စစ်ကောင်စီတပ်၏ ပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်မှုကြောင့် ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုမြို့နယ် နှင့် မိုးဗြဲ၊ဖယ်ခုံ အနောက်ဘက်ခြမ်းရှိ ကျေးရွာများမှ စစ်ဘေးရှောင် အမျိုးသမီး သေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်အခြေစိုက် စစ်ကောင်စီတပ် ၁၀၂၊ ၄၂၇ တပ်ရင်းများကပစ်သည့်…
Year: 2023
ကရင်ပြည်နယ်၊ KNU ထိန်းချုပ်နယ်မြေတွင် ခိုလှုံနေသော စစ်ရှောင်များနှင့် CDM ဝန်ထမ်း မိသားစုများအား ထိုင်းရောက်မြန်မာအလုပ် သမားများက စုပေါင်းကူညီထောက်ပံ့ပေးခဲ့သည်ဟုသိရသည်။ အဆိုပါလှူဒါန်းမှုကို ကိုရဲမင်း(AAC) မဟာမိတ်အဖွဲ့မှ ဦးဆောင်၍ “နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်”မှကော်မတီဝင်များနှင့်အနုပညာရှင်တချို့တို့ပူးပေါင်းပြီး နေရာသုံးနေရာခွဲ၍ လှူဒါန်းထောက်ပံ့ခဲ့သည်ဟု သိရသည်။ ယခုလ ဖေဖော်ဝါရီ ၂၅ရက်တွင် ကရင်ပြည်နယ် အစွန်အဖျား နယ်စပ်ဒေသများတွင်…
စစ်အာဏာသိမ်းချိန်မှစ၍ ၂၀၂၃ ဇန်နဝါရီလကုန်အထိ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးနှင့် အခြားဆက်စပ်ပစ္စည်းများ အမေရိကန်ဒေါ်လာ သန်း၉၆၆သန်းခန့် ဖမ်းဆီးရခဲ့မိသည်ဟု စစ်ကောင်စီလက်အောက်ခံ သတင်းစာများတွင်ရေးသားဖော်ပြထားသည်။ ဖမ်းဆီးရမိသည့် ဘိန်းနှင့်ဘိန်းဖြူအပါအဝင် မူးယစ်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်း စုစုပေါင်းတန်ဖိုးမှာ မြန်မာကျပ်ငွေအားဖြင့် ဘီလီယံနှစ်ထောင်ကျော်ခန့်ရှိနေခြင်းဖြစ်သည်။ နှစ်နှစ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြားအရေအတွက် ၃၆၀သန်းကျော်နှင့် ဘိန်းဖြူ ကီလို ၃၇၀၀နီးပါး ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ ဆေးခြောက်…
ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် ယနေ့မွန်းလွဲ ၃ နာရီခွဲခန့်က စစ်ကောင်စီတပ် လေကြောင်းပစ်မှုကြောင့်အမျိုးသားနှစ်ဦးသေဆုံးပြီး အမျိုးသမီး လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီးသည် ရွှေကူမြို့နယ် မိုးစစ်ကျေးရွာသို့ ပျံဝဲပြီး ရွှေမော် တော်များရှိရာသို့ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက သံလွင်ခက်ကို ပြောသည်။ “ရွှေမော်တော်ရဲ့နောက်မှာ မိသားစု လေးယောက်ရွှေမျောသွားလောင်းနေတာ။…
နှစ်လအတွင်း စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံး *********************************************** သံလွင်ခက်။ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၃။ ချင်းပြည်နယ်၊ ထန်တလန်မြို့ ရက်ပေါင်း ( ၆၀ ) တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးခဲ့သည်ဟု Chinland defense Force-Thantlang ကထုတ်ပြန်သည်။ Tilim…
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ထူးကြီးကျေးရွာရှိ နေအိမ်များနှင့် ယက်ကန်းစင်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။ ရွှေဘိုမြို့ဘက်မှ ထွက်ခွာလာသည့် အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၀ရက်မနက်ပိုင်းတွင် ထူးကြီးကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့သည်။ ထို့နောက် ညနေ ၃ နာရီမှစတင်ကာ နောက်ရက်အထိ ထူးကြီးကျေးရွာအတွင်းရှိ နေအိမ်များနှင့် …
ကရင်ပြည်နယ်၊ ကေအဲန်ယူတပ်မဟာ ၆ နယ်မြေအတွင်းရှိ မြဝတီခရိုင်၊ စုကလိမြို့နယ် ထီးကပလယ်စစ်ကောင်စီစခန်းကုန်းကို ကရင်တော်လှန်ရေးတပ်များနှင့် PDF များပူးပေါင်း တိုက်ခိုက်ခဲ့သည်။ အဆိုပါစခန်းကုန်းကို ယခုလ ဖေဖော်ဝါရီ၈ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး လက်ရှိချိန်ထိသိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ စစ်ရေးတင်းမာနေသည်။ ” အဲ့စခန်းက အချက်အချာကျတယ်။ တောင်ကုန်းနှစ်ကုန်းဆက်ထားတာ။ တောင်ကတက်ရတဲ့နေရာက အရမ်းမတ်စောက်တယ်။ စခန်းခြံစည်းရိုးမရောက်ခင် သတ်ကွင်းတစ်ခုရှိတယ်။…
စစ်ကောင်စီတပ်၏ ရိက္ခာပို့ရဟတ်ယာဉ်တစ်စီးကို ကရင်နီတပ်မတော် KA က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဟတ်ယာဥ်းမဆင်းသက်နိုင်ဘဲ နောက်ကြောင်းပြန်လှည့်ခဲ့ရသည်ဟု သိရသည်။ ထိုင်း-ကရင်နီနယ်စပ် Bp-12 အနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်သည့် ဟွေခမောက်စခန်း (ပွိုင့်-၁၄၄၁)သို့ရိက္ခာပို့ဆောင်ရန် ပျံသန်းလာသော ရဟတ်ယာဉ်တစ်စီးကို ကရင်နီတပ်မတော်အမှတ်(၁)တပ်ရင်းက ယမန်နေ့ဖေဖော်ဝါရီ၂၄ရက်၊မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်တွင် ပစ်ခတ်ခဲ့သည်။ KA တပ်ဖွဲ့ဝင်များ၏ မြေပြင်မှပစ်ခတ်ခဲ့မှုကြောင့် စစ်ကောင်စီတပ်…
မိနစ်အနည်းငယ်အကြာပစ်ခတ်ရုံဖြင့် ရန်သူများကြောက်လန့်တကြားထွက်ပြေးသွားကြသောကြောင့် နာရီဝက်အတွင်းစခန်းကို သိမ်းပိုက်နိုင်ခဲ့သည်ဟု BPLA က ယနေ့တွင်သတင်းထုတ်ပြန်သည်။ ကရင်ပြည်နယ်၊ မူတြော်ခရိုင် KNU တပ်မဟာ ၅ နယ်မြေအတွင်းရှိ စစ်ကောင်စီနှင့် BGF ပူးတွဲနေထိုင်သော တပ်စခန်းတစ်ခုကို ယနေ့နံနက် ၆နာရီခန့်တွင် KNLA နှင့်ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ အဆိုပါစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA၊…
စစ်ကောင်စီတပ်က ပင်လောင်းမြို့နယ်ရှိ အရပ်သားပြည်သူများအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာအမျိုးသမီးထိမှန်သေဆုံးခဲ့သည်ဟု ယနေ့တွင် KNDFက သတင်းထုတ်ပြန်သည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပင်လောင်းမြို့နယ် တောင်စလုံး၊မြောက်စလုံးနှင့်ကောင်မဲတင်းကျေးရွာများသို့ စစ်ကောင်စီတပ်၏ ဖယ်ခုံမြို့အခြေစိုက် စကခ (၇) မှ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် တောင်စလုံးကျေးရွာနေ အသက် ၄၆နှစ်အရွယ်အမျိုးသမီးတစ်ဦး…