Month: September 2025

လူမှုကွန်ရက်များကို ပိတ်ပင်မှုနှင့် အကျင့်ပျက်ခြစားမှုများအပေါ် ဒေါသထွက်နေသည့် နီပေါဆန္ဒပြသူ ထောင်ပေါင်းများစွာက အစိုးရအဆောက်အအုံများ၊ နိုင်ငံရေးသမားများ၏ နေအိမ်များကို မီးရှို့တိုက်ခိုက်ခဲ့ပြီးနောက် နီပေါစစ်တပ်သည် မြို့တော် ခတ္တမန္ဒူ၏ လမ်းမများပေါ်တွင် လုံခြုံရေးချထားကာ အခြေအနေကို ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေသည်ဟု နိုင်ငံတကာသတင်းများတွင် ဖော်ပြသည်။ စက်တင်ဘာလ ၉ ရက်တွင် ဆန္ဒပြမှုများ အရှိန်မြင့်လာပြီးနောက် အစိုးရအဆောက်အအုံများနှင့်…

Read More

ခင်သရဖီဦး စစ်တွေမြို့၏ အဓိက ကုန်သွယ်ရေးလမ်းကြောင်းများနှင့် ဝင်ထွက်သွားလာခွင့်များအား ကန့်သတ်ထားသည်မှာ တစ်နှစ်ကျော်ကြာမြင့်ပြီးနောက် ဒေသခံများသည် စားဝတ်နေရေး အခက်ခဲဆုံး အခြေအနေကို ရင်ဆိုင်နေရခြင်းကြောင့် ပြည်မသို့ စစ်ဘေးရှောင်နေသော နေအိမ်အားလုံးနီးပါး နေ့စဉ် ဖောက်ထွင်းခံရမှုများ ရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။ စစ်တွေမြို့ရှိ ဒေသခံများသည် စစ်ကောင်စီ၏ အထွေထွေ ပိတ်ဆို့မှုများကြောင့် ပြီးခဲ့သည့်…

Read More

ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာကို ယခင်ပြစ်မှုတစ်ခုအတွက် ထောင်ဒဏ် ၁ နှစ် ကျခံရန် ယနေ့ အမိန့်ချမှတ်ခဲ့သည်ဟု နိုင်ငံတကာသတင်းများတွင် ဖော်ပြသည်။ ဘန်ကောက်ရှိ အထူးတရားရုံးချုပ်က အသက် ၇၆ နှစ်ရှိပြီဖြစ်သည့် သက်ဆင်ကို မြို့တော်ရှိ အကျဉ်းထောင်သို့ သွားရောက်ရန် အမိန့်ပေးခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် သက်ဆင်သည် အဂတိလိုက်စားမှုနှင့်…

Read More

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်ဌာနချုပ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုတို့က ၂၀၂၄ ခုနှစ်၊ ဧပြီလမှ စတင်ခဲ့သော “အောင်ဇေယျ” စစ်ဆင်ရေးအား ၅၀၃ ရက်ကျော်ကြာ ဟန့်တားနိုင်ခဲ့ခြင်းသည် တော်လှန်ရေးအောင်မြင်မှုအတွက် အဓိကသော့ချက်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ စစ်ကောင်စီ၏ “အောင်ဇေယျ” စစ်ဆင်ရေးသည် ၂၀၂၄ ခုနှစ်၊ ဧပြီလ ဒုတိယပတ်တွင် ကော့ကရိတ်မြို့နှင့်အနီးတစ်ဝိုက်၌…

Read More

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်အနီးသို့ စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်ထံမှသိရသည်။ ယနေ့နံနက် ၁၀ နာရီခန့်အချိန်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံးအား ကြဲချတိုက်ခိုက်ခဲ့သည် ဒေသခံတစ်ဦးထံမှ သိရသည်။ “ရေတံခွန်အနီးတဝိုက်နဲ့ ရသေ့ဂူဘုန်းကြီးကျောင်းနားကိုကြဲသွားတာ” ဟု ၎င်းဆိုသည်။ ကော့ကရိတ် – မြဝတီလမ်းမကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီးနောက်…

Read More

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်မြို့သစ်ရှိ ဒေသခံတချို့သည် စစ်တပ် ရွာထဲ ဝင်လာကာ တိုက်ပွဲဲဖြစ်မည်စိုးရိမ်သောကြောင့် ကြိုတင်တိမ်းရှောင်ကြရသည်ဟု ဒေသခံများထံမှ သိရသည်။ ယမန်နေ့ စက်တင်ဘာလ ၆ ရက်က တော်လှန်ရေးပူးပေါင်းတပ်များထိန်းချုပ်ထားသည့် ခြေမြန်တပ်ရင်း ၃၅၅၊ ၃၅၆ နှင့် သင်္ကန်းညီနောင်ဗျူဟာများကို စစ်တပ်ဘက်မှ အင်အားအလုံးအရင်းဖြင့် ထိုးဖောက်ဝင်ရောက်ခဲ့သောကြောင့် လေးကေ့ကော်ဒေသသို့ ရောက်ရှိလာမည်ကို…

Read More

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် မဟာဗျူဟာမြောက် သံလိုက်များပြုလုပ်ရာတွင် အထူးအရေးပါသည့် မြေရှားသတ္တုများကို တရုတ်က အနိုင်ယူကာ သန့်စင်နေသည့်အပေါ် စိတ်အနှောင့်အယှက် ဖြစ်နေသည်။ ထိုသံလိုက်များသည် စစ်တပ်နှင့် လေကြောင်းဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြုသည့် နည်းပညာမြင့် လက်နက်များနှင့် စစ်ပစ္စည်းများ ဖန်တီးရာတွင် အရေးပါပြီး တရုတ်ကို ထိန်းချုပ်ရန် လိုအပ်သည့် အမေရိကန် စစ်လေယာဉ်များအတွက်လည်း…

Read More

ဘုန်းမောင် မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ အာဏာသိမ်းပြီးချိန်ကစပြီး ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်နိုင်စွမ်းက မကြုံစဖူး ထူးထူးကဲကဲ ဖြစ်လာခဲ့ပါတယ်။ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ဖိနှိပ်မှုတွေကို ပြန်ပြီးတွန်းလှန်ရာမှာ အမျိုးသမီးတွေဟာ အကြမ်းမဖက်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကနေ လက်နက်ကိုင်တော်လှန်ရေးအထိ အရေးပါအရာရောက်ခဲ့ပါတယ်။ မြန်မာ့တော်လှန်ရေးအဖွဲ့တွေရဲ့ ခုခံတွန်းလှန်မှုကြောင့် စစ်အုပ်စုဟာ ဖြည်းဖြည်းချင်း အားလျော့လာနေပါတယ်။…

Read More

မြန်မာနိုင်ငံရှိ ပြည်သူ ၁၆ ဒဿမ ၇ သန်းသည့် စားဝတ်နေရေး မဖူလုံသည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီး ဥပမာအားဖြင့် လူ ဦးတွင် ၁ ဦးသည် ငတ်မွတ်ခြင်းနှင့် ရင်ဆိုင်နေရသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က စက်တင်ဘာ ၅ ရက်တွင် ထုတ်ပြန်လိုက်သည်။   မြန်မာနိုင်ငံတွင်…

Read More

ခင်သရဖီဦး ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းတို့တွင် အာရက္ခတပ်တော်နှင့် စစ်ကော်မရှင်တပ်တို့အကြား တိုက်ပွဲ ပြင်းထန် ဖြစ်ပွားနေပြီး မြေပြင်ထိုးစစ်အတွင်း စစ်တပ်ဘက်မှ အထိအခိုက် အကျအရှုံးများနေ၍ ထွက်ပြေးနေရသည်ဟု ယမန်နေ့ စက်တင်ဘာလ ၅ ရက်တွင် AA က သတင်းထုတ်ပြန်သည်။ မကွေးတိုင်းအတွင်း၌ လုပ်ဆောင်ခဲ့သည့်…

Read More