Author: thanlwinkhet

ဧပြီ ၃ ၊ ၂၀၂၃ ။ ယခုရက်ပိုင်းအတွင်း၌ စစ်ကောင်စီတပ်နှင့်စစ်ကောင်စီလက်အောက်ခံBGFတပ်တို့၏ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအပါအဝင် အရပ်သား ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုကေအဲန်ယူဗဟိုက ဖော်ပြထားသည်။ ယမန်နေ့ ဧပြီလ ၂ရက်၊နံနက် (၈) နာရီ ခွဲဝန်းကျင်၌ အာဏာသိမ်းစစ်ကောင်စီတပ်၏ ခမရ-အမှတ် (၉) ဝင်းပ မှလက်နက်ကြီး (၃)…

Read More

သံလွင်ခက်။ ဧပြီ ၂ ၊ ၂၀၂၃။ ညနေ မှောင်ရီပျိုးစအချိန်ရောက်လျှင် လူများ၏ လှုပ်ရှားသံများ၊ စက်ယန္တရားများ၏ အသံများသည် ပုံမှန်ပေါ်ထွက်လာနေသည်။ ဤသို့ မြင်တွေ့၊ ကြားသိနေရသည့် အရာများသည်ကား စည်းကားလှသည့် ပွဲတော်တစ်ခုတော့ မဟုတ်ပေ။ ကချင်ပြည်နယ်၊ ဖားကန့်ဒေသအတွင်းရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်များအတွင်းမှ ထွက်ပေါ်လာသည့်ကျောက်တူးလုပ်သားများ၏ လှုပ်ရှားမှု မြင်ကွင်း၊…

Read More

မေသံလွင် မတ် ၁၅၊ ၂၀၂၃။ အသက် ၂၄ နှစ်အရွယ် မနှင်းနှင်းလှိုင်သည် စစ်တပ် အာဏာမသိမ်းခင်က တိုင်းပြည်ကာကွယ်ရန် ဖွဲ့စည်းထားသော တပ်မတော်တွင် စစ်မေတစ်ဦးဖြစ်ရန် ဆန္ဒရှိခဲ့ဖူးသူ ဖြစ်သည်။ “စစ်သားတွေ တောတွေ၊ တောင်တွေ သွားရတာကို သနားလည်း သနားတယ်။ ဂုဏ်ယူတယ်။ ကိုယ်လည်း အဲဒီလိုမျိုး စစ်မေတစ်ယောက်…

Read More

“ပြည်တွင်းရေးမဟုတ်ဘဲ လူသားတစ်ရပ်လုံးရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ပြစ်မှုကျူးလွန်နေတာဖြစ်တယ် ” Saw Smith ဧပြီ ၁ ၊ ၂၀၂၃ ။ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းမှတိုက်ခိုက်မှုများအပါအဝင် ကရင်နီပြည်တွင် စစ်ကောင်စီတပ်များကြောင့်အရပ်သားနှင့်စစ်ဘေးရှောင် ၄၄၇ ဦးအသက်ဆုံးရှုံးထားသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့များထံမှ သိရသည်။ ကရင်နီပြည်နယ်အတွင်း၌ စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေးအချိုးဖောက်ခံရမှုများနှင့်ပတ်သက်ပြီး လစဉ်အချက်အလက်များထုတ်ပြန်နေသည့် တိုးတက်သောကရင်နီပြည်သူ့အင်အားစု…

Read More

သဇင် ဧပြီ ၁၊၂၀၂၃။ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် လှည့်လည် စစ်ကြောင်းထိုးနေသော အင်အား၁၀၀ကျော်ရှိ ဘီလူးစစ်ကြောင်းကိုMyaung Special People Defense Force (MSPDF)နှင့် မဟာမိတ်ပူး‌ပေါင်းအဖွဲ့များက နှစ်ရက်ဆက်တိုက်ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ယင်းတပ်ဖွဲ့ဝင်များထံမှ သိရသည်။ မတ်လ၂၈ ရက်၊ နေ့လည် ၂ နာရီခွဲခန့်တွင် “ဘီလူးကွန်မန်ဒို”စစ်ကြောင်းသည် ခြေရာတော်‌ကျေးရွာတွင် အထိုင်ချတပ်ဆွဲထားကာ…

Read More

သံလွင်ခက်။ ဧပြီ ၁ ၊ ၂၀၂၃။ စစ်ကောင်စီတပ် စစ်ကြောင်းများကြောင့် တစ်ပတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်အနောက်ခြမ်း ကျေးရွာများရှိ စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိသည်ဟု စစ်ဘေးရှောင်အရေး ကူညီသူများက ပြောသည်။ ဒေသအတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေသည့်အတွက်အခြေခံ စားသောက်ကုန်ပင်…

Read More

ကောင်းချစ်အောင် ဧပြီ ၁၊ ၂၀၂၃။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏အဖွဲ့ဝင်တစ်ဦးဖြစ်သည့် မဆုသွန်းပိုင်ကိုစစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နှင့်မတ်လ ၃၀ ရက်တွင် ထောင်ဒဏ်ချမှတ်ခဲ့သည်ဟု ဗကသများအဖွဲ့ချုပ်၏သတင်းထုတ်ပြန်ချက်အရ သိရသည်။ မဆုသွန်းပိုင်သည် အထက ၂ မရမ်းကုန်း ကျောင်းသားများ သမဂ္ဂ(ဗကသများအဖွဲ့ချုပ်) အဖွဲ့ဝင်‌ ကျောင်းသူတစ်ဦးဖြစ်ပြီး  မရမ်းကုန်းမြို့နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ မဆုသွန်းပိုင်သည် ရန်ကုန်မြေပြင်သပိတ်များတွင် တက်ကြွစွာပါဝင်နေသည့် ရဲဘော်တစ်ဦးဖြစ်ပြီး ဖမ်းဆီးခံရသည့်ရဲဘော်မှတစ်ဆင့် ဖုန်းဆက်ချိန်းဆို ထောင်ဖမ်းခံရခြင်းဖြစ်သည်ဟု မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဌက သံလွင်ခက်ကိုပြောသည်။ “ဖက်ဆစ်က ဖက်ဆစ်အလုပ်ကို လုပ်တယ်လို့ပဲ မြင်တယ်။ ဒီတော့ ကျွန်‌တော်တို့ကလည်း ကျွန်တော်တို့အလုပ်ကိုဆက်လုပ်မှာပါ။ ပြည်သူတွေအနေနဲ့လည်း စစ်အာဏာရှင်စနစ်ကို ရရာနည်းလမ်းပေါင်းစုံနဲ့ ပြတ်ပြတ်သားသားတိုက်ပွဲဝင်ကြဖို့ပဲ တိုက်တွန်းနှိုးဆော်ချင်တယ်”ဟု ၎င်းကဆိုသည်။ သတင်းကြားသိရချင်း မိဘများသည် စိတ်မကောင်းဖြစ်ကာ ငိုယိုခဲ့ပြီး သမီးဖြစ်သူကို ထောင်ထဲ‌တွင် မနေစေချင်တော့ဘူးဟု မိသားစုနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။ မဆုသွန်းပိုင်သည် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၆ရက် နံနက်ပိုင်းတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ထိုစဉ်က အသက်မပြည့်သေးသည့် ကျောင်းသူတစ်ဦးကာ ငါးလအကြာတွင် ယခုလိုထောင်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။ ပြီးခဲ့သည့်သုံးလအတွင်း ရုံးထုတ်သည့်အကြိမ်ရေ ၆ကြိမ်ရှိပြီး မဆုသွန်းပိုင်သည် ကျန်းကျန်းမာမာရှိသည်ဟုနီးစပ်သူတစ်ဦးဖြစ်သည့် ကိုမှန်ကြီးက ဆိုသည်။ “ဖက်ဆစ်တပ်ကိုပိုပြီးနာကျည်းမုန်းတီးလာရတယ်ဗျ  ပြီးတော့ဗျာ  ၁၈နှစ်ပဲရှိသေးတဲ့မိန်းကလေးငယ်တဦးကို၃နှစ်အထိကတော့ ဒါက မတရားမှုကမ်းကုန်အောင်ပါပဲဗျ”ဟု ၎င်းကဆိုသည်။ ထို့အတူ ၂၀၂၂ စက်တင်ဘာ ၁၃ရက်နေ့က ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းတွင် ဖမ်းဆီးခံခဲ့ရသည့် ဆန္ဒပြလူငယ်များအနက် ၁၃ဦးကိုလည်း စစ်ကောင်စီတရားရုံးက ၅၀၅(က)ဖြင့် ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခဲ့သည်ဟု သိရသည်။

Read More

နန်းဆုပန်ခန့် ဧပြီ ၁၊၂၀၂၃။ ကရင်ပြည်နယ်၊ ကေအဲန်ယူထိန်းချုပ်နယ်မြေ၊ တပ်မဟာ ၁ အတွင်း စစ်ကောင်စီတပ် အမှတ်- ၃၁၄ အမြောက်တပ်ရင်း၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၁၅နှစ်အောက်ကလေး ၄ ဦးအပါအဝင် ၆ ဦးထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ အမှတ်- ၃၁၄ အမြောက်တပ်ရင်းသည် ကေအဲန်ယူ-သထုံမြို့နယ်၊ ရွှေရောင်ပြကျေးနယ်၊…

Read More

သံလွင်ခက်။ ဧပြီ ၁ ၊ ၂၀၂၂။ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာနရုံးနှင့် မြို့နယ်ရဲစခန်း ဒရုန်းဖြင့် ဗုံးကြဲခံခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။ မတ်လ ၃၁ ရက် ည ၁၁ နာရီကျော်အချိန် တွင် အဆိုပါရုံးနှစ်ရုံး  ဒရုန်းဖြင့် ဗုံးကြဲခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက…

Read More

သံလွင်ခက် ဧပြီ ၁၊ ၂၀၂၃။ ကချင်ပြည်နယ်၊ မံစီမြိုနယ်ရှိ သံတံတားကျေးရွာတွင် မတ်လ ၃၀ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) လက်အောက် ခြေလျင်တပ်ရင်း ခလရ…

Read More