ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေဖြစ်သော မြိတ်-ထားဝယ်ခရိုင်အတွင်း လက်လွှတ်ခဲ့ရသည့် စစ်စခန်းတစ်ခုကို ပြန်လည်သိမ်းပိုက်ရန် ကြိုးပမ်းသည့် စစ်ကော်မရှင်တပ်များနှင့် KNLA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကာ နောက်ဆုတ်သွားခဲ့ရသည်ဟု KNU-ဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်-ထားဝယ်ခရိုင် (ကော်သူးလေအုပ်ချုပ်နယ်မြေ)၊ လယ်မူလားမြို့နယ်ရှိ…
Month: September 2025
ရခိုင်ရေပိုင်နက်တွင် ငါးခိုးဖမ်းနေသည့် စက်လှေများအား ဖမ်းဆီးရာတွင် အဆိုပါ လှေနဲ့ အတူလိုက်ပါလာသည့် အကြမ်းဖက်သမားများမှ AA တပ်ဖွဲ့ဝင်နှစ်ဦးအား သတ်ဖြတ်သွားသည်ဟု အာရက္ခတပ်တော် AA မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ နေ့လည် ၁ နာရီကျော်ခန့်တွင် ရသေ့တောင်မြို့နယ် အပိုင် ကိုးတန်ကောက်ကျေးရွာနှင့် ချိန်ခါလီကျေးရွာ အနီးက ရခိုင်ရေပိုင်နက်တွင် ဘင်္ဂလားဒေ့ရှ်…
ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာအတွင်းသို့ စစ်ကောင်စီက ယနေ့ အာရုံတက်ချိန် နံနက် ၁ နာရီကျော်တွင် ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချခဲ့ခြင်းကြောင့် အရွယ်မရောက်သေးသူ ကျောင်းနေအရွယ် ကလေး ၁၈ ဦးသေဆုံးကာ ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိထားသည်ဟု အာရက္ခတပ်တော် AA မှ သတင်းထုတ်ပြန်သည်။ ယနေ့…
သပိတ်ကျင်းမြို့နယ်တွင်း စစ်ကော်မရှင်က ယနေ့ တစ်ရက်တည်း လေကြောင်းနှင့် လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ငါးဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်သည်။ မြို့နယ် ကမ်းပါနီကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်က ယနေ့ ညနေ ၃:၁၅ နာရီတွင် လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့ပြည်သူ…
ဖိုးသောကြာ ဒေါ်နယ်ထရမ့်၏ သစ္စာခံ မဟာမိတ်ဖြစ်ပြီး အမေရိကန်လက်ယာယိမ်းအယူအဆများ စည်းရုံးဝါဒဖြန့်ပေးနေသည့် ချာလီကာ့ခ်သည် ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်း၌ ယူတာ့တက္ကသိုလ် စကားရည်လုပွဲတစ်ခုအတွင်း သေနတ်ဖြင့် အပစ်ခံရကာ လည်ပင်းဒဏ်ရာဖြင့် သေဆုံးခဲ့သည်။ ကျောင်းသားပရိသတ် ၃၀၀၀ တက်ရောက်ခဲ့သည့် ဟောပြောပွဲအတွင်း အသက် ၃၁ နှစ်အရွယ် ကာ့ခ်သည် လက်နက်ကိုင် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ အမေးအဖြေလုပ်နေစဉ်…
ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ညောင်လေးပင်ခရိုင် တပ်မဟာ (၃) က စစ်ကော်မရှင်မှ တစ်ဖက်သတ်ကျင်းပမည့် တရားမဝင် ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း ကြေညာချက်တစ်စောင်ကို ယနေ့ ထုတ်ပြန်လိုက်သည်။ အဆိုပါကြေညာချက်တွင် ညောင်လေးပင်ခရိုင်သည် KNU ဗဟို၏ လမ်းညွှန်မှုအတိုင်း ရပ်တည်ပြီး၊ စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေရန်သာ…
မကွေးတိုင်း၊ ငဖဲမြို့နယ်ကို ထိုးစစ်ဆင်လာသည့် ခလရ ၂၅၉ တပ်စစ်ကြောင်းကို အာရက္ခတပ်တော် AA က တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၇၀ ကျော်သေဆုံးကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့သည်ဟု ယမန်နေ့က ထုတ်ပြန်သည်။ အဆိုပါ စစ်ကြောင်းသည် စက်တင်ဘာ ၇ ရက် ညနေ ၅ နာရီအချိန်တွင် မကွေးတိုင်း၊…
ထိုင်းမြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့ နေအိမ်တစ်ခုတွင် မြန်မာနိုင်ငံသား နှစ်ဦးကို လက်နက်မျိုးစုံ၊ လက်ပစ်ဗုံးတစ်လုံး၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးခဲ့သည်ဟု ထိုင်းသတင်းဌာန AEC က ထုတ်ပြန်သည်။ မဲဆောက်မြို့ စည်ပင်သာယာနယ်နိမိတ်အတွင်း ဘန်ရွမ်ရန်းရပ်ကွက်ရှိ အိမ်နံပါတ် မရှိသော နေ အိမ်တစ်လုံးကို ဝင်ရောက်စစ်ဆေးခဲ့ရာ ပတ်စ်ပို့ ကိုင်ဆောင်ထားသည့် အသက် ၃၆…
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ လက်ခတ်တောင်ကို တော်လှန်ရေးတပ်ဘက်မှ သိမ်းပိုက်ရရှိထားပြီး နှစ်နှစ်ကျော် ယမန်နေ့တွင် စစ်တက်ဘက်မှ ပြန်လည်ရ နေရာယူခဲ့သည်ဟု မြေပြင်ရင်းမြစ်များထံမှ သိရသည်။ မြေပြင်သတင်းရင်းမြစ်တစ်ဦးက “သူတို့ အဲဒီမှာ ရောက်နေပြီလို့တော့ ကြားတယ်။ လက်ခတ်တောင်မှာ တပ်စွဲထားလောက်မှာပေါ့” ဟု ပြောသည်။ တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် လက်ခတ်တောင်ကို ကရင်နယ်ခြားစောင့်တပ်နှင့်ဆွေးနွေးပြီး ပြည်သူပိုင်အဖြစ်…
ထိုင်းအစိုးရဟာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်တဲ့ မြန်မာဒုက္ခသည်တွေအတွက် အလုပ်လုပ်ကိုင်ခွင့် ပိတ်ပင်မှုကို မကြာသေးမီကပဲ ပယ်ဖျက်ပေးလိုက်ပါတယ်။ အဲဒီဒုက္ခသည်တွေဟာ နှစ်နိုင်ငံနယ်စပ်အနီးက စခန်း ၉ ခုမှာ နေထိုင်နေကြတာဖြစ်ပြီး တချို့ဆိုရင် ၁၉၈၀ ပြည့်လွန်နှစ်တွေကတည်းက ရောက်ရှိနေသူတွေဖြစ်ပါတယ်။ ဒီလိုအလုပ်လုပ်ခွင့်ပြုလိုက်တာဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်မှာ ကမ္ဘာတစ်ဝန်းက လူသားချင်းစာနာထောက်ထားမှုအကူအညီအစီအစဉ်တွေကို ဖြတ်တောက်ခဲ့ပြီးနောက် ဖြစ်ပေါ်လာတာပါ။ ဒီနှစ်မတိုင်ခင်အထိ အမေရိကန်ဟာ…