ဘုန်းမောင် သြဂုတ် ၅၊ ၂၀၂၄ စစ်အေးတိုက်ပွဲကာလမျက်နှာပြင်ပေါ်မှာ တရုတ်-မြန်မာဆက်ဆံရေးကိုတင်ကြည့်လျှင် ထူးခြားချက်များရှိနေသည်ကို တွေ့ရပေလိမ့်မည်။ နှစ်နိုင်ငံဆက်ဆံရေးမှာ ၁၉၄၉ ခုနှစ်တွင်စတင်ခဲ့ပြီး မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ – PRC ကို အသိအမှတ်ပြုခဲ့သည့် ဆိုရှယ်လစ်မဟုတ်သော ပထမဆုံးနိုင်ငံဖြစ်လာခဲ့သည်။ ၁၉၆၀ ခုနှစ်မှာတော့ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့်နယ်နိမိတ်အငြင်းပွားမှုကို ပထမဆုံးဖြေရှင်းရသောနိုင်ငံဖြစ်လာ ခဲ့သည်။…
Year: 2024
ခင်သရဖီဦး သြဂုတ် ၁၊ ၂၀၂၄ ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ကုန်စည်စီးဆင်းမှုရပ်တန့်နေခြင်းကြောင့် စားသောက်ကုန်ပစ္စည်းများ ပြတ်လပ်နေပြီး ကုန်စျေးနှုန်းမှာလည်း ၃ ဆအထိ မြင့်တက်နေသည်ဟု ဒေသခံများထံက သိရသည်။ ပြီးခဲ့သည့် ဇွန်လတွင် စစ်ကောင်စီတပ်နှင့် AA တို့အကြား ထိတွေ့တိုက်ပွဲတစ်ချို့ရှိခဲ့ပြီးနောက် စစ်ကောင်စီမှစစ်ဆေးရေးတင်းကြပ်လာသဖြင့် ကုန်တင်ကားသွားလာမှုတစ်ချို့ရပ်တန့်နေပြီး ကုန်စည်စျေးနှုန်းများမြင့်တက်လာရခြင်း ဖြစ်သည်။ “ရန်ကုန်ဖက်က…
ယမင်းဖူးပွင့်အောင် ဩဂုတ် ၁၊ ၂၀၂၄ စစ်အာဏာသိမ်းသည့် ၃ နှစ်ကျော်ကာလအတွင်း နိုင်ငံတဝှမ်းမှ အမျိုးသမီး ၁,၀၀၀ ကျော်နှင့် ကလေးသူငယ် ၇၀၀ နီး ပါးသေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း- AAPP က ယနေ့တွင်ထုတ်ပြန်သည်။ ထုတ်ပြန်ချက်တွင် ၂၀၂၁ ခုနှစ်မှ ယခုနှစ်ဇူလိုင်လကုန်အထိ အမျိုးသမီးပေါင်း ၅,၆၁၁ ဖမ်းဆီးခံရပြီး…
ယမင်းဖူးပွင့်အောင် ဩဂုတ် ၁၊ ၂၀၂၄။ စစ်ကောင်စီ၏ အရေးပေါ်ကာလ သက်တမ်း ၆ လတိုးလိုက်ခြင်းသည် မြန်မာပြည်သူများ၏ဆန္ဒနှင့် ဆန့်ကျင်နေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ မက်သရူးမေလာက ယနေ့တွင် ဆိုလိုက်သည်။ အများပြည်သူဆန္ဒကို ကိုယ်စားပြုသည့် ဒီမိုကရေစီလမ်းကြောင်းကို ပုံဖော်ရာတွင် သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံမှုပြုရန် စစ်ကောင်စီကို တိုက်တွန်းထားသည်။ ထို့ပြင် စစ်ကောင်စီအနေဖြင့်…
ယမင်းဖူးပွင့်အောင် ဇူလိုင် ၃၁၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့သို့ အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်ကို မြန်မာအမျိုးသားဒီမိုကရက် တစ်မဟာမိတ်တပ်မတော်- MNDAA နှင့် ပူးပေါင်းတပ်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ယာဉ် ၆ စီး ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော်သေဆုံးခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။ ယမန်နေ့ ဇူလိုင်လ ၃၀…
ဘုန်းမောင် ဇူလိုင် ၃၁၊ ၂၀၂၄ အိန္ဒိယနယ်စပ်၏ ကီလိုမီတာအနည်းငယ်အကွာ မြန်မာဘက်ခြမ်းတွင် မီဇိုကျေးရွာတည်ရှိသည်။ ဇိုမာဝီသည် အဆိုပါ မီဇိုကျေးရွာသူဖြစ်သည်။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းဒီဇင်ဘာလမှာတော့ သူမနေထိုင်ရာ မီဇိုကျေးရွာ မီးရှို့ခံခဲ့ရဖြင့် အိန္ဒိယ – မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်များ နေထိုင်ရာဆီထွက်ပြေးလာခဲ့သည်။ အဆိုပါနေရာလေးသည် ပြည်တွင်းစစ်မီး တဟုန်းဟုန်းတောက်လောင်နေသော မြန်မာဒုက္ခသည်များ စုပြုံနေထိုင်ကြရာ…
ထွယ် ဇူလိုင် ၃၁၊ ၂၀၂၄ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် တစ်ခုတည်းကျန်ရှိသည့် စစ်ကောင်စီ၏ခြေမြန်တပ်ရင်း ခ.မ.ရ – ၄၃၇ တပ်ရင်းကို ကချင်လွတ်မြောက်ရေးတပ်မတော်- KIA နှင့် ပူးပေါင်းတပ်က တိုက်ခိုက်နေသည်ဟု KIA ထံက သိရသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်မှစတင်ပြီး စစ်ကောင်စီတပ်အနေဖြင့် ၎င်းတို့တပ်စခန်း လက်မလွတ်ရရေးအတွက် မိုးမောက်မြို့နယ်ကို…
ယမင်းဖူးပွင့်အောင် ဇူလိုင် ၃၀၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်းအပြင် မြန်မာနိုင်ငံအနှံ့တွင် ဖြစ်ပွားနေသောပဋိပက္ခများကို တွေ့ဆုံဆွေးနွေးမှုအပါအဝင် ငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းသွားကြရန် ဝပြည်သွေးစည်းညီညွတ်ရေးတပ်- UWSA က တိုက်တွန်းလိုက်သည်။ အပြင်းအထန်ထိခိုက်သွားသော ပြည်သူလူထု၏စီးပွားရေးကို ပြန်လည်နာလန်ထူစေရန်နှင့် နေရပ်စွန့်ခွာသွားသော ပြည်သူလူထုကို လုံခြုံရေးအာမခံချက်ရှိစွာနေရပ်သို့ ပြန်ရောက်စေရန်အတွက် တိုက်တွန်းခြင်းဖြစ်သည်ဟု UWSA က ဇူလိုင် ၂၉…
ခင်သရဖီဦး ဇူလိုင် ၃၀ ၊ ၂၀၂၄။ ရခိုင်ပြည်၊ ဂွမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အတွက် မြို့ပေါ်နေ ဒေသခံအများစုသည် မြို့ကိုစွန့်ခွာပြီး စစ်ရှောင်နေကြသည်ဟု ဒေသခံများထံက သိရသည်။ စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်- AA တို့၏တိုက်ပွဲများသည် သံတွဲမြို့မှတစ်ဆင့် ဂွမြို့အနီးသို့ရောက်ရှိလာသဖြင့် ပြီးခဲ့သည့် မေလမှစတင်၍ ဒေသခံများသည် ရန်ကုန်နှင့် ဧရာဝတီတိုင်းဘက်သို့…
သံလွင်ခက် ဇူလိုင် ၃၀၊ ၂၀၂၄။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ၂ ရက်အတွင်း ကိုယ်ဝန်ဆောင်အမျိုး သမီး ၁ ဦးအပါအဝင် အရပ်သား ၉ ဦးသေဆုံးကာ ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU က ယမန့်နေ့တွင် ထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက်…