• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»ဘုရားသုံးဆူမြို့တွင် တရုတ်လူမျိုးများစွာ စီးပွား‌ရေးတိုးချဲ့လာ
နေ့စဉ်သတင်း

ဘုရားသုံးဆူမြို့တွင် တရုတ်လူမျိုးများစွာ စီးပွား‌ရေးတိုးချဲ့လာ

thanlwinkhetBy thanlwinkhetNovember 2, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

သံလွင်ခက်
နိုဝင်ဘာ ၂၊၂၀၂၄။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် တရုတ်လူမျိုးများ ရောက်ရှိအခြေချပြီး စီးပွားရေးလုပ်ငန်းများစွာလုပ်ကိုင်လာကြသည်ဟု ဒေသခံများထံမှ သိရသည်။

ယခုနှစ် နှစ်ဆန်းပိုင်းမှစပြီး ဘုရားသုံးဆူမြို့ထဲသို့ တရုတ်လူမျိုးများ ဝင်‌‌‌ရောက်လာပြီးနောက် ကာစီနိုလောင်းကစားရုံ ဆောက်လုပ်ရန်အတွက် မြို့နှင့်အနီးပတ်ဝန်းကျင်ရှိ မြေလွတ်မြေရိုင်းများကို ငွေအဆမတန်ပေးကာ ဝယ်ယူလာကြသည်ဟု ဒေသခံအမျိုးသားတစ်ဦးက သံလွင်ခက်ကို ပြောသည်။

၎င်းက “ ဘုရားသုံးဆူမြို့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ မြေလွတ်မြေရိုင်းတွေကို ပိုင်ရှင်တွေရောင်းတဲ့ထိ ဈေးတွေအဆမတန်ပေးဝယ်တယ် ။အဆောက်အအုံတွေ ဟိုတယ်တွေဆောက်နေတယ်။ အခုဆိုရင် တရုတ်တွေက အချက်အချာကျတဲ့ နေရာတွေမှာ အိမ်လုံးချင်းတွေ တိုက်ခန်းတွေကို မတရားဈေးနဲ့ လှမ်းပြီးတော့ စားသောက်ဆိုင်တွေဖွင့်တယ် ။ဒီလိုလုပ်ငန်းတွေပါ နယ်ချဲ့လာတဲ့ အခါကျတော့ ဒီမြို့ခံလုပ်ငန်းရှင်တွေ ၊ သာမန်လူတွေရော အခက်အခဲဖြစ်လာတာပေါ့ ”ဟု ဆိုသည်။

ဘုရားသုံးဆူမြို့သည် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ထိန်းချုပ်နယ်မြေတွင်ရှိနေပြီး ထိုင်း-မြန်မာနယ်စပ်ထွက်ပေါက်ရှိသော ဒေသဖြစ်သည်။

ဘုရားသုံးဆူ ဒေသခံတစ်ဦးက “တရုတ်တွေက ဘုရားသုံးဆူဘက်ကို ဖေဖော်ဝါရီလထဲက အခြေချလာတာ။ အခုဆိုရင် လူဦးရေ ၅ထောင်လောက်ရှိပြီ။ တရုတ်တွေက သူတို့စရောက်လာတဲ့အချိန်ထဲကိုက လက်နက်ကိုင် အဖွဲ့တွေကို ကပ်ထားတာလေ၊ ကျွန်တော့်မြို့မှာက KNU ၊ DKBA ၊ BGF (KNA) တွေရော မြို့အုပ်ချုပ်ရေးလုပ်နေတယ်ဆိုတော့ သူတို့ကို ကပ်ထားပြီးတော့ နေနေကြတယ်” ဟု ဆိုသည်။
လက်ရှိအချိန်တွင် ဘုရားသုံးဆူမြို့နှင့် အနီးတဝိုက်၌ အဆိုပါ တရုတ်လူမျိုးဖွင့်လှစ်ထားသော Hotpot ဆိုင်များ၊ အဝတ်အထည်ဆိုင်များ၊ ကားအရောင်းပြခန်းအပါအဝင် ကာစီနိုလုပ်ငန်းများကို လုပ်ကိုင်လျှက်ရှိသည်။

“ စီးပွားရှာတယ်ဆိုပေမယ့်လည်း ကျွန်တော်တို့ ဆိုလိုတဲ့သဘောက ဘုရားသုံးဆူမှာ အုပ်ချုပ်နေတဲ့ KNU၊ DKBA၊ PC၊ MNSP၊ BGF၊ နောက်ဆုံးဒီမှာရှိနေတဲ့ လက်တစ်ဆုပ်စာ စစ်တပ်လည်း ပါရင်ပါမယ် ။ သူတို့က ပြည်သူတွေရဲ့ အခက်အခဲကိုမကြည့်ဘဲနဲ့ တရုတ်တွေရဲ့ အလိုကိုပဲ လိုက်နေမယ်ဆိုရင် တရုတ်တွေရဲ့ စိုးမိုးမှုက ကျွန်တော်တို့ ခန့်မှန်းတာကတော့ မကြာခင်မှာ ဘုရားသုံးဆူမြို့က တရုတ်မြို့ကြီးဖြစ်သွားနိုင်တယ်လို့ပဲ မြင်တယ်ဗျ”ဟု အဆိုပါ ဒေသခံက ဆိုသည်။

ပြီးခဲ့သည့် မေလတွင် မြဝတီမြို့နယ်အတွင်းရှိ ကျားဖြန့်တရုတ်ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသူများအား အောက်တိုဘာလကုန်နောက်ဆုံးထား၍ ထွက်ခွာရန် ကရင်နယ်ခြားစောင့်တပ် BGF ခေါ် ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNA က သတိပေးလိုက်ပြီးနောက်ပိုင်းတွင် ဘုရားသုံးဆူမြို့သို့ ရောက်ရှိလာခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဓါတ်ပုံ – ဘုရားသုံးဆူမြို့ လမ်းမမြင်ကွင်း(သံလွင်ခက်)

Author

  • thanlwinkhet
    thanlwinkhet
    View all posts
Share. Facebook Twitter WhatsApp
Previous Articleဘုတလင် ဓားစာခံ ၃ ဦး ပြန်လည်လွတ်မြောက်လာ
Next Article MNDAA ထိန်းချုပ်နယ်မြေတွင် လေးလအတွင်း လေကြောင်းတိုက်ခိုက်မှု ၅၀ကျော်ပြုလုပ်ခဲ့
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.