ်လေဗျူဟာကုန်းစခန်းကိုပူးပေါင်းတပ်ဖွဲ့ဘက်မှ တိုက်ခိုက်လျှင် နီးစပ်မှုအခြေအနေကြောင့် ဒေသခံတချို့ ဘေးလွတ်ရာကို နေရာရွှေ့ထားခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ ၎င်းက…