မတ် ၂၉၊ ၂၀၂၃ ။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် WFP၏ ကူညီထောက်ပံ့မှုများကို စစ်ကောင်စီက ရာနှုန်းပြည့်ထိန်းချုပ်ထားသည့်အတွက် ကရင်နီပြည်နယ်အတွင်း၌ စစ်ဘေးရှောင်အနည်းငယ်သာ WFPထောက်ပံ့မှုကိုရရှိသည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ဒါရိုက်တာ ဦးဗညားကသံလွင်ခက်ကိုပြောသည်။ ကရင်နီပြည်တွင် ယခုမတ်လအတွင်းစစ်ကြောင်းထိုးနေမှုများနှင့်တိုက်ပွဲများပြင်းထန်နေမှုကြောင့် စစ်ဘေးရှောင်နှစ်သိန်းခွဲဝန်းကျင်အထိတိုးလာပြီးစစ်ရှောင်များမှာ အရေးပေါ်အကူအညီများလိုအပ်နေသည်ဟုကူညီပေးနေသူများထံမှသိရသည်။ ကရင်နီပြည်နယ်အတွင်း၌ စစ်ကောင်စီတပ်၏ လက်နက်ကြီးများပစ်ခတ်မှုနှင့်လေကြောင်းမှတိုက်ခိုက်မှုများကြောင့် စစ်ရှောင်များမှာ ထိခိုက်သေဆုံးမှုများရှိနေသည့်အပြင် အရေးပေါ်လိုအပ်သည့် ဆေးဝါး၊အစားအသောက်နှင့်အမိုးအကာတို့အတွက် နိုင်ငံတကာအဖွဲ့အစည်းများထံမှ အကူအညီများမရရှိသေးဟု…
Author: thanlwinkhet
ကောင်းချစ်အောင် မတ် ၂၉၊ ၂၀၂၃။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အပါအဝင် မှတ်ပုံတင်ခြင်းမရှိသည့် နိုင်ငံရေးပါတီလေးဆယ်အားဖျက်သိမ်းကာ စုစုပေါင်းပါတီ ၆၃ခု မှတ်ပုံတင်ထားပြီး ပါတီသစ်ထောင်ခြင်းကိုဆက်လက်ခွင့်ပြုထားသည်ဟု စစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်က ယမန့်နေ့ညကထုတ်ပြန်ကြေညာလိုက်သည်။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅အရ တည်ဆဲနိုင်ငံရေးပါတီများသည် နိုင်ငံရေးပါတီအဖြစ်ဆက်လက်တည်ထောင်လိုလျှင် မတ်လ၂၈ရက်နေ့နောက်ဆုံးထား၍ ပါတီမှတ်ပုံတင်ပြန်လည်လျှောက်ထားရမည်ဖြစ်ပြီး လျှောက်ထားခြင်းမရှိလျှင် အလိုအလျောက်ပယ်ဖျက်ခံရမည်ဟု ပါရှိသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ရှမ်းတိုင်းရင်းသားများ…
မတ် ၂၈ ၊ ၂၀၂၃ ။ ကရင်အမျိုးသားအစည်းအရုံး KNU မူတြော်ခရိုင် တပ်မဟာ၅ ထိန်းချုပ်နယ်မြေအတွင်းရှိ မယ်ခါးထာ့စစ်ကောင်စီစခန်းကို KNLAက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးခန့်သေဆုံး၍ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။ ထိုင်း-မြန်မာနယ်စပ်စခန်းတစ်ခုဖြစ်ပြီး သံလွင်မြစ်ကမ်းဘေးရှိ မယ်ခါးထာ့စစ်ကောင်စီစခန်းကို KNLA တပ်ဖွဲ့ဝင်များက ယနေ့နံနက်အစောပိုင်းအချိန်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ “စခန်းကိုအားလုံး…
ယမင်းဖူးပွင့်အောင် မတ်၂၈၊ ၂၀၂၃။ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၈ လမ်းနှင့် ၇၈လမ်း ကြားတွင် ယမန်နေ့က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟုဒေသခံများက ပြောသည်။ မန္တလေးမြို့၊ ဒေါ်အောင်ဆန်းစုကြည်လမ်း ရတနာပုံခန်းမအနီးတွင် ယမန်နေ့ မတ်လ ၂၇ ရက်နေ့ နံနက် ၇ နာရီခန့်က မြနန္ဒာစစ်ဆင်ရေး Banner(စာတမ်း) ထောင်ပြီး ဗုံးထောင်ဖောက်ခွဲခဲ့ရာ…
မတ် ၂၈ ၊ ၂၀၂၃ ။ ကရင်ပြည်နယ်၊မြဝတီမြို့ ကုန်သွယ်ရေးဇုန်အနီးရှိမဲကနယ်ရပ်ကွက်ဒေသခံများအားလုံးဘေးလွတ်ရာထွက်ပြေးရှောင်တိမ်းနေကြရသည်ဟု ဒေသခံများကသံလွင်ခက်ကိုပြောသည်။ အဆိုပါရပ်ကွက်ဒေသခံများကို အုပ်ချုပ်ရေးမှူများက ” ရွှေ့ပေးကြပါ ပစ်ကွင်းတည့်တယ်”ဟုလိုက်လံပြောဆိုလာ၍ ယမန်နေ့ နေ့လည်ပိုင်းမှစ၍ မြဝတီမြို့ပေါ်ရှိနီးစပ်ရာဆွေမျိုးများ၊ ဘုန်းကြီးကျောင်းများနှင့်စာသင်ကျောင်း များသို့ ရှောင်တိမ်းကြရသည်ဟု အသက် ၇၀ ကျော်အရွယ် မဲကနယ်ဒေသခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။ ” ရပ်ကွက်အုပ်ချုပ်ရေးမှူး…
သံလွင်ခက်။ မတ် ၂၈ ၊ ၂၀၂၃။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက ၂ ရက်တာ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးနှင့်အထက် သေဆုံးခဲ့သည်ဟု Lion Battalion Commando Special Forces ဗျုဟာစစ်ကြောင်းက ယနေ့တွင် ထုတ်ပြန်သည်။ ဗျူဟာမှူး ဗိုလ်အယ်စေးဝါဦးဆောင်သော Lion Battalion…
သံလွင်ခက် ။ မတ် ၂၈ ၊ ၂၀၂၃။ ရန်ကုန်တိုင်းတွင် ယနေ့ မတ်လ ၂၈ ရက် နေ့လည် ၁နာရီ ၂၂ မိနစ် အချိန်တွင် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်သွားသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ ပြင်းထန်သည့် ငလျင်မျိုး မဟုတ်ဘဲ သာမာန် ငလျင်မျိုးသာ…
နန်းဆုပန်ခန့် မတ်လ ၂၈၊ ၂၀၂၃။ ကရင်ပြည်နယ်၊ ကေအဲန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းက ပလောတပို့စစ်ရှောင်စခန်းက ကွန်ပျူတာသင်တန်းတွင် စက်သုံးဆီပြတ်လပ်မှုများ ဖြစ်ပေါ်နေသည်ဟု သင်ကြားရေးဆရာများထံက သိရသည်။ ကွန်ပျူတာသင်တန်းကို ယခု မတ်လ ၂၀ ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့ပြီး သင်ပေးနေသည့် ဆရာ၊ဆရာမ ၃ ဦးရှိကာ သင်တန်းသူ စုစုပေါင်း…
သံလွင်ခက်။ မတ် ၂၈ ၊ ၂၀၂၃။ စစ်ကောင်စီ စစ်ရေးပြကွင်းကို အဝေးပစ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ရန် လုပ်ဆောင်နေစဉ် နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးဖမ်းဆီးခံခဲ့ရသည်ဟု ယင်းအဖွဲ့ထံမှ သိရသည်။ မတ်လ ၂၄ ရက်နေ့က စစ်ရေးပြကွင်းကို အဝေးပစ် ရှော့တိုက်ဒုံးများဖြင့် ပစ်ရန် ကြိုးပမ်းသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်…
မတ် ၂၈ ၊ ၂၀၂၃ ။ ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်ခရိုင်၊ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းရှိ မယ်ခါးထာ့စစ်ကောင်စီစခန်းကို KNLAက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု KNLA တပ်ဖွဲ့ဝင်များနှင့်နီးစပ်သူများကအတည်ပြုပြောကြားသည်။ ထိုင်း-မြန်မာနယ်စပ်စခန်းတစ်ခုဖြစ်ပြီး သံလွင်မြစ်ကမ်းဘေးရှိ မယ်ခါးထာ့စစ်ကောင်စီစခန်းကို KNLA တပ်ဖွဲ့ဝင်များက ယနေ့နံနက်အစောပိုင်းအချိန်တွင် တိုက်ခိုက်သိမ်းပိုက်၍ မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။ “တိုက်ပွဲဖြစ်တော့ အနီးအနားက ရွာလူတွေ…