သံလွင်ခက် နိုဝင်ဘာ ၂၊ ၂၀၂၄။ ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်ရှိ စစ်ကောင်စီတပ်မှာယမန်နေ့က မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ထံက သိရသည်။ အင်အား ၄၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သည် ပေါင်းတည်မြို့နယ် ကျောက်ကြီးတောင် စခန်းမှ သစ်ပုတ်ကျေးရွာ…
Month: November 2024
သံလွင်ခက် နိုဝင်ဘာ ၂၊၂၀၂၄။ မွန်ပြည်နယ် ၊ ကျိုက်ထိုမြိုနယ်သို စစ်ကောင်စီ စစ်ကြောင်းထိုးလာသောကြောင့် ဒေသခံတစ်သောင်းကျော် စစ်ဘေးတိမ်းရှောင်နေရသည်ဟု ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်တွင် စစ်ကောင်စီတပ်သား အင်အား ၃၀၀ ခန့်ဖြင့် ကျိုက်ထိုမြို နယ် မဲရုံးကြီးကျေးရွာဘက်မှ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည်။ အဆိုပါစစ်ကြောင်းမှာ မိုးဘော(နတ်စဉ်)ကျေးရွာနှင့်…
ခင်သရဖီဦး နိုဝင်ဘာ ၂၊ ၂၀၂၄။ ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် စစ်ကောင်စီက မြိုဝင်မြိုထွက်အား ပိတ်ဆိုထားပြီး မြို့ခံများနှင့် အနီးအနားရှိ ကျေးရွာများမှ ဒေသခံ ၆,၀၀၀ ဝန်းကျင်ကို လူသားဒိုင်းကာအဖြစ် ပြီးခဲ့သည့် အောက်တိုဘာလ (၂၅)ရက်နေ့မှစတင်၍ ပိတ်လှောင်ထားသည်ဟု အမ်းဒေသခံတစ်ဦးက ပြောသည်။ “ စစ်တပ်က အမ်းမှာ လူတွေကို…
သံလွင်ခက် နိုဝင်ဘာ ၂၊ ၂၀၂၄။ မန္တလေးမြို့တွင် မြန်မာအမျိုးသမီးငယ်များကို ပစ်မှတ်ထားကာ တရုတ်မယားအဖြစ်လုပ်ကိုင်ရန် စည်းရုံးလှုပ်ရှားနေသည့် လူကုန်ကူးဂိုဏ်းတစ်ခုကို ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်တွင် ဖမ်းမိခဲ့သည်ဟု စစ်ကောင်စီက ယနေ့တွင် သတင်းထုတ်ပြန်သည်။ အောက်တိုဘာ ၂၄ ရက် မနက်ပိုင်းတွင် မန္တလေးမြို့ တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် ထိုင်းနိုင်ငံသို့…
ယမင်းဖူးပွင့်အောင် နိုဝင်ဘာ ၂၊ ၂၀၂၄။ ချင်းပြည်နယ် မင်းတပ်မြို့တွင် အောက်တိုဘာလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၇၇ ကြိမ်ပြုလုပ်ခဲ့ရာ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့ရသည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Mindat က ယမန်နေ့တွင်ထုတ်ပြန်သည်။ ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်နေ့တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၇၀…
သံလွင်ခက် နိုဝင်ဘာ ၂၊၂၀၂၄။ ပြီးခဲ့သည့် ဇူလိုင်လမှ အောက်တိုလအထိ ၄ လအတွင်း အထူးဒေသ(၁)ကိုးကန့်ထိန်းချုပ်နယ်မြေအား စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ၅၀ ကျော် ပြုလုပ်ခဲ့သည် ဟု ကိုးကန့်တပ် MNDAAက ယမန်နေ့တွင်ထုတ်ပြန်သည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုများအတွင်း စစ်သုံ့ပန်း ၅ဦး နှင့် အရပ်သား ၃၈ ဦးခန့်…
သံလွင်ခက် နိုဝင်ဘာ ၂၊၂၀၂၄။ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် တရုတ်လူမျိုးများ ရောက်ရှိအခြေချပြီး စီးပွားရေးလုပ်ငန်းများစွာလုပ်ကိုင်လာကြသည်ဟု ဒေသခံများထံမှ သိရသည်။ ယခုနှစ် နှစ်ဆန်းပိုင်းမှစပြီး ဘုရားသုံးဆူမြို့ထဲသို့ တရုတ်လူမျိုးများ ဝင်ရောက်လာပြီးနောက် ကာစီနိုလောင်းကစားရုံ ဆောက်လုပ်ရန်အတွက် မြို့နှင့်အနီးပတ်ဝန်းကျင်ရှိ မြေလွတ်မြေရိုင်းများကို ငွေအဆမတန်ပေးကာ ဝယ်ယူလာကြသည်ဟု ဒေသခံအမျိုးသားတစ်ဦးက သံလွင်ခက်ကို ပြောသည်။ ၎င်းက…
မောင်ဘဦး နိုဝင်ဘာ ၂၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) စစ်ကြောင်းထိုးစဉ် ဖမ်းဆီးခံရသည့် ဒေသခံ ၅၀ ဝန်းကျင်ထဲမှ သက်ကြီးရွယ်အို အမျိုးသမီး ၂ ဦနှင့် အမျိုးသား ၁ ဦး ပြန်လည်လွတ်မြောက်ခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ အဆိုပါ ၃ ဦးသည်…
နန်းဆုပန်ခန့် နိုဝင်ဘာ ၂၊ ၂၀၂၄။ ကရင်အမျိုးသားအစည်းအရုံး – ကေအဲန်ယူ၊ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ၊ မူတြော်ခရိုင်အတွင်းရှိ၊ ခေါပုပ် စစ်ကောင်စီစခန်းအား သိမ်းပိုက်ရာတွင် လက်နက်ကြီးများနှင့် အခြားလက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့သည်ဟု ကေအဲန်ယူသတင်းရင်းမြစ်ထံမှ သိရသည်။ အဆိုပါစခန်းအတွင်း သိမ်းပိုက်နိုင်သည့် လက်နက်များမှာ 60mm(၁၁)လက်၊ RPG-7(၃)လက်၊ 81mmတစ်လက်၊ K-3(၉)လက်၊…
သံလွင်ခက် နိုဝင်ဘာ ၁၊ ၂၀၂၄။ မြန်မာနိုင်ငံတောင်ပိုင်းရှိ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားလာသဖြင့် ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တို့နှင့် တိုက်ပွဲဖြစ်ပွားနေသည်မှာ နှစ်ပတ်ကျော်ခန့်ရှိပြီဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) မြိတ်ခရိုင်အမှတ်(၁) တပ်ရင်းထံက သိရသည်။ အင်အား ၇၀၀ ခန့်ရှိသည့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဝင်တို့နှင့် ယနေ့နံနက်ပိုင်းတွင် ပုလောမြို့နယ်၊ နန်းတောင်ကျေးရွာအုပ်စုရှိ…