နန်းဆုပန်ခန့် ဇူလိုင် ၁၉၊ ၂၀၂၄ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ အိမ်တွင်းအကြမ်းဖက်ခံရပြီး သေဆုံးခဲ့သူ မထက်ထက်ဇော်အား ယနေ့နံနက်ပိုင်းတွင် ဝပ်မုတ်ကထန်သုဿန်မှာ မီးသဂြိုလ်ခဲ့သည်။ ပြီးခဲ့သည့် ဧပြီလက ခင်ပွန်းသည်ဖြစ်သူ၏ အိမ်တွင်းအကြမ်းဖက်ခံရပြီး သေဆုံးခဲ့သူ မထက်ထက်ဇော်သည် ကွန်လွန်ပြီး သုံးလကျော်ကြာမှ ယခုလို သဂြိုလ်ခွင့်ရခဲ့ခြင်းဖြစ်သည်။ “ပြည်တွင်းထဲမှာ တရားဥပဒေကင်းမဲ့သွားတဲ့အခါမှာ အနည်းဆုံးတော့ ထိုင်းနိုင်ငံမှာရှိတဲ့…
Year: 2024
နန်းဆုပန်ခန့် ဇူလိုင် ၁၉၊ ၂၀၂၄ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ အိမ်တွင်းအကြမ်းဖက်ခံရပြီး သေဆုံးခဲ့သူ မထက်ထက်ဇော်အား ယနေ့နံနက်ပိုင်းတွင် ဝပ်မုတ်ကထန်သုဿန်မှာ မီးသဂြိုလ်ခဲ့သည်။ ပြီးခဲ့သည့် ဧပြီလက ခင်ပွန်းသည်ဖြစ်သူ၏ အိမ်တွင်းအကြမ်းဖက်ခံရပြီး သေဆုံးခဲ့သူ မထက်ထက်ဇော်သည် ကွန်လွန်ပြီး သုံးလကျော်ကြာမှ ယခုလို သဂြိုလ်ခွင့်ရခဲ့ခြင်းဖြစ်သည်။ “ပြည်တွင်းထဲမှာ တရားဥပဒေကင်းမဲ့သွားတဲ့အခါမှာ အနည်းဆုံးတော့ ထိုင်းနိုင်ငံမှာရှိတဲ့…
ပန်ပန် ဇူလိုင် ၁၈၊ ၂၀၂၄ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် အမြောက်ကုန်း (ခေါ်) စွယ်တော်ကုန်းတပ်စခန်းကို ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။ ယမန်နေ့ညတွင် စွယ်တော်ကုန်းကို သွားရောက်ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကို ပြောသည်။ ၎င်းက “ ဟုတ်တယ်လေ။ အခုရက်ထဲပဲ…
စကားမောင် ဇူလိုင် ၁၈၊ ၂၀၂၄ မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် တိုက်ပွဲများကြား ဒေသခံများပိတ်မိနေသည်မှာ ၂၃ ရက်ကြာမြင့်နေပြီး စားဝတ်နေရေး များပိုကျပ်တည်းလာနေသည်ဟု ဒေသခံများထံက သိရသည်။ မြို့အရှေ့ပိုင်းနှင့် အနောက်ပိုင်းရှိ ဒေသခံများအကြား အဆက်အသွယ်ပြတ်တောက်နေသည့်အပြင် ကုန်စည်စီးဆင်းမှု ရပ်တန့်နေသည့်အတွက် စားနပ်ရိက္ခရှားပါးနေပြီး စက်သုံးဆီများဈေးမြင့်တက်ကာ ဝယ်ယူရန်အလွန်ခက်ခဲနေခြင်းဖြစ် သည်။ “ဒီမှာရှိနေတဲ့လူ အကုန်လုံးကလည်း…
ဂျေအန် (CJ) ဇူလိုင် ၁၈၊ ၂၀၂၄ ရန်ကုန်တိုင်းကမြို့နယ်တချို့တွင် မီးဖိုချောင်သုံးဂတ်စ်များ ဈေးမြင့်တက်ကာ လိုသလောက် ဝယ်ယူမရဖြစ်နေသည်ဟု အိမ်ရှင်မများနှင့် ဂတ်စ်ရောင်းဝယ်ရေးဆိုင်များထံမှ သိရသည်။ ယခုလဆန်းပိုင်းမှစတင်၍ စစ်ကောင်စီလက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာန၊ ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦးစီဌာနတွင် မီးဖိုချောင်သုံး ဂတ်စ်ရောင်းချခွင့်ပြုချက် အသစ်ပြန်လည်လျှောက်ထားရမည်ဖြစ်ပြီး လျှောက်ထားချိန် သုံးလခန့်ကြာမြင့်နေခြင်းကြောင့် ဈေးကွက်ထဲတွင် ဂတ်စ်များပြတ်လပ်နေခြင်းဖြစ်သည်။ လတ်တလောတွင် မတူညီသည့်မြို့နယ်များတွင်…
ယမင်းဖူးပွင့်အောင် ဇူလိုင် ၁၇၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်တိုက်ပွဲများကြောင့် ကွတ်ခိုင်တွင် စစ်ရှောင်များတိုးလာပြီး ဆန်အကူအညီများ လိုအပ်နေသည်ဟု စစ်ရှောင်အရေးကူညီသူများထံက သိရသည်။ လွန်ခဲ့သည့် တစ်ပတ်ခန့်ကလည်း လားရှိုးဒေသခံ ၅၀ ကျော် ကွတ်ခိုင်မြို့သို့ စစ်ဘေးရှောင်လာကြပြီး နောက်ထပ်လည်း တိုးလာရန်ရှိသည့်အတွက် ဆန်ပြတ်လပ်မည်ကို စိုးရိမ်နေသည်ဟု KBC အသင်းတော်မှ စစ်ရှောင်ကူညီသူတစ်ဦးက…
ခင်သရဖီဦး ဇူလိုင် ၁၆၊ ၂၀၂၄ ရခိုင်ပြည်နယ်၊ သံတွဲမြို့ ဂျိတ္တောရပ်ကွက်တွင် အာရက္ခတပ်တော်- AA နှင့် စစ်ကောင်တပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်း၊ ရေကြောင်းတို့ဖြင့် ခုခံတိုက်ခိုက်နေသည်ဟု ဒေသခံများထံက သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းက ခလရ- ၅၅ နှင့် ခမရ- ၅၆၆ တပ်ရင်းများကိုဆုံးရှုံးထားသည့်…
https://youtu.be/1YENJYT-bIE သံလွင်ခက် ဇူလိုင် ၁၆၊ ၂၀၂၄။ ပဋိပက္ခတွေကြားမှာ စောင့်ဆိုင်းလို့မရတဲ့ ကဏ္ဍတွေထဲ ကျန်းမာရေးစောင့်ရှောက်မှုလည်း ပါဝင်နေပါတယ်။ ထိခိုက်လွယ်အုပ်စုတွေကစလို့ ငယ်ရွယ်နုပျိုသူတွေအထိ ကျန်းမာရေးပြသနာဟာ အချိန်နှင့်အမျှ တွေ့ကြုံရတာပါ။ လေကြောင်းတိုက်ခိုက်မှုတွေရှိနေရာမှာလည်း ပြည်သူ့ကျန်းမာရေးစနစ်အကောင်အထည်ဖော်ဖို့ဟာ မလွယ်ကူလှပါဘူး။ ဓါတ်ပုံ – ကလေးဒေသခံ ပြည်သူများအား…
ယမင်းဖူးပွင့်အောင် ဇူလိုင် ၁၆၊ ၂၀၂၄ ရှမ်းပြည်နယ်၊ မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းကို စတင်ခဲ့ပြီးနောက် ရက်ပေါင်း ၂၁ ရက်မှာ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- MNDAA နှင့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA တို့သည် တရုတ်ကွန်မြူနစ်ပါတီ တတိယအကြိမ် စုံညီအစည်းအဝေးကျင်းပရန်ရှိနေခြင်းကြောင့် လေးရက်ကြာ အပစ်ရပ်ဆဲမည်ဟု ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင်…
ယမင်းဖူးပွင့်အောင် ဇူလိုင် ၁၅၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို ယနေ့နေ့လည် ၁၁ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံစစ်ကြောင်း ထိုးဝင်ရောက်လာသည်ဟု ဒေသခံများထံက သိရသည်။ အဆိုပါ စစ်ကောင်စီခြေလျင်စစ်ကြောင်းသည် အင်အား ၃၀၀ ခန့်ပါရှိပြီး ယမန်နေ့ညတွင် ရှမ်းပြည်တောင်ပိုင်းဘက်မှ စတင်ထွက်ခွာလာခြင်းဖြစ်သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA နှင့် နီးစပ်သူတစ်ဦးက…