မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိစစ်ကောင်စီတပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်၍ မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က သံလွင်ခက်ကို ပြောသည်။ ယနေ့ မတ်လ၁၀ရက်၊ နံနက်၇နာရီတွင် ရေးမြို့နယ်၊ အာရုတောင်နှင့် စုံနံ့ရွာရှိ ခံသင်းတံတားဘေးရှိစစ်ကောင်စီတပ်စခန်းကို ရေးဘီလူးအဖွဲ့ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။ ” ဒီမနက်၇နာရီ တိတိမှာ ဝင်ရောက်သိမ်းဆည်းနိုင်ခဲ့တယ်။သူတို့စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်။ ကျွန်တော် တို့လက်ဦးမှုရခဲ့တယ်။ကျွန်တော်တို့ပိုင်ပိုင်နိုင်နိုင် စခန်းတွင်းကိုဝင်ရောက်သိမ်းဆည်းနိုင်ခဲ့တာဖြစ်ပါတယ် “ဟု ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က…