၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်တွင် ထိုင်းအာဏာပိုင်များက တရားမဝင် နယ်စပ် ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၁၁၃ ဦးကို ကန်ချနပူရီပြည်နယ်၊ ထောင်းဖဖုမ်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းသတင်းများတွင် ဖော်ပြသည်။ ဖမ်းဆီးခံရသူများထဲတွင် အမျိုးသား ၇၃ ဦး၊ အမျိုးသမီး ၃၈ ဦးနှင့် ကလေးငယ် ၂…
Month: September 2025
စစ်တပ် အာဏာစသိမ်းချိန်မှ စက်တင်ဘာ ၁၅ ရက်အထိ ငါးနှစ်နီးပါးအတွင်း စစ်ကောင်စီ၏ မတရား သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ပြည်သူ စုစုပေါင်း ၇၂၅၇ ဦးအထိ သေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP မှ ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်က ညသန်းခေါင်အချိန်တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က…
မောင်တောမြို့တွင် ရခိုင်နှင့် မူဆလင်တို့ကြား လူမျိုးရေး ပဋိပက္ခများကြောင့် ၁၃ နှစ်ခန့်ကြာ ပိတ်ထားခံခဲ့ရသည့် မူဆလင်တို့၏ မြို့မဂျာမေဗလီကြီးကို အာရက္ခတပ်တော် AA က ပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်သောကြောင့် ပြန်လည် ဝတ်ပြုခွင့် ရရှိနေပြီဟု ဒေသခံ မူဆလင်များက ဆိုသည်။ အဆိုပါမြို့မဂျာမေဗလီကြီးကို စက်တင်ဘာလ ၁၂ ရက်က မူဆလင်ခေါင်းဆောင်များဖြစ်သည့်…
ကရင်ပြည်နယ်၊ ကော့ကရိတ် မြဝတီအာရှလမ်းပိုင်းတိုက်ပွဲနှင့် စစ်ကော်မရှင်ရွေးကောက်ပွဲအတွက် မဲပေးသည့် မဲဆန္ဒရှင်များအား အကာအကွယ်ပေးမည်ဟု ကရင်အမျိုးသားတပ်မတော် – KNA အမည်ပြောင်း BGF က ထုတ်ပြန်မှုအပေါ် KNA ဟာ ယုံကြည်မရကြောင်း ကရင်အမျိုးသားအစည်းအရုံး – KNU၊ တပ်မဟာ ၅ ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောသည်။ ၎င်းက…
ယမန်နေ့ အာရက္ခပြည်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့မှုတွင် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေသူ အသက် ၁၇ နှစ်အရွယ် မောင်အောင်ငြိမ်းဖြိုးမှာ ယနေ့နံနက်အစောပိုင်းတွင် သေဆုံးခဲ့ရသည်ဟု အာရက္ခတပ်တော်(AA)ကသတင်းထုတ်ပြန်သည်။ သေဆုံးသူ မောင်အောင်ငြိမ်းဖြိုးမှာ Grade 11 တွင်ပညာသင်ယူနေသော ကျောင်းသားတစ်ဦးဖြစ်ပြီး ဗုံးကြဲခံရသော သရက်တပင်ဒေသခံကလေးငယ်တစ်ဦးဖြစ်သည်ဟု အေအေက သတင်းထုတ်ပြန်ထားသည်။ စစ်ကော်မရှင်၏ ယမန်နေ့…
စစ်ကော်မရှင်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ထိုင်းရောက် မြန်မာနိုင်ငံသားများအား ကြိုတင်မဲပေးရန် သတ်မှတ်ရက်အား အောက်တိုဘာလ ၃ ရက်အထိ တိုးမြှင့်လိုက်သည့်ဟု မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။ ကနဦးက စစ်ကော်မရှင် ဦးစီးကျင်းပမည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးလိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် ကြိုတင်မဲအား ဩဂုတ်…
ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ ဆန်ခလပူရီမြို့နယ်တွင် ဝါချီရာလောင်ကွန်ဆည်ကို ဖြတ်၍ တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား သုံးဦး ရေနစ်ခဲ့သည်ဟု ထိုင်းသတင်းများက ဖော်ပြသည်။ စက်တင်ဘာလ ၁၂ ရက်က ဆန်ခလပူရီမြို့နယ်ရှိ ရေလှောင်တမံတစ်ခုအနီး ရုပ်အလောင်းများ မျောပါလာသည်ကို ဒေသခံများက တွေ့ရှိခြင်းဖြစ်ကာ သေဆုံးသူများတွင် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ပါဝင်သည်ဟု…
စစ်ကောင်စီတပ်က အာရှလမ်းမကြီးအား သိမ်းယူပြီးနောက်တွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာသူများအတွက် အရေးပေါ် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အိမ်သာများ လိုအပ်ချက်ရှိနေသည်ဟု စစ်ရှောင်အရေးကူညီသူများထံမှ သိရသည်။ “အဓိက စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေပါတယ်” ဟု လေးကေ့ကော်မြို့တာဝန်ခံ ဦးအေးလွင်က ပြောသည်။ စစ်ကောင်စီတပ်က မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးအား…
စစ်ကော်မရှင်၏ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၏ သဘောထား၊ တပ်မဟာ ၃ နယ်မြေမှာရှိတဲ့ လူထုတွေပါဝင်ပါက ဘယ်လိုအရေးယူသွားမလဲဆိုတာတွေကို ကေအဲန်ယူ၊ ညောင်လေးပင်ခရိုင် (ခလယ်လွီထူ) ၏ ခရိုင်အလုပ်အမှုဆောင်ကော်မတီဝင်နှင့် ခရိုင်ပြောရေးဆိုခွင့်ရှိသူ ပဒိုစောဟဲဂေအား သံလွင်ခက်မှ ဆက်သွယ်မေးမြန်းထားပါသည်။ သံလွင်ခက် – တပ်မဟာ ၃ အနေနဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို…
သန္တာဖြူ မြဝတီမြို့နယ်ထဲက မင်းလက်ပံ- ဖလူးသွားတဲ့ လမ်းမဘေးတလျှောက် လူနေအိမ်တွေနဲ့ ဆိုင်ခန်းတွေဟာ တံခါးတွေ အလုံပိတ်ထားပြီး မြို့ပျက်သဖွယ် တိတ်ဆိတ် ခြောက်ကပ်နေပါတယ်။ တချို့အိမ်တွေမှာ နေထိုင်သူတွေရှိပေမဲ့ ညှိုးငယ်နေတဲ့ မျက်နှာထားတွေနဲ့ တွေ့ရပြီးတော့ ပစ္စည်းတွေ အဆင်သင့် သိမ်းဆည်းနေကြပါတယ်။ လမ်းမပေါ်မှာတော့ အထုတ်အပိုးတွေ၊ အိမ်အသုံးအဆောင်ပစ္စည်းတွေနဲ့ ကလေးက အစ အိမ်မွေးတိရိစ္ဆာန်တွေ…