တအာင်းတပ် – TNLA ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင်စီမှ ပြန်လည်ထိန်းချုပ်လိုက်သည်ဟု မြေပြင်အခြေအနေ သိရှိသူများမှ သံလွင်ခက်ကို ပြောသည်။ စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ယမန်နေ့ ဇူလိုင် ၁၅ ရက်တွင် နောင်ချိုမြို့၏ သုံးပုံ တစ်ပုံအား သိမ်းပိုက်ရရှိထားပြီဟု ဓာတ်ပုံများနှင့်တကွ ရေးသားထားသလို ယနေ့…
Browsing: တိုက်ပွဲသတင်း
ခင်သရဖီဦး စစ်မူမထမ်းမနေရ ဥပဒေဖြင့် အတင်းအဓမ္မစစ်သားစုဆောင်းခံရသည့် စစ်မှုထမ်းများအနေဖြင့် ရှေ့တန်းစစ်မျက်နှာ၌ အခြေအနေရလျှင် ရသကဲ့သို့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ ဘက်ပြောင်းခိုလှုံလာနေကြသည်ဟု သိရသည်။ ထို့အပြင် ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ် အမ်း-ပဒါန်း စစ်မြေပြင်မှ အလင်းဝင်သူ ၃၀ ခန့်အထိရှိလာသည်ဟုလည်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်တွင်လည်း အလင်းဝင်ရောက်လာသူ…
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ မိုင်းငေ့ါမြို့ကို စစ်ကောင်စီက ယနေ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ယနေ့ ဇူလိုင် ၁၅ ရက် နေ့လယ် ၁၂:၅၀ နာရီအချိန်ခန့်တွင် မိုင်းငေါ့မြို့နှင့် နှစ်မိုင်သာ ကွာသည့် ပန်ပင့်တံတားကို ဗုံးကြဲချတိုက်ခိုက်သွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။ ၎င်းက “မိုင်းငေါ့မြို့အဝင်နားက…
ခင်သရဖီဦး ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် အာရက္ခတပ်တော် AA က မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေစဉ်အတွင်း စစ်ကောင်စီ ကားကင်းစခန်းငယ်တချို့ကို သိမ်းပိုက်လိုက်ပြီးနောက် လက်ရှိတွင် အမှတ် (၃၂) ရဲတပ်ရင်းအထိ ထိုးစစ်ရောက်ရှိလာကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ ကျောက်ဖြူ- ရန်ကုန်ကားလမ်းဘေးရှိ ပြိုင်းစေ့ကေကျေးရွာ၊ ဒိုးတန်းတောင် အမှတ် (၃၂) ရဲတပ်ရင်းအား ယမန့်နေ့…
ထိုင်း – ကရင်နယ်စပ်၊ ဝေါ်လေဒေသရှိ သက်ရှိစည်းရိုးအမည်ဖြင့် စစ်တပ်ဘက်မှ ရုပ်ရှင်ရိုက်ကူးခဲ့သည့် ဥကရစ်ထစခန်းကို ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်ဟု မြေပြင်ရဲဘော်များထံမှသိရသည်။ ဥကရစ်ထစခန်းကို ပူးပေါင်းတပ်ဘက်မှ ယနေ့ ဇူလိုင်လ ၁၂ ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟုမြေပြင်နှင့်နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ၎င်းက “စခန်းရသွားပြီ။ ဒီနေ့လယ်ပိုင်းမှာပဲ ရသွားတာ” ဟု…
အချဉ်ပေါင်းရောင်းသည့် အသက် ၄၀ အရွယ်အမျိုးသား တစ်ဦး လုံးခင်းဒေသ မှော်စီစာကျေးရွာ၊ ပန်းလှိုင် Mini Market ရှေ့၌ ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်တွင် သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ယခုလ ဇူလိုင် ၂ ရက်တွင်လည်း ဖားကန့်မြို့၊ ဝင်းထွန်းသံဖြူဆိုင်ရှေ့…
တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် ကျုံဒိုး – ကော့ကရိတ် အာရှလမ်းပိုင်းအား ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီ ကြိုးပမ်းနေသည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။ ကျုံဒိုးမြို့ အခြေစိုက် အမှတ် (၅၄၅) ခြေမြန်တပ်ရင်း၊ အမှတ် (၅၄၆) ခြေမြန်တပ်ရင်းအပြင် ကော့ကရိတ်နှင့် ဂျိုင်းတံတားဘက်မှလည်း အရပ်သားများ နေထိုင်ရာ နေရာများသို့ လက်နက်ကြီးပစ်ခတ်မှုရှိသည်ဟု မြေပြင်သတင်းရင်းမြစ်…
ရုရှားသည် ဒရုန်း ၇၀၀ ကျော် အသုံးပြု၍ ညတွင်းချင်း ယူကရိန်းကို ပစ်ခတ်ခဲ့ကြောင်း ယူကရိန်းတာဝန်ရှိသူများက ပြောသည်။ အဆိုပါတိုက်ခိုက်မှုသည် သုံးနှစ်ကြာ စစ်ပွဲအတွင်း ရုရှားက လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများကို အရှိန်မြှင့်တင်နေချိန်တွင် နှစ်ပတ်အတွင်း ညစဉ် တိုက်ခိုက်မှုများထဲမှ တတိယအကြိမ်မြောက် အများဆုံးဖြစ်သည်ဟု သိရသည်။ ရုရှားသည် မကြာသေးမီက ယူကရိန်း၏…
ကေအဲန်ယူ တပ်မဟာ(၃) နယ်မြေ လယ်ဒိုမြို့နယ်တွင်းသို့ စစ်ကောင်စီက ဒရုန်းဖြင့် ဗုံကြဲတိုက်ခိုက်မှုကြောင့် ကလေးနှစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ခြောက်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟု ကေအဲန်ယူက သတင်းထုတ်ပြန်သည်။ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ လယ်ဒို (ကျောက်ကြီး) မြို့ နယ်၊ တောကြောင်ပေါက်ရွာရှိ စစ်ရှောင်များ ခိုလှုံနေသည့် စာသင်ကျောင်းကို ဇူလိုင်လ ၅…
ခင်သရဖီဦး မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း_ပဒါန်ကားလမ်းပေါ်ရှိ စစ်ကောင်စီ၏ နတ်ရေကန် လေကြောင်းကာကွယ်ရေးစခန်းအား အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်နေသောကြောင့် စစ်ကောင်စီဘက်မှ အင်အားများ ဖြည့်တင်းနေသည်။ လက်ရှိတွင် စခန်းမကျရေးအတွင် အင်အား၈၀၀ နီးပါးအထိ ဖြည့်ပြီး ခုခံကာကွယ်တိုက်ခိုက်နေသည်ဟု အာရက္ခတပ်တော် နှင့် နီးစပ်သူများထံမှ သိရသည်။ နတ်ရေကန်ကာကွယ်ရေးစခန်းကို ပြီးခဲ့သည့် မေလ…