ဘိုဟန်၊ စောစမစ် ထန်ချွန်းဖေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ချင်းပြည်နယ် မင်းတပ်ရဲ့ မဲဆန္ဒနယ်အမှတ် (၁) အတွက် ယှဉ်ပြိုင်ခဲ့ရာမှာ အနိုင်ရခဲ့ပါတယ်။ ပုံမှန်အတိုင်းဆို သူဟာ ပြည်နယ်လွှတ်တော်မှာ အမတ်တစ်ယောက်ဖြစ်လာမှာပါ။ ဒါပေမယ့် အာဏာသိမ်းမှုနဲ့ကြုံပြီး အသက် ၃၄ နှစ်အရွယ် ထန်ချွန်းဖေဟာ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ် (Mindat…
Author: thanlwinkhet
ကောင်းချစ်အောင် ဧပြီ ၁၊ ၂၀၂၃။ ဒလန်သတင်းပေးကြောင့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးစခန်းတစ်ခုအသိမ်းခံရပြီးပေါက်ပြားဖြင့်ခုတ်သတ်ခံရသည့်နှစ်ဦးအပါအဝင် ရဲဘော်ငါးဦးကျဆုံးခဲ့ရသည်ဟု သိရသည်။ မတ်လ၃၀ရက်က ရေစကြိုမြို့ပေါ်မှ အင်အား ၄၀ ခန့်ဖြင့် ထွက်လာသည့် ခမရ ၂၅၆ စစ်ကြောင်းကို ညောင်စောင်းနှင့် သမန္တပို့ရွာကြားအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့် အထိအခိုက်အများအပြားဖြင့် ဆုတ်ခွာခဲ့ရသည်ဟုဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ နောက်နေ့…
သဇင် မတ် ၃၁၊ ၂၀၂၃။ ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ ခယ်ကွန်းစက်ရုံရှိ မြန်မာ (MOU-နှစ်နိုင်ငံသဘောတူညီမှုစာချုပ်) အလုပ်သမား ၁၀၆၀ဦးအား ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်မှထုတ်ခဲ့သည်ဟု စက်ရုံရှိ အလုပ်သမားများထံမှ သိရသည်။ ယမန်နေ့ မတ်လ၃၀ရက် ညနေ၃နာရီခန့်တွင် မဟာချိုင်မြို့ ခယ်ကွန်းစက်ရုံတွင် အလုပ်လုပ်ကိုင်နေသောအလုပ်သမားများအား အလုပ်ထုတ်လိုက်ပြီဟုဆိုကာ လုံခြုံရေးအင်အားအပြည့်ဖြင့် စက်ရုံအတွင်းမှ မောင်းထုတ်ခဲ့သည်ဟု…
ယမင်းဖူးပွင့်အောင် မတ် ၃၁၊ ၂၀၂၁။ “လဲကျနေတဲ့ ရဲဘော်တစ်ယောက်ကို ပြန်ဆွဲထူရင်း လွတ်တဲ့နေရာရောက်မှ ခေါင်းကိုထပ်မှန်ပြီးလဲကျနေခဲ့တာ” ဗိုလ်ဆင်ရိုင်းရဲ့ နောက်ဆုံးမြင်ကွင်းကို ရှေ့တန်းမှာအတူရှိခဲ့တဲ့ စစ်ကိုင်းခရိုင် တပ်ရင်း ၁ တပ်ခွဲ ၃ ရဲ့ တပ်ခွဲမှူး ကိုမင်းဒေဝါက ပြန်ပြောပြခဲ့တာပါ။ ဗိုလ်ဆင်ရိုင်းဟာ တော်လှန်ရေးအစောပိုင်းကာလကတည်းက မိသားစုကိုစွန့်ခွာလာခဲ့ပြီး မြောင်မြို့နယ်အတွင်းကတော်လှန်ရေးရဲဘော်တွေကို အခြေခံစစ်ပညာသင်တန်းပြန်လည်ပို့ချပေးခဲ့သူလည်းဖြစ်ပါတယ်။…
Saw Smith မတ် ၃၁ ၊ ၂၀၂၃ ။ လေယာဥ်ပစ်ပရောဂျက်မှ ရရှိသောအလှူငွေများကို တန်ပြန်လေကြောင်းတိုက်ခိုက်ရေးထက် လေကြောင်းရန်ကာကွယ်ရေးကဏ္ဍအတွက် ပို၍လျာထားအသုံးပြုနေသည်ဟု NUG၏ ထုတ်ပြန်ချက်အရသိရသည်။ လေယာဥ်ပစ် Project DragonFly ရရှိသောအလှူငွေ အမေရိကန်ဒေါ်လာ၂.၂သန်းနှင့် ပတ်သက်သောနောက်ဆက်တွဲအခြေအနေများကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင် အသိပေးထုတ်ပြန်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG…
ကောင်းချစ်အောင် မတ် ၃၁၊ ၂၀၂၃။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို စစ်အာဏာရှင်တော်လှန်ရေးအတွက် မိစ္ဆာနှင်တဲ့ကမ္မဝါစာအဖြစ် အသုံးချတိုက်ပွဲဝင်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းပြောကြားခဲ့ပြီး နှစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အဖွဲ့အစည်းအသီးသီးမှ သဝဏ်လွှာပေးပို့ခဲ့သည်ဟု သိရသည်။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်(Federal Democracy Charter-FDC)ကို ၂၀၂၁ခုနှစ် မတ်လ၃၁ရက်တွင်ထုတ်ပြန်ကြေညာခဲ့ပြီးနောက်ပိုင်း ပြန်လည်သုံးသပ်ပြင်ဆင်ခဲ့ပြီး ၂၀၂၂ခုနှစ် ဇန်နဝါရီ ၂၈ရက်မှ ၂၉ရက်အထိ…
Saw Smith မတ် ၃၁ ၊ ၂၀၂၃ ။ ရှမ်း-ကယားနယ်စပ်မြို့နယ်များတွင်ဖြစ်ပွားနေသည့်တိုက်ပွဲများအတွင်း၌ စစ်ကောင်စီတပ်စစ်ကြောင်းများမှထိခိုက်သေဆုံးမှုများနေပြီး ၂၀၀ ကျော်အထိသေဆုံးထားသည်ဟု ကာကွယ်ရေးပူးပေါင်းတပ်များထံမှ သိရသည်။ ပင်လောင်းမြို့နယ်နှင့်ဖယ်ခုံမြို့နယ်တို့တွင် ပြီးခဲ့သောဖေဖော်ဝါရီလ ၂၄ရက်မှစ၍တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေခဲ့ရာ တိုက်ပွဲတစ်လကျော်ကာလအတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ဦးကျော်သေဆုံး၍ ၁၀၀ ဦးထက်မနည်းဒဏ်ရာရရှိထားသည်ဟု မိုးဗြဲ PDF တပ်ရင်း(၂) က…
နန်းဆုပန်ခန့် မတ် ၃၁၊ ၂၀၂၃။ ကရင်ပြည်နယ်၊ ကေအဲန်ယူတပ်မဟာ၆နယ်မြေအတွင်း၌ ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့်ပိတ်ထားခဲ့သည့် မြဝတီ-ကော့ကရိတ်အာရှလမ်းမကို ယခုရက်ပိုင်းအတွင်း၌ ပြန်ဖွင့်ပေးထားသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကအစစ်အဆေးများနေသည်ဟု သိရသည်။ မြဝတီ-ရန်ကုန်ခရီးသည်ပို့ဆောင်ပေးသည့်ကားသမားတစ်ဦးကတော့ သင်္ကန်းညီနောင်ရဲစခန်းနှင့်ပဲခူးဂိတ်တွင်လူကိုကြည့်ပြီးစစ်ဆေးချင်သလိုစစ်ဆေး၍ လူကိုကြည့်ပြီးပိုက်ဆံတောင်းတာတွေရှိသည်ဟုဆိုသည်။ “လူကြီးနဲ့ကလေးတွေကိုတင်ရင်တော့ စကားသိပ်မပြောရဘူး၊၊ လူငယ်တွေကိုတင်ရင်တော့ သူတို့ကမင်္သကာရင်မသင်္ကာသလိုစစ်တယ်၊၊စိတ်ရှိရင်ရှိသလိုပိုက်ဆံတောင်းတယ်၊ အနည်းဆုံး ၃၀၀၀ကျပ်တို့၊ ၅၀၀၀ကျပ်တို့ပေးရတာပေါ့ ” ဟု ၎င်းကဆက်ပြောသည်။ မတ်လ…
သံလွင်ခက် မတ် ၃၀၊ ၂၀၂၃။ တိုက်ပွဲများပြင်းထန်နေသည့် ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်းကို စစ်ကောင်စီတပ်က ယနေ့မွန်းတည့် ၁၂နာရီခန့်တွင် လေကြောင်း ပစ်ခတ်မှုရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။ ရွှေကူမြို့နှင့် ၁၀ မိုင်ကျော်ခန့်ဝေးပြီး မြို့၏ အနောက်တောင်ဘက်တွင်ရှိသည့် မံဝိန်းကျေးရွာနှင့် စီမူကြီးကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နှစ်စီးဖြင့် ၁၅ မိနစ်ခန့်ကြာ ပစ်ခတ်ခဲ့ပြီး…
သဇင် မတ် ၃၀၊ ၂၀၂၃။ မကွေးတိုင်း၊ မြိုင်မြို့နယ် တောင်ပိုင်းရှိ သရက်ကန်ရွာပျူစခန်းမှ စစ်တပ်နှင့်ပျူအင်အား (၃၀)ခန့်သည် နှမ်းဆီကန်ရွာထဲသို့ ဝင်ရောက်ပစ်ခတ်မှုများဆောင်ရွက်ခဲ့ပြီး ဒေသခံ ၂၀ ခန့်ကို ဖမ်းဆီးခဲ့သည်ဟု ဒေသခံများကပြောသည်။ ယနေ့မနက် ၈နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများက နှမ်းဆီကန်ရွာထဲသို့စစ်ကြောင်း(၃)ကြောင်းခွဲကာ ဝင်ရောက်ပစ်ခတ်မှုများရှိခဲ့ရာ (၅)နှစ်အရွယ် ကလေးတစ်ဦး…