Notice: Function add_theme_support( 'html5' ) was called incorrectly. You need to pass an array of types. Please see Debugging in WordPress for more information. (This message was added in version 3.6.1.) in /home/thansxot/public_html/wp-includes/functions.php on line 6170
စစ်တွေကို စစ်ကောင်စီကလက်နက်ကြီးဖြင့်ပစ်ခတ် **************************** ယမင်းဖူးပွင့်အောင် ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄။ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူများသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူအများအပြားရှိသည်ဟု ဒေသခံများထံက သိရသည်။ စစ်တွေမြို့၊ မြို့မ‌‌ဈေး ကိုးရီးယားဆိပ်ကမ်းကို စစ်ကောင်စီရေတပ်က ယနေ့နံနက် ၈ နာရီအချိန်ခန့်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ရက္ခိုင့်တပ်တော် – AA နှင့်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ပစ်ခတ်ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများပြားသည် ဟု ဒေသခံ ၁ ဦးက ဆိုသည်။ ” စကြားကြားချင်း ၃ ယောက်က ပွဲချင်းပြီးသေသွားတယ်။ ဗုံး ၃ လုံးကျတာ ၁ လုံးပဲကွဲတယ်” ဟုဆိုသည်။ ဒဏ်ရာရရှိသူများကို နီးစပ်ရာဒေသခံများက စစ်တွေမြို့ဆေးရုံသို့ ပို့ဆောင်ပေးထားသည်ဟု ၎င်းကဆက်ပြော သည်။ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ခန့်ရှိပြီး သေဆုံးသူ ၁၀ ဦးခန့်ရှိသည်ဟု ကနဦးသိရသော်လည်း အသေးစိတ်ကို သံလွင်ခက်က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ************ အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။ Telegram – > https://t.me/newstlk/3568 YouTube – > https://youtu.be/eEaLA1Cu5r0 Website – > https://thanlwinkhet.net/?p=8003 – သံလွင်ခက်