နှစ်လအတွင်း စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံး *********************************************** သံလွင်ခက်။ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၃။ ချင်းပြည်နယ်၊ ထန်တလန်မြို့ ရက်ပေါင်း ( ၆၀ ) တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးခဲ့သည်ဟု Chinland defense Force-Thantlang ကထုတ်ပြန်သည်။ Tilim…
Month: February 2023
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ထူးကြီးကျေးရွာရှိ နေအိမ်များနှင့် ယက်ကန်းစင်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။ ရွှေဘိုမြို့ဘက်မှ ထွက်ခွာလာသည့် အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၀ရက်မနက်ပိုင်းတွင် ထူးကြီးကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့သည်။ ထို့နောက် ညနေ ၃ နာရီမှစတင်ကာ နောက်ရက်အထိ ထူးကြီးကျေးရွာအတွင်းရှိ နေအိမ်များနှင့် …
ကရင်ပြည်နယ်၊ ကေအဲန်ယူတပ်မဟာ ၆ နယ်မြေအတွင်းရှိ မြဝတီခရိုင်၊ စုကလိမြို့နယ် ထီးကပလယ်စစ်ကောင်စီစခန်းကုန်းကို ကရင်တော်လှန်ရေးတပ်များနှင့် PDF များပူးပေါင်း တိုက်ခိုက်ခဲ့သည်။ အဆိုပါစခန်းကုန်းကို ယခုလ ဖေဖော်ဝါရီ၈ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး လက်ရှိချိန်ထိသိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ စစ်ရေးတင်းမာနေသည်။ ” အဲ့စခန်းက အချက်အချာကျတယ်။ တောင်ကုန်းနှစ်ကုန်းဆက်ထားတာ။ တောင်ကတက်ရတဲ့နေရာက အရမ်းမတ်စောက်တယ်။ စခန်းခြံစည်းရိုးမရောက်ခင် သတ်ကွင်းတစ်ခုရှိတယ်။…
စစ်ကောင်စီတပ်၏ ရိက္ခာပို့ရဟတ်ယာဉ်တစ်စီးကို ကရင်နီတပ်မတော် KA က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဟတ်ယာဥ်းမဆင်းသက်နိုင်ဘဲ နောက်ကြောင်းပြန်လှည့်ခဲ့ရသည်ဟု သိရသည်။ ထိုင်း-ကရင်နီနယ်စပ် Bp-12 အနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်သည့် ဟွေခမောက်စခန်း (ပွိုင့်-၁၄၄၁)သို့ရိက္ခာပို့ဆောင်ရန် ပျံသန်းလာသော ရဟတ်ယာဉ်တစ်စီးကို ကရင်နီတပ်မတော်အမှတ်(၁)တပ်ရင်းက ယမန်နေ့ဖေဖော်ဝါရီ၂၄ရက်၊မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်တွင် ပစ်ခတ်ခဲ့သည်။ KA တပ်ဖွဲ့ဝင်များ၏ မြေပြင်မှပစ်ခတ်ခဲ့မှုကြောင့် စစ်ကောင်စီတပ်…
မိနစ်အနည်းငယ်အကြာပစ်ခတ်ရုံဖြင့် ရန်သူများကြောက်လန့်တကြားထွက်ပြေးသွားကြသောကြောင့် နာရီဝက်အတွင်းစခန်းကို သိမ်းပိုက်နိုင်ခဲ့သည်ဟု BPLA က ယနေ့တွင်သတင်းထုတ်ပြန်သည်။ ကရင်ပြည်နယ်၊ မူတြော်ခရိုင် KNU တပ်မဟာ ၅ နယ်မြေအတွင်းရှိ စစ်ကောင်စီနှင့် BGF ပူးတွဲနေထိုင်သော တပ်စခန်းတစ်ခုကို ယနေ့နံနက် ၆နာရီခန့်တွင် KNLA နှင့်ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ အဆိုပါစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA၊…
စစ်ကောင်စီတပ်က ပင်လောင်းမြို့နယ်ရှိ အရပ်သားပြည်သူများအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာအမျိုးသမီးထိမှန်သေဆုံးခဲ့သည်ဟု ယနေ့တွင် KNDFက သတင်းထုတ်ပြန်သည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပင်လောင်းမြို့နယ် တောင်စလုံး၊မြောက်စလုံးနှင့်ကောင်မဲတင်းကျေးရွာများသို့ စစ်ကောင်စီတပ်၏ ဖယ်ခုံမြို့အခြေစိုက် စကခ (၇) မှ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် တောင်စလုံးကျေးရွာနေ အသက် ၄၆နှစ်အရွယ်အမျိုးသမီးတစ်ဦး…
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီလက်နက်ကြီး ပစ်သဖြင့်ထိခိုက်ဒဏ်ရာရခဲ့သည့် အမျိုးသမီးကိုဆန်ခါဆေးရုံသို့ ပို့ဆောင်ထားရသည်ဟု ကူညီရေးအဖွဲ့များက ပြောသည်။ ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာအုပ်စုအတွင်းရှိ မဇွပ်ယန်ကျေးရွာအတွင်းသို့ ယမန်နေ့နံနက် ကိုးနာရီခန့်က စစ်ကောင်စီက လက်နက်ကြီး ပစ်သဖြင့်အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက သံလွင်ခက်ကိုပြောသည်။ ထိုအမျိုးသမီး၏ ညာဘက်လက်မောင်း၊ပေါင်နှင့် ကျောကုန်းကို လက်နက်ကြီးအစထိမှန်ခဲ့သည်ဟု ၎င်းနှင့်နီးစပ်သူ တစ်ဦးကပြောသည်။ ၄င်းက “ပစ်သံတော့ လေး၊ငါး၊ခြောက်ချက်…
သံလွင်ရောင်စစ်စိမ်းအင်္ကျီ ဘယ်ရီဦးထုပ်ဆောင်းလျက် ပါးသိုင်းမွေး ၊မုတ်ဆိတ်မွေးထူလပျစ်နှင့် ရိုက်ကူးထားသည့် အာဂျင်တီးနားနိုင်ငံသား ချေဂွေဗားရား (Che Guevara) ၏ဓာတ်ပုံသည် ကမ္ဘာ့အကျော်ကြားဆုံး ဓာတ်ပုံအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ ချီကို ပြောက်ကျားစစ်၏ ပါရဂူတစ်ဦးဟုပင် တင်စားကြသည်။ သူသည် ပြည်သူတို့၏ အကျိူးစီးပွားအတွက်အရင်းရှင်စနစ်၊ လက်ဝါးကြီး အုပ်မှု၊ ကိုလိုနီ လက်သစ်စနစ် နှင့် ပဒေသရာဇ်စနစ်တို့ကို…
အပိုင်း – ၁ တစ်ချိန်က အရှေ့တောင်အာရှတွင် အဖယ်ကျဉ်ခံရဆုံးသောလူမျိုးစုများတွင် “ဝ”လူမျိုးတို့လည်းပါဝင်ခဲ့သည်။ လူအများ၏မှတ်ဉာဏ်တွင်း “ခေါင်းဖြတ်လူရိုင်း”များအဖြစ် ထင်ကျန်နေရစ်ခဲ့သော မြန်မာနိုင်ငံတွင်းမှ “ဝ” လူမျိုးများသည် ယခုတော့ဖြင့် အာရှတိုက်၏ အစိုးရမဟုတ်သော အကြီးမားဆုံးတိုင်းရင်းသားလက်နက်ကိုင်စစ် တပ်ကြီးကိုပိုင်ဆိုင်ထားပြီး ၎င်းတို့လူမျိုးအတွက် လွတ်လပ်ခွင့်ကို ၎င်းတို့ကိုယ်ပိုင်အဖြစ် ရယူထားနိုင်ခဲ့သော မြန်မာနိုင်ငံ၏ အလွတ်လပ်ဆုံးသောလူမျိုးများအဖြစ်ကို ပုံဖော်နိုင်ခဲ့ပေပြီ။ တောတောင်များတွင်းမှ…
နွေဦး တော်လှန်ရေးကို အသုံးချကာ နည်းမျိုးစုံဖြင့် အလှူငွေလိမ်လည်ကောက်ခံမှုများ ရှိနေသည့်အတွက်အလှူရှင်များသတိပြုရန်လိုအပ်သည်ဟု တော်လှန်ရေး ရန်ပုံငွေရှာဖွေသည့် အဖွဲ့များကပြောသည်။ Fundraising team (ရန်ပုံငွေရှာဖွေရေးအဖွဲ့) အမည်ကို အသုံးပြု၍ ငွေကြေးလိမ်လည်မှုများရှိသလို ကျဆုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်များ၏ ဓာတ်ပုံများ အသုံးပြုကာ အလှူငွေ လိမ်လည်ကောက်ခံသူများလည်း ရှိသည်ဟု ရန်ပုံငွေရှာဖွေးရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ မကြာသေးခင်က NUG…