သဇင် မေ ၄၊၂၀၂၃။ ကရင်ပြည်နယ် ၊မြဝတီမြို့ စစ်ကောင်စီ ထိန်းချုပ်ရာ မြဝတီကုန်သွယ်ရေးဇုန်အတွင်း ဂိတ် ၄ ခုဖွင့်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆက်ကြေးကောက်ခံမှုများ လုပ်ဆောင် နေသည်ဟု နယ်စပ်ကုန်သည်များက ပြောသည်။ ပြီးခဲ့သည့် မတ်လ ၂၅ရက်နေ့တွင် မြဝတီကုန်သွယ်ရေးဇုန်တွင် တိုက်ပွဲဖြစ်ပွားမှုအပြီးတွင် ယခုလို ငွေကြေးကောက်ခံမှုများ တိုးမြှင့်လုပ်ဆောင်လာခြင်းဖြစ်သည်ဟု မြဝတီမြို့နေ…
Author: thanlwinkhet
သံလွင်ခက် မေ ၄ ၊ ၂၀၂၃ ။ မြန်မာငွေ ၈ ဒဿမ ၈၈၂ ဘီလီယံ (ကျပ်သိန်းပေါင်း ၉၀၀၀၀ နီးပါး) တန်ဖိုးရှိ မြန်မာငွေနှင့် တရုတ်ငွေများအားဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုနှင့် လူသတ်မှု ကျူးလွန်ခဲ့သူ မြန်မာနိုင်ငံဖွား တရုတ်လူမျိုး လေးဦးကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့် (MNDAA) က…
သံလွင်ခက်။ မေ ၃ ၊ ၂၀၂၃။ ထိုင်း ရေနံနှင့် သဘာ၀ဓာတ်ငွေ့ ကုမ္ပဏီ (PTTEP) ကို တောင်းဆိုစာပေးပို့ထားသော်လည်း ယနေ့အထိ ၎င်းတို့ဘက်မှ တစ်စုံတစ်ရာအကြောင်းပြန်လာခြင်းမရှိသေးဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။ ၎င်းက ” အခုချိန်ထိ သူတို့ဘက်က တရားဝင်ဘာမှ…
ကောင်းချစ်အောင် မေ ၃ ၊ ၂၀၂၃ ။ အကျဉ်းထောင်အသီးသီးတွင် သေဒဏ်ချမှတ်ခြင်းခံထားရသည့် အကျဉ်းသား/သူ (၃၈) ဦးကို သေဒဏ်ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုပြီး ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲကျခံစေလိုက်ကြောင်း စစ်ကောင်စီက ယနေ့တွင်ထုတ်ပြန်သည်။ အဆိုပါထုတ်ပြန်ချက်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် အကျဉ်းထောင်အသီးသီးတွင်သေဒဏ်ချမှတ်ခြင်းခံထားရသော အကျဉ်းသား/သူ(၃၈)…
သံလွင်ခက်။ မေ ၃၊ ၂၀၂၃။ ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် ၅၀၅ (က) ဥပဒေဖြင့် ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားအချို့ကို ယနေ့ မေလ ၃ ရက်နေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ ထိုသို့ ထုတ်ပြန်ပြီးနောက် အင်းစိန်ထောင်တွင် အကျဉ်းချခံထားရသည့် သတင်းသမားများထဲမှ သုံးဦး ပြန်လည်လွတ်မြောက်လာသည်ဟု ၎င်းတို့နှင့်…
သံလွင်ခက် မေ ၃၊ ၂၀၂၃ ။ ကရင်အမျိုးသားအစည်းအရုံး KNU၏ ၁၇ ကြိမ်မြောက် ကွန်ဂရက်အစည်းအဝေးမှ ထိပ်ပိုင်းခေါင်းဆောင်၅ နေရာအား ယနေ့တွင်အပြီးသတ်ရွေးချယ်တင်မြှောက်နိုင်ခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့် ဧပြီ ၂၄ ရက်တွင်စတင်ကျင်းပခဲ့သော KNU ၁၇ ကြိမ်မြောက်ကွန်ဂရက်တွင် ယမန်နေ့၌ ဥက္ကဋ္ဌနေရာအားရွေးချယ်နိုင်ခဲ့ပြီး ယနေ့တွင် ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးချုပ်၊…
သံလွင်ခက်။ မေ ၃၊ ၂၀၂၃။ (ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် အထူးဆောင်းပါးဖြင့် မြန်မာသတင်းမီဒီယာသမားများအား သံလွင်ခက်မှ အလေးထား ဂုဏ်ပြုအပ်ပါသည်) ခေတ်အဆက်ဆက် စစ်အာဏာရှင်များသည် ၎င်းတို့၏ ဥပဒေမဲ့ ရက်စက်ကြမ်းကြုတ်မှုများ၊ ဖိနှိပ်မှုများကို ဖုံးကွယ်ရန် အမြဲတစေ ကြိုးစားအားထုတ်ခဲ့ကြသည်။ ထိုသို့ ကြိုးစားအားထုတ်ရာတွင် လူထု၏ နား၊ မျက်စိဟု တင်စားလေ့ရှိသည့်…
သံလွင်ခက်။ မေ ၃၊ ၂၀၂၃။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့်ပူးပေါင်းတပ်ဖွဲ့များက ကျောက်ပတောင်းမြို့နယ်၊ ပွေးကျစ်ရဲစခန်းကို ဝင်ရောက်တိုက်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနကယနေ့တွင်ထုတ်ပြန်သည်။ ယမန်နေ့ မေလ ၂ ရက် နေ့လည်(၂)နာရီတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြင်းခြံခရိုင် တပ်ရင်း အမှတ်(၃)၊ ညောင်ဦး PDF၊ ကျောက်ပန်းတောင်း…
ကောင်းချစ်အောင် မေ ၃၊ ၂၀၂၃။ တရုတ််နိုင်ငံခြားရေး၀န်ကြီး မစ္စတာချင်ကန်း Qin Gang မြန်မာနိုင်ငံသို့လာရောက်ခြင်းသည် တရုတ်နိုင်ငံအနေဖြင့်နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်ကြောင်း ပြသနေခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးကပြောကြောင်း စစ်ကောင်စီ၏မြန်မာ့အလင်း သတင်းစာ၌ဖော်ပြထားသည်။ ယမန်နေ့က နေပြည်တော်သို့ ရောက်ရှိလာခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် ထိုနေ့ ညနေပိုင်းတွင်အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည်။ တရုတ်နိုင်ငံခြားရေးခရီးစဥ်နှင့်ပတ်သက်၍ စစ်ကောင်စီဘက်ကဖော်ပြထားရာတွင် နှစ်နိုင်ငံသံတမာန်ဆက်ဆံရေးတိုးမြှင့်မှု၊…
သံလွင်ခက်။ မေ ၃၊ ၂၀၂၃။ ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်တွင် အဂတိလိုက်စားမှုနှင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် စစ်ကောင်စီရန်ကုန်တိုင်း စီးပွားရေးဝန်ကြီးဟောင်း ဦးအောင်သန်းဦး ယနေ့ မေလ ၃ရက် နံနက် ၆နာရီ ကွယ်လွန်ခဲ့သည်ဟု သိရသည်။ အသက် ၅၆ နှစ်အရွယ် ဦးအောင်သန်းဦးကို အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်တင်ပို့ ကုသစဉ် အသက်ရှုလမ်းကြောင်း…