ယမင်းဖူးပွင့်အောင် မတ် ၂၄၊ ၂၀၂၃။ မြို့ပြစစ်ဆင်ရေး(မစ်ရှင်)တစ်ခု ဆောင်ရွက်ထားသည့်နေရာတွင် ချစ်သူစုံတွဲရောက်ရှိလာသည့်အတွက်အဆိုပါလုပ်ငန်းဆောင်ရွက်မှုကို ဖျက်သိမ်းလိုက်ရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့အင်အားစု Union of Myanmar Cvil Defence (UMCD) မြို့ပြပြောက်ကျားအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်(UG) များ မစ်ရှင်ပြုလုပ်သည့်အခါ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည် အရေးပါပြီး စစ်ကောင်စီထိန်းချုပ်ထားသည့်…
Author: thanlwinkhet
ကောင်းချစ်အောင် မတ် ၂၄၊ ၂၀၂၃။ ခင်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်၏ ဇနီးနှင့်သမီးဖြစ်သူကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်သည်ဟု မိသားစုနှင့် ရင်းနှီးသူများထံမှတဆင့် သိရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါက်တာဝင်းအောင်၏ ဇနီးဖြစ်သူဒေါ်ခင်သန်းနုနှင့် သမီးဖြစ်သူ မအိနန္ဒာအောင်တို့ကို ခင်ဦးစစ်ခုံရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က(ဂ)နှင့် ထောင်ဒဏ်သုံးနှစ်စီချခံလိုက်သည်ဟု အမည်မဖော်လိုသည့်…
မတ် ၂၄ ၊ ၂၀၂၃ ။ ကရင်နီပြည်၊ ဘောလခဲခရိုင်အတွင်းရှိ သစ်လုပ်ငန်းတစ်ခုအတွင်းကို စစ်ကောင်စီတပ်ကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ဦးသေဆုံး၍ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဘောလခဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။ ယမန်နေ့ မတ်လ ၊ ၂၃ ရက်နေ့ ညနေ ၄ နာရီ ခွဲ ခန့်အချိန်တွင်…
ဆန္ဒပြပွဲများတွင်ပါဝင်ခဲ့သည် ဗကသအဖွဲ့ဝင် ကိုကောင်းဆက်ပိုင်အား စစ်ကောင်စီက ထောင်ဒဏ် တသက်တကျွန်းအမိန့်ချမှတ်ခဲ့သည်။ မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ မြေပြင်လှုပ်ရှားမှုရေးရာတာဝန်ခံ ကိုကောင်းဆက်ပိုင်အား ဖက်ဆစ်ခုံရုံးက မတရားစွဲဆိုထားသော ၅၀၅(က)၊ ၅၀(ည) ပုဒ်မတို့ဖြင့် မတ်လ ၂၂ ရက်နေ့တွင် ထောင်ဒဏ် တသက်တကျွန်း အမိန့်ချလိုက်ကြောင်း သိရသည်ဟု ဗကသများအဖွဲ့ချုပ်က ယမန်နေ့ညပိုင်းတွင် ဖော်ပြထားသည်။…
မတ် ၂၃ ၊ ၂၀၂၃ ။ ချင်းပြည်နယ်၊မတူပီ-ပလက်ဝလမ်းပေါ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ရိက္ခာဖြည့်တင်းရန်လာသည့် ယာဥ်တန်းအား မတူပီ CDFက အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၈ ဦးသေဆုံးခဲ့သည်။ မတူပီမြို့ ခလရ(၃၀၄) မှ ကားသုံးစီးနှင့်အင်အား ၈၀ဦးပါ စစ်ကောင်စီတပ်ယာဥ်တန်းသည် မတူပီ-ပလက်ဝလမ်းမပေါ်ရှိ ထယ်ဘွေးစခန်းသို့ စားနပ်ရိက္ခာများ ဖြည့်နိုင်ရန်…
မတ် ၂၃ ၊ ၂၀၂၃ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်အခြေစိုက် ဂဠုန်တပ်တော် PDF စခန်း၏ လက်နက်ပစ္စည်းဂိုဒေါင်မီးလောင်ခဲ့ပြီး ကျပ်သိန်း၃၀၀၀ ဝန်းကျင်အထိ ပျက်စီးဆုံးရှုံးခဲ့သည်။ ယမန်နေ့မတ်လ ၂၂ ရက် နံနက် ၆ နာရီတွင် ရဲဘော်များ PTပြေးနေချိန်၌ ယမ်း၊မိုင်း၊လက်နက်ပစ္စည်းများထားရှိသော ဂိုဒေါင်အား မီးလောင်ခဲ့သည်ဟု ဂဠုန်တပ်တော်…
သဇင် မတ် ၂၃၊၂၀၂၃။ စစ်ကိုင်းတိုင်း ၊မြောင်မြို့နယ်အတွင်း စစ်ရေးတင်းမာလျက်ရှိသော ဒေသများတွင် ငွေကြေးအင်အားမလုံလောက်မှု၊လက်နက်အင်အားမမျှတမှုများ ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနMODမှ စစ်အသုံးအဆောင်ပစ္စည်းများ ကူညီပေးရန် လိုအပ်နေသည်ဟု Myaung Special People Defense Forceတာဝန်ရှိသူက သံလွင်ခက်ကိုပြောသည်။ “MODအနေနဲ့တကယ့်မြေပြင်ကိုဆင်းပြီး သေချာစီစစ်ပြီးတော့မှ တကယ်တိုက်နေတဲ့အဖွဲ့တွေ၊တကယ်လိုအပ်နေတဲ့သူတွေကို လက်နက် တပ်ဆင်ပေးစေချင်တယ် ” ဟု…
နန်းဆုပန်ခန့် မတ်လ ၂၃၊ ၂၀၂၃။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင် တပ်မဟာ ၁ ၊ ကျိုက်ထိုမြို့နယ်အတွင်းတပ်စွဲထားသော စစ်ကောင်စီ တပ်ရင်းများကကျေးရွာအတွင်းသို့ ရည်ရွယ်ချက်ရှိရှိဖြင့်လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူများ သေဆုံး၊ဒဏ်ရာရရှိမှုများရှိနေသည်ဟု ကေအဲန်ယူဗဟိုကသတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့်ရက်ပိုင်း မတ်လ ၂၀ ရက်နေ့ ညနေ ၇း၀၀ နာရီဝန်းကျင်အချိန်တွင် ကျိုက်ထိုအခြေစိုက်…
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းကို ကျူးကျော်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်တို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိနာနေသည်ဟု သိရသည်။ ဒီးမော့ဆိုအရှေ့ခြမ်းတွင် ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီမှအထိနာသဖြင့် လေကြောင်း ပစ်ကူ အပါအဝင် လက်နက်ကြီးအလွန်အကျွံအသုံးပြုတိုက်ခိုက်နေသည်ဟု ယနေ့တွင်ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့တွင်ဖော်ပြထားသည်။ ယမန်နေ့ မတ်လ၂၁ ရက် နံနက်(၁၀)နာရီမှ ညနေ(၆)နာရီထိ ကရင်နီပြည်၊…
ကရင်ပြည်နယ် ၊မြဝတီမြို့တွင် လျှပ်စစ်မီးရရှိခြင်းမရှိသော်လည်း မီတာထိန်းသိမ်းခ လစဉ် ပေးဆောင်နေရသည်ဟု မြို့ခံများက သံလွင်ခက်ကို ပြောသည်။ မြဝတီမြို့တွင် ယမန်နှစ် ဒီဇင်ဘာလ ၁၆ ရက် ကစပြီး လျှပ်စစ်မီးမရရှိဘဲ မီတာထိန်းသိမ်းခပေးဆောင်နေရခြင်းဖြစ်သည်ဟု အသက်၄၀ အရွယ် မြဝတီမြို့ခံအမျိုးသားတစ်ဦးက သံလွင်ခက်ကိုပြောသည်။ “တစ်လ ၅၀၀ မီတာထိန်းသိမ်းခ လတိုင်းပေးနေရတာ။မြဝတီမှာ တစ်မြို့လုံးအတိုင်းအတာနဲ့ဆိုရင်မီတာ…