စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်တွင်းဒေသသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်စစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်နေသည်ဟု ဒေသခံများထံက သိရသည်။ ဖေဖော်ဝါရီ ၂၆ ရက်မှစပြီး အင်အား ၂၀၀ ဝန်းကျင်ရှိ စစ်ကောင်စီစစ်ကြောင်းသည် ကလေးဝဘက်မှတစ်ဆင့်ကလေးဝ – ယာကြီးလမ်းအတိုင်း ယနေ့ထိ မင်းကင်းဒေသဘက်သို့ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။ အဆိုပါ စစ်ကြောင်းတစ်လျှောက်ရှိ စခန်းကြီး၊…
Year: 2023
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယနေ့နံနက်အစော ပိုင်း၌ ခရီးသည်တင်ယာဉ်တစ်စီးတိမ်းမှောက်ခဲ့ပြီး ခရီးသည်တချို့သေဆုံးခဲ့ရာတွင် ရိုးရာလက်ဝှေ့ မြန်မာပြည်ချန်ပီယံဟောင်း ရွှေဓူဝံပါဝင်ခဲ့သည်ဟု သိရသည်။ ယနေ့နံနက်အစောပိုင်းတွင် ရန်ကုန်- မန္တလေး အမြန်လမ်း ၁၆၇မိုင်တွင် ဒို့ညီနောင်ခရီးသည်တင်ကား တိမ်းမှောက်ခဲ့ပြီး ခရီးသည် ၃ဦးသေဆုံး၍ ၂၀ ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကနဦးသိရှိရသည်။ သေဆုံးသူများတွင် ရိုးရာလက်ဝှေ့မြည်မာပြည်ချန်ပီယံဟောင်း ရွှေဓူဝံပါဝင်ခဲ့သည်ဟု လက်ဝှေ့အသိုင်းအဝိုင်းမှသိရသည်။ “…
ပြီးခဲ့သည့်ဖေဖော်ဝါရီလတွင် စစ်တိုင်းနှင့်စစ်ဒေသ (၃) ခုလုံးရှိ PDF တပ်ရင်းများ၊ ပကဖများ၊ LDF များ လက်တွဲပါဝင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနှင့်တပြိုင်နက်တည်း ဟန်ချက်ညီစစ်ဆင်မှု အကြိမ် ၇၀ တိတိ ဖော်ဆောင် နိုင်ခဲ့ကြသည်ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကပြောသည်။ တိုက်ပွဲဖော်ဆောင်ရာ ဒေသများအဖြစ် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊…
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊အေးမြသာယာအုပ်စုရှိ ရှရော်ခရွာထဲသို့ သေနတ်များပစ်ဖောက်ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသွားသောဒေသခံ ၁၃၅ ဦး ပြန်လည်လွတ်မြောက်လာပြီဟု ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့်နှစ်ရက် မတ်လ ၁ ရက်နေ့ ညနေ၃ နာရီခန့်တွင်စစ်ကောင်စီတပ်မ ၃၃ လက်အောက်ခံ အင်အား ၅၀ကျော်ပါ စစ်ကြောင်းသည် ရှရော်ခရွာထဲသို့ သေနတ်များပစ်ဖောက် ဝင်ရောက်လာပြီး ပြည်သူ…
ကရင်နီတပ်မတော် KA နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တို့ပူးပေါင်း၍ စစ်ကောင်စီတပ်လက်နက်ကြီးစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ယနေ့တွင် KA သတင်းပြန်ကြားရေးအဖွဲ့ကထုတ်ပြန်သည်။ ပြီးခဲ့သည့်ရက်ပိုင်း ဖေဖော်ရီလ၂၇ ရက်၊ နံနက်၆နာရီခွဲအချိန်တွင် ဘီပီ-၁၂၊ ကောက်ကောက်စခန်း အနီးရှိစစ်ကောင်စီတပ်ခလရ(၁၃၅)၊ ခလရ(၅၄)နှင့် အမြောက်တပ်အမှတ်(၃၆၀)တို့ အခြေပြုထားသည့် တောင်ကုန်းပွိုင့်အမှတ်(၁၄၄၁)စခန်း(၁)ခုကို ကရင်နီတပ်မတော်(KA)တပ်ရင်း(၁)၊ တပ်ရင်း(၅)နှင့် KNDF ပူးပေါင်းတပ်တို့မှရုတ်တရက်ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။…
စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖေဖော်ဝါရီလအတွင်း၌ စစ်ကောင်စီတပ်များက ပြည်သူ ၁၉ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး နေအိမ်အလုံးပေါင်း ၆၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနမှ ယမန်နေ့တွင်ထုတ်ပြန်ကြေညာချက်တွင်စစ်ကိုင်းတိုင်းသည် မီးရှို့ခံရမှု အများဆုံးဒေသဖြစ်ပြီး ၇၃ကြိမ်အထိ မီးရှို့ခံခဲ့ရသည်။ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများကြောင့် ပြည်သူ၁၉ဦး အသက်ဆုံးရှုံးခဲ့ရပြီး နေအိမ် ၆၆၆၂…
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ကုန်းရွာကျေးရွာကို နှစ်ရက်ဆက်မီးရှို့ဖျက်ဆီးပြီးပြန်ထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ကာကွယ်ရေးတပ်များ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများခဲ့သည်ဟု သိရသည်။ ကုန်းရွာကျေးရွာအတွင်းကို လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်၍ ဝင်ရောက်ခဲ့သည့် အင်အား ၈၀ ဦးဝန်းကျင်ရှိစစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၈ ရက်ညနေပိုင်းမှ၍ မတ်၁ ရက်နေ့လည်ပိုင်းထိ နေအိမ်များကိုမီးရှို့ဖျက်ဆီးပြီး စစ်ကြောင်းပြန်ထွက်ခဲ့သည်။ ” ယင်းမာပင်မြို့ဘက်ကို…
စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖယ်ခုံမြို့နယ်တွင် ဆယ်တန်းကျောင်းသားတစ်ဦး နှင့် ၎င်း၏ညီဖြစ်သူတို့သေဆုံးခဲ့သည်ဟု ယနေ့နံနက်ပိုင်းတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကဖော်ပြထားသည်။ ပြီးခဲ့သည့်နှစ်ရက် ဖေဖော်ဝါရီလ ၂၈ရက် ည၇:၂၀နာရီကျော်အချိန်တွင် ဖယ်ခုံစစ်ကောင်စီတပ်မှ ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ခေါင်းအိကျေးရွာအုပ်စု၊ ကျေးရွာရှိဘုန်းကြီးကျောင်းအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့သသည်။ အဆိုပါလက်နက်ကြီးပေါက်ကွဲမှုကြောင့် ဘုန်းကြီး ကျောင်းတွင် စာကျက်နေသော…
မကွေးတိုင်းဒေသကြီး မလိုင်မြို့နယ်ရှိ မလှိုင်မြို့နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်းအား အမှတ်(၉၉) ခြေမြန်တပ်မဌာနချုပ်တွင် ဖမ်းဆီးထားပြီး အဆက်သွယ်မရဘဲ သတင်းအစနပျောက်ဆုံးနေသည်ဟု သိရသည်။ မလှိုင်မြို့နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်းသည်ယမန်နှစ် မတ်လ ခုနှစ်ရက်တွင် မိတ္ထီလာမြို့ နှင့် မလိုင်မြို့ကြားတွင် ဖမ်းဆီးခံခဲ့ရပြီး တပ်မ (၉၉)တွင် ချုပ်နှောင်ထားသည်ဟု မလှိုင်မြို့နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးမှ သံလွင်ခက်ကို ပြောသည်။…
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ (၇) ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ CB ဘဏ်တွင် လူငယ်နှစ်ဦးက ခြိမ်းခြောက်ငွေလုယူစဥ် ဖမ်းဆီးခံလိုက်ရသည်ဟု ဒေသခံများထံမှ သိရသည်။ ယနေ့ မတ်လ ၁ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်နာရီအချိန်တွင် အဆိုပါဘဏ်အတွင်းသို့ ဝင်ရောက်လုယက်သူလူငယ်နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်ဟု အနီးနားရှိစျေးသည်တစ်ဦးကပြောသည်။…