သံလွင်ခက် ဇူလိုင် ၂၄၊ ၂၀၂၄။ ရှမ်းမြောက် ကျောက်မဲမြို့နယ်နှင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တို့တွင် သုံးရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၄ ဦးသေဆုံးခဲ့ကာ စစ်သုံ့ပန်း (၄၀) ဦးကိုဖမ်းဆီးခဲ့ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့သည်ဟု TNLA က ယမန့်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်မှ ၂၂ ရက်အတွင်း…
Year: 2024
ထူးချစ်(Ashoka Fellows 2008) ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် လူ့အခွင့်အရေးတို့အတွက် တိုက်ပွဲဝင်နေကြသူများ တနည်းအားဖြင့် လက်နက်ကိုင်တော်လှန်ရေးသမားဆိုသူများအနေနှင့် တစ်ခါတစ်ရံ ရည်ရွယ်ချက် ရှိရှိ နှင့်ဖြစ်စေ၊ မလွှဲသာမရှောင်သာကြောင့် ဖြစ်စေ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေသည်ဟု သတင်း ရင်းမြစ်များစွာက ဖော်ပြနေကြသည်။ အဓိကအားဖြင့် စစ်မြေပြင်နှင့် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသူ များနှင့် လက်နက်ချအညံ့ခံသည့်…
ယမင်းဖူးပွင့်အောင် ဇူလိုင် ၂၃၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နှင့် အနီးတစ်ဝိုက်ရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- MNDAA က သိမ်းပိုက်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။ တရုတ်နိုင်ငံ၏စိုးရိမ်မှုကြောင့် ယခုဇူလိုင်လအကုန်အထိ အပစ်ရပ်ထားသော်လည်း လားရှိုးမြို့အဝင် ကားကြီးကွင်း အနီးရှိ စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ- ၄၁ တပ်နေရာဟောင်းဖြစ်သည့်…
သံလွင်ခက် ဇူလိုင် ၂၃၊ ၂၀၂၄ အာဏာသိမ်းစစ်တပ်မှ ဒုဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ဗိုလ်မှူးနှစ်ဦးတို့မှ ဦးဆောင်၍ တပ်သား ၃၀၀ ကျော်သည် ကိုးကန့်တပ်မတော်- MNDAA ထံ လက်နက်ချအလင်းဝင်ခဲ့သည်ဟု ယနေ့တွင် The Kokang က ထုတ်ပြန်လိုက်သည်။ ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်တွင် လက်နက်ချအလင်းဝင်လာမည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို…
သံလွင်ခက် ဇူလိုင် ၂၃၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲနှင့်နောင်ချိုမြို့တို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဇူလိုင်လ ၁၉ ရက်မှ ၂၂ ရက်အထိ လေးရက်အတွင်း အရပ်သား ၁၅ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ သည်ဟု PSLF/ TNLA သတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ပြန်သည်။…
ကောင်းချစ်အောင် ဇူလိုင် ၂၃၊ ၂၀၂၄ စစ်ကောင်စီအနေနဲ့ အာဏာသိမ်းပြီး သုံးနှစ်အကြာ စစ်မျက်နှာပေါင်းစုံမှာ ရှုံးနိမ့်နေချိန်မှာ မြန်မာပြည်သူလူထုအကြား ဘဏ် လုပ်ငန်းတွေပြိုလဲတော့မယ်ဆိုတဲ့ ကောလဟာလဟာလည်း တဖြည်းဖြည်းကြီးထွားလာနေပါတယ်။ နိုင်ငံ့စီးပွားရေး မတည်ငြိမ်ဖြစ်နေချိန်မှာ မြန်မာစစ်တပ်ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတည်ဆောက်ထားနိုင်တဲ့ ခရိုနီ လုပ်ငန်းရှင်တွေသာ လုပ်ကိုင်ခွင့်ရခဲ့တဲ့ ဘဏ်လုပ်ငန်းတွေဟာလည်း အကြပ်အတည်းတွေကို စတင်ရင်ဆိုင်လာ နေရပြီဖြစ် ပါတယ်။…
သံလွင်ခက် ဇူလိုင် ၂၃၊ ၂၀၂၄ မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်း၊ ပန်မထိပ်ရွာအနီးရှိ အကျဥ်းထောင်မှ စစ်ကောင်စီတပ်စခန်းအား တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် မိုးကုတ်ဗျူဟာ-PDF ပူးပေါင်းတပ်ဖွဲ့တို့မှ သိမ်းပိုက်ရရှိခဲ့သည်ဟု PSLF/ TNLA က ယနေ့ထုတ်ပြန်သည်။ အကျဥ်းထောင်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၂၀ လောင်းနှင့် လက်နက်ငယ် ၅…
နန်းဆုပန်ခန့် ဇူလိုင် ၂၂၊ ၂၀၂၄ “ထိုင်းနိုင်ငံအတွင်း နေထိုင်သည့် နိုင်ငံခြားသားလုပ်သားများကို ဖမ်းဆီးစစ်ဆေးခြင်းအရေးယူစီမံချက်” ခေါ် ရက် ၁၂၀ စီမံကိန်းတွင် ဖမ်းဆီးခံရသူများသည် ထိုင်းနိုင်ငံဥပဒေအရ အနိမ့်ဆုံးဒဏ်ငွေ ဘတ် ၅,၀၀၀ နှင့် အမြင့်ဆုံး ပြည်နှင်ဒဏ် ချမှတ်ခံရနိုင်သည်ဟု မြန်မာပြည်သားများအရေးဆောင်ရွက်သူများထံက သိရသည်။ “သူတို့ကို ဥပဒေအရဆိုရင် ဒဏ်ငွေ…
ယမင်းဖူးပွင့်အောင် ဇူလိုင် ၂၂၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့တွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- MNDAA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။ တရုတ်၏ ချက်ချင်းအပစ်အခတ်ရပ်စဲရေးနှင့် စစ်ပွဲများရပ်တန့်ရေးတောင်းဆိုချက်အရ အခုလ ဇူလိုင် ၁၉ ရက်နေ့မှ ဇူလိုင် ၃၁ ရက်အထိ…
ဘုန်းမောင် (ဘာသာပြန်ဆောင်းပါး) ဇူလိုင် ၂၂၊ ၂၀၂၄ မြန်မာပြည်သူများက မြန်မာတပ်မတော်ကို ဆယ်စုနှစ်များစွာကြာအောင်ဝေဖန်ခဲ့သော်လည်း ၂၀၂၁ ခုနှစ် အစောပိုင်း အာဏာသိမ်းပြီးချိန်ကစပြီး ပြည်သူတို့၏မြန်မာတပ်မတော်အပေါ်အမြင်များက အရေးကြီးသောနည်းလမ်းများဖြင့် ပြောင်းလဲသွားခဲ့သည်။ လက်ရှိဖြစ်ပေါ်နေသော မြန်မာတပ်မတော်၏ရက်စက်ကြမ်းကြုတ်မှုများနှင့်ပတ်သက်သည့် ပြည်သူတို့၏သဘောထား အမြင်များရယူခြင်းတွင် တပ်မတော်အပေါ် အရပ်သားများထားရှိသောသဘောထားအမှန်ကို ဖမ်းဆုပ်မိနိုင်ရန် “ပြစ် တင်ဝေဖန်ခြင်း” သို့မဟုတ် “မုန်းတီးခြင်း”…