သဇင် ဇူလိုင် ၂၉၊ ၂၀၂၄။ ပဲခူးမြို့က မြေနိမ့်ပိုင်းရှိ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းတစ်ချို့သည် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေနစ်မြှုပ်နေသည်ဟု လူမှုကူညီရေးအသင်းများထံက သိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်မှ စတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ၄ ပေ ခန့်ကျော်လွန်နေကာ ဒိခိနဆာခါ၊ ရွှေနံ့သာ၊ ဖောင်တော်ဦးကျောင်းသစ်စသည့်…
Year: 2024
ခင်သရဖီဦး ဇူလိုင် ၂၉၊ ၂၀၂၄။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကံသာယာကျေးရွာတွင် စစ်ကောင်စီတပ် နခခ-၅ မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ခဲ့သောကြောင့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။ ပြီးခဲ့သည့်…
သံလွင်ခက်။ ဇူလိုင် ၂၉ ၊ ၂၀၂၄။ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေဖြစ်သည့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းက ကျောက်ကြီးမြို့နယ်၊ ရွှေကျင်မြို့နယ်နှင့် မုန်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများ စားဝတ်နေရေးအခက်ခဲဖြစ်ပေါ်လျက် ရှိသည်ဟု ဒေသခံများထံက သိရသည်။ ရွှေကျင်မြို့နယ်တွင် ချောင်းရေအပြင် ရေကာတာမှ ရေလွှတ်လိုက်သည့်အတွက် နေအိမ်များ ရေနစ်မြုပ်ခဲ့ရသည်ဟု…
သံလွင်ခက်။ ဇူလိုင် ၂၇ ၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုများကြောင့် သရက် ခေါင်းရွာနှင့် သပြေသာရွာက ဒေသခံ ၃ ဦး သေဆုံးခဲ့ပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကျွန်းလှ- ကန့်ဘလူတက် ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့်…
နန်းဆုပန်ခန့် ဇူလိုင် ၂၇၊ ၂၀၂၄။ ထိုင်းရောက်မြန်မာများ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် – CI ကို ပြုလုပ်စရာမလိုဘဲ ပန်းရောင်ကဒ်တစ်မျိုးတည်းဖြင့် ထိုင်းနိုင်ငံအတွင်း နေထိုင်နိုင်ရေး ထိုင်းအစိုးရအဖွဲ့အစည်းတစ်ချို့ဖြင့်ဆွေးနွေးခဲ့သည်ဟု မြန်မာ ပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီအဖွဲ့ ဥဣဌ ဦးမိုးကြိုးက သံလွင်ခက်ကိုပြောသည်။ ပြီးခဲ့သည့် ဇွန်လပိုင်းက ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက် CI စာအုပ်ထုတ်ပေးရေးစင်တာ…
ကောင်းချစ်အောင် ဇူလိုင် ၂၇၊ ၂၀၂၄ အာဏာသိမ်းမှုအစောပိုင်းကာလတွေမှာ ပေါ်ထွက်ခဲ့တဲ့ “တပ်ပျက်နေပြီ” ဆိုတဲ့ ကြွေးကြော်သံတွေဟာ ၂၀၂၃ နှစ်ကုန် ပိုင်းအရောက်မှာ ပိုမိုပီပြင်လာပါတယ်။ မဟာဗျူဟာကျကျစုဖွဲ့တိုက်ခိုက်မှုဟာ ခေတ်မှီစစ်တပ် တစ်ရပ်လို့ နိုင်ငံတ ကာအသိုင်းအဝိုင်းကသတ်မှတ်ခဲ့ကြတဲ့ မြန်မာစစ်တပ်ဟာ ဖရိုဖရဲ ရှုံးနိမ့်စေနိုင်တယ်ဆိုတာကို နိုင်ငံ့အရှေ့မြောက်ဖျား ပိုင်းက ပေါ်ထွက်လာတဲ့ ၁၀၂၇စစ်ဆင်ရေးက သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ ၁၀၂၇…
သံလွင်ခက်။ ဇူလိုင် ၂၇ ၊ ၂၀၂၄။ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းက ရေဘေးသင့် ဒေသခံများအတွက် အရေးပေါ်လူသားခြင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီများလိုအပ်လျက်ရှိသည် ကရင်အမျိုးသားအစည်းအရုံး- KNU က ယနေ့တွင် ထုတ်ပြန်သည်။ ညောင်လေးပင်ခရိုင် (ခလယ်လွီထူခရိုင်) တွင် နေရာအနှံ့အပြားတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မုန်းမြို့နယ်မှ ကျေးရွာ ၉ ရွာ၊…
ယင်းဓာတ်ပုံများသည် ဝါဒဖြန့်မှုသာဖြစ်သည်ဟု စစ်ကောင်စီ ဆို သံလွင်ခက်။ ဇူလိုင် ၂၇ ၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိးမြို့ရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တပ်စခန်းများကို သိမ်းပိုက်ပြီးနောက် အဆိုပါစခန်းများရှေ့၌ အောင်ပွဲခံခဲ့သည့် ဓာတ်ပုံများကို MNDAA က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။ ယင်းထုတ်ပြန်ချက်သည် ဝါဒဖြန့်မှုတစ်ခုသာဖြစ်သည် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့က…
သံလွင်ခက် ဇူလိုင် ၂၇၊ ၂၀၂၄ ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၁၅၀ ကျော် ဝမ်းပျက်ဝမ်းလျောရောဂါခံစားရနေသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်- PPNM က ယနေ့တွင် ထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇူလိုင် ၃ ရက်နေ့တွင် ကျရောက်သည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်မွေးနေ့အဖြစ် အင်းစိန်ထောင်ပိုင် ဇော်လင်းအောင်နှင့် ထောင်အာဏာပိုင်များမှကျွေးသည့် ကြက်သားနှင့်…
ခင်သရဖီဦး ဇူလိုင် ၂၆၊ ၂၀၂၄ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နှင့် သံတွဲမြို့တို့တွင် မိုးသည်းထွန်စွာရွာသွန်းနေခြင်းကြောင့် ချောင်းရေတိုးကာ ရေဘေးကြုံနေရသည့် ဒေသခံများ စားနပ်ရိက္ခာထောက်ပံ့မှုများ လိုအပ်နေသည်ဟု ဒေသခံများနှင့် ကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။ တောင်ကုတ်မြို့က မြေနိမ့်ရပ်ကွက်များဖြစ်သည့် ချောင်းကောက်၊ ဆေးရုံကွက်သစ်၊ မီးစက်အကွက်သစ်၊ ဝေကြီးရပ်ကွက်၊ နတ်မော်ကျေးရွာနှင့် ဝေကျိတ်ကျေးရွာတို့တွင် ရေမြင့်တက်ဆဲဖြစ်ကာ ရိက္ခာထောက်ပံ့မှုများလိုအပ်နေသည်ဟု…