စစ်ကောင်စီတပ်နှင့် ၆နာရီကြာ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး မြန်မာ့တော်ဝင်နဂါးတပ်တော် ရဲဘော် ၆ ဦးကျဆုံး ************************ ဖေဖော်ဝါရီ၊ ၂၀၂၃။ မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)နှင့် စစ်ကောင်စီတပ်တို့အကြား ၆နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး MRDAဘက်မှ ရဲဘော် ၆ ဦးကျဆုံးခဲ့သည်ဟု သိရသည်။ ယခုနှစ် ဇန်နဝါရီ၃၁ရက်တွင် ယင်းမာပင်မြို့နယ် ညောင်ပင်ရွာကျေးရွာ အရှေ့တောင်ဘက်နေရာ၌ စစ်ကောင်စီတပ်နှင့် MRDA…
Month: February 2023
တော်လှန်ပြည်သူများအား ခိုလှုံခွင့်ပေးရန် ပြင်သစ်အစိုးရထံ NUG လူ့အခွင့်ရေးဝန်ကြီးတောင်းဆို ************************** ဖေဖော်ဝါရီ ၂ ၊ ၂၀၂၃ ။ ပြင်သစ်နိုင်ငံတွင် ရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက တော်လှန်ပြည်သူများအား နိုင်ငံရေးအရခိုလှုံ့ခွင့်ပေးရန်အပါအဝင် အဓိကအချက်၄ချက်ကိုတောင်းဆိုခဲ့သည်။ ယမန်နေ့ ဖေဖော်ဝါရီ ၁ရက်တွင် ပြင်သစ်နိုင်ငံ၌ ကျင်းပခဲ့သည့်…
ကရင်နီပြည် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၀၀ ခန့်သေဆုံး ********************************* ဖေဖော်ဝါရီ ၂၊၂၀၂၃။ ကရင်နီပြည်က တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၈၁ ဦးသေဆုံးခဲ့သည်ဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ဖေဖော်ဝါရီလ ၁ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သည်။ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁ )ရက်နေ့မှ…
ရွှေဘိုနယ်ဘုန်းဘွဲ့ရွာတိုက်ပွဲ PDF သုံးဦးကျဆုံး **************************** ဖေဖော်ဝါရီ ၂ ၊ ၂၀၂၃ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် ဘုန်းဘွဲ့ကျေးရွာတွင် ဖြစ်ပွားခဲ့သောထိတွေ့တိုက်ပွဲ၌ BLACK WOLF – ARMYတပ်မှ တပ်စုမှူးတစ်ဦးအပါအဝင်ရဲဘော် ၃ ဦးကျဆုံးခဲသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၂ရက်၊ နေ့လည် ၁နာရီခန့်တွင် ဘုန်းဘွဲ့ကျေးရွာအနီးသို့စစ်ကြောင်းထိုးလာသော…
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ရန် နိုင်ငံတကာရွေးကောက်ပွဲဆိုင်ရာအဖွဲ့အစည်းများ တိုက်တွန်း **************************** ဖေဖော်ဝါရီ ၁ ၊ ၂၀၂၃ ။ အာဏာသိမ်းစစ်ကောင်စီကကျင်းပမည့် ရွေးကောက်ပွဲကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ဆန့်ကျင်သွားကြရန် တိုက်တွန်းထားသည့် အဆိုပြုချက်ကို ဇန်နဝါရီလ ၃၁ ရက်တွင် နိုင်ငံတကာရွေးကောက်ပွဲဆိုင်ရာ အဖွဲ့အစည်းက ထုတ်ပြန်ထားသည်။ ထိုတောင်းဆိုချက်တွင် စစ်ကောင်စီ၏…
စစ်ဗိုလ်ချုပ်များကို ပြင်းထန်သည့် အရေးယူမှုများ ဆောင်ရွက်ရန် အီးယူ အသင့်ရှိနေ ************************* ဂျာမုန်း ဖေဖော်ဝါရီ ၁ ၊၂၀၂၃။ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ဒီမိုကရေစီစနစ်ပျက်ပြားမှုနှင့် ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုကို ကျူးလွန်နေသူများ၊ တွန်းအားပေးသူများအပေါ် ပြင်းထန်သည့် အရေးယူမှုများ ဆောင်ရွက်ရန် အသင့်ရှိသည်ဟု ဥရောပသမဂ္ဂက ထုတ်ပြန်လိုက်သည်။ ထို့ပြင် စစ်ကောင်စီ၏…
ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦးကို လက်နက်၊ခဲယမ်းများနှင့်အတူဖမ်းဆီးရမိခဲ့သည်ဟု ဒေသခံသတင်းအရင်းအမြစ်များကဖော်ပြထားသည်။ ယနေ့ဖေဖော်ဝါရီလ ၁ရက်၊ နံနက်ပိုင်းတွင် ထန်တလန်မြို့ပေါ် အဆောက်အဦးတစ်ခုအတွင်း၌ CNA နှင့် CDF တပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အဆိုပါ စစ်ကောင်စီတပ်သား ၆ဦးနှင့်အတူ လက်နက်၇ လက်နှင့်ဗုံးသီး ၈လုံးတို့ကိုလည်း ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။…
စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်တာကာလအတွင်း စစ်ကောင်စီက စစ်ရာဇဝတ်မှုများ၊ လူမျိုးတုန်းသတ်ဖြတ်မှုများကျူးလွန်ခဲ့ပြီး အဆိုပါဥပဒေချိုးဖောက်မှုလုပ်ရပ်များတွင် တာဝန်ရှိသူများကို တရားဥပဒေရှေ့မှောက်သို့ ပို့ဆောင်နိုင်ရန် ကြိုးစားသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ထုန်ပြန်ထားသည်။ မဲမသမာမှုများပြုလုပ်သည်ဟူသောအကြောင်းပြချက်ဖြင့် စစ်တပ်ကအာဏာသိမ်းယူခဲ့သည်မှာ ယနေ့ဖေဖော်ဝါရီ၁ရက်တွင် နှစ်နှစ်ပြည့်မြောက်ပြီဖြစ်သည်။ ပြည်သူ့အာဏာကို မတရားရယူရန်ကြိုးစားသည့် အာဏာဖီဆန်မှုမှ အစပြုသည့် စစ်ကောင်စီ၏ နှစ်နှစ်တာကာလအတွင်း ဥပဒေချိုးဖောက်မှုများအတွက် တာဝန်ရှိသူများအားလုံးကို တရားဥပဒေရှေ့မှောက်သို့ ပို့ဆောင်ပြီးထိခိုက်နစ်နာခဲ့ရသူများအားလုံးအတွက်…
ထန်တလန် ကြားကာလ စာသင်ကျောင်းများ ပြန်မဖွင့်နိုင်သေး ************ ဖေဖော်ဝါရီ ၁ ၊ ၂၀၂၃။ ချင်းပြည်နယ် မြောက်ပိုင်း၊ ထန်တလန်မြို့က ကြားကာလပညာရေးကျောင်းများ ယနေ့ အချိန်အထိ ပြန်လည် မဖွင့်နိုင်သေးဟု ပညာရေးတာဝန်ခံများက ပြောသည်။ ထန်တလန်မြို့အနီး စစ်ကောင်စီတပ်၏ ကင်းထောက်လေယာဉ်များ မကြာခဏ ပျံသန်းမှုများကြောင့် ကြားကာလ ပညာသင်ကြားရေး…