• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»AA ထံ လက်နက်ချအညံ့ခံလာသည့် စစ်ကောင်စီတပ်သားထောင်ချီရှိလာ
နေ့စဉ်သတင်း

AA ထံ လက်နက်ချအညံ့ခံလာသည့် စစ်ကောင်စီတပ်သားထောင်ချီရှိလာ

thanlwinkhetBy thanlwinkhetMarch 27, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

AA ထံ လက်နက်ချအညံ့ခံလာသည့် စစ်ကောင်စီတပ်သားထောင်ချီရှိလာ

*****

သံလွင်ခက်

မတ် ၂၇ ၊ ၂၀၂၄။

ရခိုင်ပြည်နယ်နှင့် ပလက်ဝဒေသတွင် တကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့သည့် ၄ လကျော်ကာလအတွင်း ယင်းဒေသ များက လက်နက်ချအညံ့ခံလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်၊ တပ်မိသားစုအရေအတွက် ထောင်ချီရှိလာပြီဟု ရက္ခိုင့်တပ်တော် – AA က မတ်လ ၂၆ ရက်၌ထုတ်ပြန်သည်။

ရက္ခိုင့်တပ်တော် – AA သည် ရခိုင်ဒေသအတွင်း တပ်စခန်းပေါင်းများစွာကို ဝန်းရံပိတ်ဆို့ဖြတ်တောက်ထားသည် မှာ လပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်သည်။

ယင်းအနက်က စခန်းတစ်ခုဖြစ်သော ရခိုင်ပြည်နယ် ၊ မောင်တောမြို့ရှိ တမန်းသား ရဲကင်းစခန်းအား ၁ လနီးပါး ကြာသည်အထိ ပိတ်ဆို့ဖြတ်တောက်ထားခဲ့ပြီးနောက် မတ်လ ၂၅ ရက်တွင် အဆိုပါစခန်းကအင်အား ၁၀၀ ခန့် ပါဝင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရက္ခိုင့်တပ်တော်ထံ လက်နက်ချခဲ့သည်ဟု AA ၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်နက်ချအညံ့ခံလာသူများကို ကောင်းမွန်စွာစောင့်ရှောက်ထားသည်ဟု AA ကဆိုသည်။

ထို့ပြင် ရက္ခိုင့်တပ်တော်သည် ရခိုင်ဒေသအတွင်းရှိ လက်ကျန်စစ်စခန်းများကို တစ်ရက်မျှရပ်နားခြင်းမရှိဘဲ တစ်ခုပြီးတစ်ခု ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ လက်ကျန်စခန်းများထဲက ဘူးသီးတောင်အခြေစိုက် စကခ – ၁၅ လက်အောက်ခံ ခမရ – ၅၅၂ တပ်ရင်း အား ယခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်၊ နံနက် ၈ နာရီ ၃၅ မိနစ်အချိန်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

ထို့နောက် ခမရ – ၅၅၂ စခန်းအား စစ်ကောင်စီ၏ ကြည်း၊ လေ အပြင်းအထန်ခုခံကာကွယ်မှုကြားထဲက ရက်ပေါင်း ၃၂ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးသည့်နောက် မတ်လ ၂၅ ရက်၊ နေ့လယ် ၁၂ နာရီအချိန်တွင် အဆိုပါစခန်း တစ်ခုလုံးအား အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်း၊ အလောင်းများနှင့်အတူ လက်နက်ချအညံ့ခံခဲ့သော စစ် ကောင်စီတပ်သားအချို့အား ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေသေးသော တပ်ဖွဲ့ဝင်များကိုလည်း လိုက် လံဖမ်းဆီးလျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ရက္ခိုင့်တပ်တော်က ၁ လနီးပါး ဝိုင်းရံပိတ်ဆိုထားနိုင်ခဲ့ပြီး အတိုင်းအတာတစ်ခုထိ သိမ်းပိုက်ရယူထားခဲ့ ပြီဖြစ်သော မောင်တောမြို့ရှိ ကြိမ်ချောင်းနယ်ခြားစောင့်စခန်းကိုလည်း အပြီးသတ်ရယူနိုင်ရေးအတွက် ထိုးစစ်ကို ဆက်လက်အရှိန်အဟုန်မြှင့်လျက်ရှိသည်ဟု သိရသည်။

တစ်ပြိုင်နက်တည်းတွင် စစ်ကောင်စီ၏ အခြားသောစခန်းများကိုလည်း AA က ထိုးစစ်ဆင်တိုက်ခိုက်လျက် ရှိ သည် ဟု ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် AA တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားနေသည်မှာ ၄လကျော်ကြာမြင့်လာ ပြီဖြစ်ကာ AA အနေဖြင့် ပလက်ဝ အပါအဝင် မြို့နယ် ၉ မြို့နယ်အား သိမ်းပိုက်ထားနိုင်ခဲ့သည်။

ပုံစာ – လက်နက်ချအညံ့ခံခဲ့သည့် တမန်းသားရဲကင်းစခန်းက စစ်ကောင်စီတပ်သားများ။

************

Telegram– > https://t.me/newstlk/4006

YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d

Website – >  https://thanlwinkhet.net/?p=8705

Author

  • thanlwinkhet
    thanlwinkhet
    View all posts
Share. Facebook Twitter WhatsApp
Previous Article” ဘီလူးနင်းမယ့်လမ်း “ဒုတိယမြောက်တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၂ ဦးကျဆုံး
Next Article မြန်မာကလေးငယ် ၁၉ ဦးအား နေရပ်ပြန်ပို့မည့်အပေါ်စိုးရိမ်ကြောင်း ထိုင်းအရပ်ဘက်အဖွဲ့များဆို
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.