Month: November 2024

ခင်သရဖီဦး နိုဝင်ဘာ ၇၊ ၂၀၂၄။ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ကောင်စီက ကုန်လမ်းနှင့် ရေလမ်းများ ပိတ်ဆို့ခံထားသဖြင့် ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေကာ ဒေသခံများ စားဝတ်နေရေး အကျပ်အတည်းများကို ရင်ဆိုင်နေကြရသည်။ လက်ရှိတွင် ပေါ်ဆန်မွှေးဆန်တစ်အိတ်လျှင် ၁၅၀,၀၀၀ ကျပ်၊ ဆီတစ်လီတာလျှင် ၁၅,၀၀၀ ကျပ်၊ ငရုပ်သီး တစ်ပိဿာလျှင် ၅၀,၀၀၀…

Read More

ဘုန်းမောင် နိုဝင်ဘာ ၇၊ ၂၀၂၄။ လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်း ကမ္ဘာ့နိုင်ငံအသီးသီး၌ဖြစ်ပွားခဲ့သောပဋိပက္ခများအား လေ့လာကြည့်မည်ဆိုပါက အနည်းဆုံး ၄၀ ရာခိုင်နှုန်းခန့်သည် သဘာဝသယံဇာတများဖြစ်ကြသော သစ်၊ စိန်၊ ရွှေ၊ ရေနံနှင့် ကျောက်စိမ်းတို့ကဲ့သို့သော တန်ဖိုးကြီးသဘာဝသယံဇာတများကြောင့်သော်လည်းကောင်း၊ မြေဆီမြေဩဇာကောင်းမွန်သောစိုက်ပျိုးမြေနှင့် ရေချိုအရင်းအမြစ်ကဲ့သို့ ရှားပါးသဘာဝသယံဇာတများ ထုတ်ယူသုံးစွဲခြင်းတို့ကြောင့်သော်လည်းကောင်း ပေါ်ပေါက်လာရခြင်းဖြစ်သည်ဟု ကုလသမဂ္ဂပတ်ဝန်းကျင်ဆိုင်ရာအစီအစဥ်…

Read More

သံလွင်ခက် နိုဝင်ဘာ ၆၊၂၀၂၄။ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းကိုဆက်သွယ်ထားသည့် အမ်း-ပဒါန်းလမ်းပိုင်းတွင် လုံခြုံရေးယူထားသော စစ်ကောင်စီ ကင်းစခန်းနှစ်ခုကို တော်လှန်ရေးအင်အားစု မဟာမိတ်များ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၁၀)ဦးခန့် သေဆုံးခဲ့သည်ဟု People’s Revolution Alliance (PRA-Magway ) က ယနေ့တွင် သတင်းထုတ်ပြန်သည်။ ယမန်နေ့ နိုဝင်ဘာ…

Read More

ဘီလျံနာသူဌေးကြီး ဒေါ်နယ်ထရမ့် ၄၇ယောက်မြောက် အမေရိကန်သမ္မတဖြစ်လာ ********************* သံလွင်ခက် နိုဝင်ဘာ ၆၊ ၂၀၂၄။ အဆုံးဖြတ်ပြည်နယ်များ(Swing States)မှ လုံလောက်သော မဲအရေအတွက်ကို စုဆောင်းနိုင်ခဲ့သည့် ရီပတ်ဘလီကန်ပါတီမှ ဒေါ်နယ်ထရမ့်သည် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိရန် သေချာသွားခဲ့ပြီ ဖြစ်သည်။ သူ၏ ဒုတိယအကြိမ်သက်တမ်းဖြစ်ပြီး ယခုအကြိမ် အနိုင်ရရှိမှုသည် အမေရိကန်ပြည်ထောင်စု၏ ၄၇ယောက်မြောက်သမ္မတဖြစ်လာမည်…

Read More

သံလွင်ခက် နိုဝင်ဘာ ၆၊ ၂၀၂၄။ အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲတွင် အဆုံးဖြတ်ပေးမည့် ပြည်နယ် ၇ခုအနက် မြောက်ကယ်ရိုလိုင်းနားနှင့် ‌ဂျော်ဂျီယာပြည်နယ်နှစ်ခုတွင် ရီပတ်ဘလီကန်ပါတီမှ သမ္မတလောင်း ဒေါ်နယ်ထရမ့်က အနိုင်ရသွားပြီဖြစ်သည်ဟု သိရသည်။ ထိုကြောင့် မြောက်ကယ်ရိုလိုင်းနားမှ မဲ၁၆ခုနှင့် ဂျော်ဂျီယာမှ မဲ ၁၆ ခုတို့ကို ထရမ့်အနေဖြင့် ရရှိသွားပြီး အိမ်ဖြူတော်သို့…

Read More

သံလွင်ခက် နိုဝင်ဘာလ ၆၊၂၀၂၄။ တအာင်းပြည်အတွင်းသို့ တင်သွင်းလာသည့် သွင်းကုန်၊ပို့ကုန်များကို အခွန်ကင်းလွတ်ခွင့်ပြုသည်ဟု နိုဝင်ဘာ ၅ ရက်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။ ဒေသခံပြည်သူများ၏အခက်အခဲကိုဖြေရှင်းနိုင်ရန်ရည်ရွယ်ကာပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၏ အကောက်ခွန်ဌာနက အောက်တိုဘာလ ၂၅ ရက်တွင် အတည်ပြုလိုက်သည်ဟု ဖော်ပြထားသည်။ ထိုအခွန်ကင်းလွတ်ခွင့်တွင် တအာင်းပြည်သို့ တင်သွင်းသည့် စားသောက်ကုန်ပစ္စည်းများ၊ စက်သုံးဆီအမျိုးမျိုး၊ အိမ်သုံးကုန်ပစ္စည်းများသာ…

Read More

သံလွင်ခက် နိုဝင်ဘာ ၆၊ ၂၀၂၄။ အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲရလဒ်များကို ပြည်နယ်အသီးသီးတွင် ရေတွက်နေပြီး အဆုံးအဖြတ်ပေးနိုင်မည့် ပြည်နယ် ၇ခုတွင် အနိုင်ရလဒ်မပေါ်သေးဘဲ ဒေါ်နယ်ထရမ့်နှင့် ကမ်မလာဟဲရစ်တို့ မဲအကြိတ်အနယ်ဖြစ်နေသည်ဟု သိရသည်။ အမေရိကန်တွင် ပြည်နယ်စုစုပေါင်း ၅၀ရှိသော်လည်း ပြည်နယ် ၄၃ခုမှာ ရွေးကောက်ပွဲမတိုင်မီကတည်းက ဒီမိုကရက်တစ်နှင့် ရီပတ်ပလီကန်ပါတီနှစ်ခုအတွက် မဲရလဒ်…

Read More

မောင်ဘဦး နိုဝင်ဘာ ၅၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အင်းတဲရွာက အသက် ၇၀ အရွယ် ဒေသခံတဦးကို စစ်ကောင်စီက ဦးခေါင်းဖြတ်သတ်ခဲ့သည်ဟု ရပ်ကျေးပအဖအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်တွင် အဆိုပါအမျိုးသားကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကာ သေဆုံးသူကို အောက်တိုဘာ ၃၁ ရက်တွင် ရပ်ကျေးပအဖအဖွဲ့ဝင်များမှ…

Read More

သံလွင်ခက် နိုဝင်ဘာ ၆၊ ၂၀၂၄။ စစ်ကိုင်တိုင်း၊ ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဦးဝင်းဌေးနှင့် သူ၏ မိသားစုဝင်နှစ်ဦးအသတ်ခံရမှုအပေါ် တရားမျှတမှုရှိရေး ဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ဦးဝင်းဌေး သည် တပုန်းကျေးရွာတွင်ရှိသည့် သူ၏နေအိမ်၌ ဇနီးဖြစ်သူ ဒေါ်ခြိမ့်ခြိမ့်သဲဝေ၊ သုံးလအရွယ်သမီးငယ် မရွှေဝတ်ရည်လွှာ တို့နှင့်အတူ နြိဝင်ဘာ…

Read More

မောင်ဘဦး နိုဝင်ဘာ ၆၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အိုင်းမရွာကို စစ်ကောင်စီက တိုက်ခိုက်ရေးလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ ၄ ဦးသေဆုံးပြီး ၅ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ယမန့်နေ ညနေ ၃ နာရီဝန်းကျင်တွင် ကထိန်အလှူပြုလုပ်နေသည့် အဆိုပါကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ…

Read More