Author: thanlwinkhet

သဇင် မတ် ၂၅၊၂၀၂၃။ ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်းရှိ ကုန်သွယ်ရေးဇုန်တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲကြောင့် ကုန်သွယ်ရေးဇုန်ရှိ ပို့ကုန်ဆက်သွယ်ရေးimport  ရုံးမီးလောင်ပျက်စီးခဲ့ပြီး ထိုင်းကားမောင်းသမားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။ ယနေ့ နံနက်ပိုင်းတွင် မြဝတီမြို့နယ် မဲကနယ်အုပ်စု၌ KNLA နှင့်PDF ပူးပေါင်းတပ်များက စစ်ကောင်စီနှင့် ကရင်နယ်ခြားစောင့်BGF စခန်းများကိုတိုက်ခိုက်ရာမှ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။ အဆိုပါတိုက်ပွဲတွင်…

Read More

ကောင်းချစ်အောင် မတ် ၂၅၊ ၂၀၂၃။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့ မြို့မမီးသတ်ရုံးရှိ ကင်းဝတ်နေသည့် ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ခဲ့ပြီး ပျူစောထီးခေါင်းဆောင်သေဆုံးသည်ဟု သိရသည်။ အဆိုပါမီးသတ်ရုံးတွင် ပျူစောထီး၇ယောက် ကင်းပုန်းဝပ်နေခြင်းဖြစ်ပြီး မတ်လ၂၃ရက်တွင် ဒရုန်းနှစ်စင်းဖြင့် ဗုံးသီးတစ်လုံးစီ ပစ်ချခဲ့သည်ဟု ရွှေဘိုခရိုင် အမှတ်၁၅ တပ်ရင်း Eagle Guerrilla Force…

Read More

မတ် ၂၅ ၊ ၂၀၂၃ ။ ယနေ့နံနက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထိုင်း – မြန်မာ နယ်စပ်ဖြတ်ကျော် မြဝတီ-မဲဆောက်အမှတ် ၁ ချစ်ကြည်ရေးတံတားကို ယာယီပိတ်လိုက်သည်ဟု အနီးပတ်ဝန်းကျင်၌ နေထိုင်သူများထံမှ သိရသည်။ ကရင်ပြည်နယ်၊ မြဝတီမြို့အနီးတွင် ယနေ့နံနက်အစောပိုင်းမှစ၍ တိုက်ပွဲများဖြစ်ပွားနေရာ မြဝတီ-မဲဆောက်တံတားကို နံနက် ၁၀…

Read More

မတ် ၂၄၊ ၂၀၂၃။ ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် KIA၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ တိုက်ပွဲ ပြင်းထန်နေပြီးယမန်နေ့ မတ်လ ၂၃ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ရင်းမှူး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိကာ တပ်ဖွဲ့ဝင် သုံးဦးခန့် သေဆုံးခဲ့သည်ဟု ရှေ့တန်းတွင် ရောက်ရှိနေသည့် ရဲဘော်ထံက…

Read More

ကောင်းချစ်အောင် မတ် ၂၄၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ဘုက္ကန်နယ်မြေရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိသည်ဟု သိရသည်။ အိန္ဒိယနိုင်ငံနယ်စပ်ရှိ အဆိုပါ ဘုက္ကန်ရွာနယ်မြေရဲကင်းတွင် ရဲနှင့်ပျူစောထီး စုစုပေါင်း ၁၅ဦးထက်မနည်း တပ်စွဲထားပြီး ဘုက္ကန်ရွာနာမည်ကိုအစွဲပြုပြီး ဘုတ်ကန်စစ်ဆင်ရေးအမည်ဖြင့် ဆင်နွဲခဲ့ခြင်းဖြစ်သည်ဟု အမျိုးသားလွတ်မြောက်ရေးတပ်တော် NLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်သျှောင်တစောင်းက သံလွင်ခက်ကိုပြောသည်။…

Read More

ယမင်းဖူးပွင့်အောင် မတ်၂၄၊၂၀၂၃။ မြန်မာနိုင်ငံတွင် ယနေ့နံနက်အစောပိုင်းမှစ၍ နေ့လည်ပိုင်းအထိ zoom အက်ပလီကေးရှင်းကို အသုံးပြုမရခြင်းဖြစ်ခဲ့သည်ဟု အသုံးပြုသူများကပြောသည်။ “အများစုကတော့ network connection ကြောင့်ဆိုပြီး error code တွေပေါ်လာတယ်။ License version ဝယ်သုံးသူတွေရော Free version သုံးသူတွေရောဖြစ်နေတာဆိုတော့ Zoom ကိုမြန်မာပြည်မှာအသုံးပြုမရအောင် Ban လိုက်တယ်လို့ကျွန်တော်တို့…

Read More

နန်းဆုပန်ခန့် မတ်လ ၂၄၊ ၂၀၂၃။ စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်အတွင်း၌ ၁၂ဘီး ကား ၅ စီးဖြင့်လာသောစစ်ကောင်စီတပ်ဖွဲ့အားဒေသကာကွယ်ရေးတပ်ဖွဲမှမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးပျက်စီးသွားသည်ဟု Danger Force LPDF ကထုတ်ပြန်သည်။ မုံရွာ န.မ.ခ တပ်မှ အရာတော် စ.ခ.တ ၁၀ တပ် သို့သွားသောအဆိုပါစစ်ကောင်စီတပ်ယာဥ်တန်းကို  ယမန်နေ့မတ်လ ၂၃ရက်၊ နံနက်၇နာရီခန့်တွင်တုံးတင်ကန်ကျေးရွာ…

Read More

ကောင်းချစ်အောင် မတ် ၂၄၊ ၂၀၂၃။ မင်းကင်းမြို့နယ်ရှိ ပွင့်လျက်ရွာသို့ စစ်ကောင်စီစစ်ကြောင်းထိုးလာချိန်တွင် ထွက်မပြေးနိုင်သည့်အသက်၆၀အရွယ် ရွာသားတစ်ဦး သေနတ်ဖြင့် သုံးချက်ပစ်သတ်ခံရသည်ဟု သိရသည်။ မင်းကင်းတောင်လက်ဒေသ၊ တောင်တွင်းဒေသတို့တွင် ရွာစဉ်အနှံ့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းသည် မတ်လ ၂၁ရက်ည၁၀နာရီဝန်းကျင်တွင် ကူလဲရွာမှ အောက်စသာရွာသို့စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။ မတ်လ ၂၂ရက်နေ့နံနက်…

Read More

ယမင်းဖူးပွင့်အောင် မတ် ၂၄၊ ၂၀၂၃။ ဒါရိုက်တာ ဏကြီး ရိုက်ကူးထားပြီး အောင်မြင့်မြတ်၊ ပိုင်ဖြိုးသု တို့အဓိက ပါဝင်သရုပ်ဆောင်ထားသည့် “မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” ရုပ်ရှင်ဇာတ်ကားနှင့် Cobra Column မှ ဒါရိုက်တာ ဂီဒေါင် ရိုက်ကူးထားပြီး ရဲနောင်၊ ခိုင်မင်း တို့ အဓိကပါဝင်သရုပ်ဆောင်ထားသည့် “ရှိခဲ့သည်” ရုပ်ရှင်ဇာတ်ကား…

Read More

ကရင်နီပြည်၊ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းတိုက်ပွဲများတွင်ကျဆုံးခဲ့သည် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်KNDF B10မှ ရဲဘော်နှစ်ဦး၏စျာပနပြုလုပ်ခဲ့သည်ကို ယနေ့တွင် အဆိုပါတပ်ရင်းကဖော်ပြထားသည်။ ယခုမတ်လမှစ၍ ဒီးမော့ဆိုအရှေ့ခြမ်း ဒေါ​ညေးခူ၊ ဒေါတမကြီးကျေးရွာဖက်သို့  စစ်ကြောင်း ၃ကြောင်းဖြင့်ထိုးစစ်ဆင်လာခဲ့သော  စစ်ကောင်စီတပ်အား  KNDF တပ်ရင်း အမှတ် (၁၀)သည် မဟာမိတ်တပ်များနှင့်ပူးပေါင်း၍ခုခံတိုက်ပွဲဝင်လျက်ရှိနေသည်။ KNDF တပ်ရင်း အမှတ် (၁၀)၏ ရဲဘော်များဖြစ်သော ရဲဘော်ခူးဦးရယ်မှာ  မတ်လ (၂၁)နေ့တိုက်ပွဲအတွင်း၌လည်ကောင်း…

Read More