သူရဇော် မုံရွာမြို့အနောက်ဘက်ခြမ်း၊ ပုလဲမြို့နယ်တွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကြား တိုက်ပွဲ ပြင်းထန်နေသည်မှာ ငါးရက်ခန့် ကြာပြီဖြစ်ကာ စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူများနှင့် အင်အားဖြည့်တင်းလျက်ရှိသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန့်ဒေါင့်ရွာ၌ စစ်ကောင်စီတပ်စွဲထားသော စခန်းကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက ဇွန်လ ၂ ရက်မှ စတင်တိုက်ခဲ့သည်။ အဆိုပါ…
Browsing: တိုက်ပွဲသတင်း
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံခင်းကျေးရွာအုပ်စု ခွန်ဆာကုန်း ဘုန်းကြီးကျောင်းအနီး၌ ဇွန်လ ၆ ရက် ညပိုင်း ၉ နာရီ ၁၀ မိနစ်ခန့်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းကြောင့် လူနေအိမ်မီးလောင်ခဲ့ပြီး ဒေသခံများ ပိတ်မိနေကာ ထိခိုက်မှုရှိနိုင်သည်ဟု လုံးခင်းဒေသခံများထံမှ သိရသည်။ လက်ရှိတွင် ဖားကန့်မြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတို့ကြား…
အမီးလေး မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကျက်ရိုးပင်ကျေးရွာ ဘုန်းကြီးကျောင်းအား စစ်ကောင်စီက လေကြောင်းမှ ဇွန်လ ၅ ရက် ညနေ ငါးနာရီခန့်တွင် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဘုန်းကြီးတစ်ပါးပျံလွန်တော်မူပြီး ဒေသခံ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင် တာဝန်ခံက ပြောသည်။ “မနေ့က ငါးနာရီလောက်မှာ ဂျက်ဖိုက်တာက ဘုန်းကြီးကျောင်းကို…
ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဗျူဟာကုန်းမှ တပ်မမှူးကို လာရောက်ခေါ်ဆောင်သည့် စစ်ရဟတ်ယာဉ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA မှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖားကန့်ဒေသခံများထံမှ သိရသည်။ “လေယာဉ်လာတာကို ဗျူဟာပတ်ချာလည်မှာ ရှိတဲ့ KIA အဖွဲ့အစည်းတွေက လေယာဉ်ကို ပစ်တာ။ လေယာဉ်နဲ့ လာတာကို အောက်က လေယာဉ်ကို ပစ်လို့ လေယာဉ်က ပြန်ပစ်သွားတာ”…
စစ်ကောင်စီက မေလအတွင်း၌ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသော ၁၃ နေရာထက်မနည်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု TNLA က ယနေ့သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းရှိ TNLA ထိန်းချုပ်ထားသော ရေဖြူရွာ၊ ကျောက်ကြမ်းရွာ၊ ရွှေမုဌောရွာ၊ ကုလားရွာ၊ တရက်ချိုရွာ၊ အုမ္မတီး၊ အုမ္မခါးကျေးရွာ၊ မတ်မန်းတောရွာ၊ နောင်လိတ်ရွာ၊ နောင်ချိုကြီးရွာနှင့်…
ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီတောင်ပိုင်းရှိ သေ့ဘောဘိုး မဆုတ်တမ်းခံစစ်စခန်းသိမ်းတိုက်ပွဲ ဝင်ပြီး ပြန်လာသော ကရင်ပူးပေါင်းတပ်ဖွဲ့ ရဲဘော်များကို ဒေသခံများမှ ယနေ့ ကြိုဆိုခဲ့ကြသည်ဟု သံလွင်ခက် မြေပြင်သတင်းအဖွဲ့မှ ပေးပို့သည်။ ဗိုလ်တာဘောဦးဆောင်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA), KNDO နှင့် PDF တော်လှန်ရေးပူးပေါင်းစစ်ကြောင်းများကို တပ်မဟာ ၆ နယ်မြေ တစ်နေရာတွင် သပြေပန်း၊…
ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီမြို့နယ်ထဲက သေ့သောဘိုး စစ်ကောင်စီစခန်းအား ကရင်အမျိုးသားလွှတ်မြောက်ရေးတပ်မတော် KNLA၊ PDF ဗျူဟာ ၃၂ တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် အတူ Cobra Column 2 Venom ပူးပေါင်းစစ်ကြောင်းများမှ ဇွန်လ ၃ ရက် ညနေ သုံးနာရီတွင် သိမ်းပိုက်နိုင်ခဲ့သည်။ ယင်းစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမ ပြောင်းသုံးပြောင်းအပါအဝင်…
ကရင်အမျိုးသားအစည်းအရုံး – KNU၊ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ၊ ထိုင်း – ကရင်နယ်စပ်ရှိ တပ်မ ၄၄ အခြေစိုက် သေ့ဘောဘိုးဗျူဟာကုန်းကို ပူးပေါင်းတပ်ဖွဲ့များ ယနေ့ သိမ်းပိုက်နိုင်ခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။ မေလ ၂၀ ရက် ညမှစ၍ ပူးပေါင်းတပ်များက သေ့ဘောဘိုးစခန်းကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့…
ယနေ့ နံနက်ပိုင်းမှ စတင်၍ KNLA တပ်များက မောင်းသူမဲ့ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက် ထိုးစစ်ဆင်မှုများနှင့်အတူ ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့နယ် သေ့ဘောဘိုးရွာအနီး တိုက်ပွဲပြင်းထန်နေပြီး လက်ရှိ စစ်ကောင်စီဘက်မှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။ ထို့ပြင် စစ်ကောင်စီတပ်ဘက်မှ ၎င်းတို့ အခြေစိုက်စခန်းကို ကာကွယ်ရန် အမြှောက်ကြီး ၁၆ ချက် ပစ်ခတ်ခဲ့သည်ဟုလည်း…
ထိုင်း – ကရင်နယ်စပ်၊ သေ့ဘောဘိုးဗျူဟာစခန်းကို ပူးပေါင်းတပ်ဖွဲ့များ တဖန်ပြန်လည်တိုက်ခိုက်ခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။ ယမန်နေ့ညက ဒရုန်းဖြင့် တိုက်ခိုက်ခြင်းအပြင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု မြေပြင် သတင်းရင်းမြစ်တစ်ဦးကဆိုသည်။ ၎င်းက “ဒရုန်းက မနေ့က ကြဲတာမဟုတ်ဘူး။ ဒရုန်းက နေ့တိုင်းကြဲနေတယ်။ ဒီနေ့လည်း ကြဲနေတယ်” ဟု ပြောသည်။ ပူးပေါင်းတပ်ဖွဲ့ဘက်မှ…