Year: 2023

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီလက်နက်ကြီး ပစ်သဖြင့်ထိခိုက်ဒဏ်ရာရခဲ့သည့် အမျိုးသမီးကိုဆန်ခါဆေးရုံသို့ ပို့ဆောင်ထားရသည်ဟု ကူညီရေးအဖွဲ့များက ပြောသည်။ ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာအုပ်စုအတွင်းရှိ မဇွပ်ယန်ကျေးရွာအတွင်းသို့ ယမန်နေ့နံနက် ကိုးနာရီခန့်က စစ်ကောင်စီက လက်နက်ကြီး ပစ်သဖြင့်အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက သံလွင်ခက်ကိုပြောသည်။ ထိုအမျိုးသမီး၏ ညာဘက်လက်မောင်း၊ပေါင်နှင့် ကျောကုန်းကို လက်နက်ကြီးအစထိမှန်ခဲ့သည်ဟု ၎င်းနှင့်နီးစပ်သူ တစ်ဦးကပြောသည်။ ၄င်းက “ပစ်သံတော့ လေး၊ငါး၊ခြောက်ချက်…

Read More

သံလွင်ရောင်စစ်စိမ်းအင်္ကျီ ဘယ်ရီဦးထုပ်ဆောင်းလျက် ပါးသိုင်းမွေး ၊မုတ်ဆိတ်မွေးထူလပျစ်နှင့် ရိုက်ကူးထားသည့် အာဂျင်တီးနားနိုင်ငံသား ချေဂွေဗားရား (Che Guevara) ၏ဓာတ်ပုံသည် ကမ္ဘာ့အကျော်ကြားဆုံး ဓာတ်ပုံအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ ချီကို ပြောက်ကျားစစ်၏ ပါရဂူတစ်ဦးဟုပင် တင်စားကြသည်။ သူသည် ပြည်သူတို့၏ အကျိူးစီးပွားအတွက်အရင်းရှင်စနစ်၊ လက်ဝါးကြီး အုပ်မှု၊ ကိုလိုနီ လက်သစ်စနစ် နှင့် ပဒေသရာဇ်စနစ်တို့ကို…

Read More

အပိုင်း – ၁  တစ်ချိန်က အရှေ့တောင်အာရှတွင် အဖယ်ကျဉ်ခံရဆုံးသောလူမျိုးစုများတွင် “ဝ”လူမျိုးတို့လည်းပါဝင်ခဲ့သည်။ လူအများ၏မှတ်ဉာဏ်တွင်း “ခေါင်းဖြတ်လူရိုင်း”များအဖြစ် ထင်ကျန်နေရစ်ခဲ့သော မြန်မာနိုင်ငံတွင်းမှ “ဝ” လူမျိုးများသည် ယခုတော့ဖြင့် အာရှတိုက်၏ အစိုးရမဟုတ်သော အကြီးမားဆုံးတိုင်းရင်းသားလက်နက်ကိုင်စစ် တပ်ကြီးကိုပိုင်ဆိုင်ထားပြီး ၎င်းတို့လူမျိုးအတွက် လွတ်လပ်ခွင့်ကို ၎င်းတို့ကိုယ်ပိုင်အဖြစ် ရယူထားနိုင်ခဲ့သော မြန်မာနိုင်ငံ၏ အလွတ်လပ်ဆုံးသောလူမျိုးများအဖြစ်ကို ပုံဖော်နိုင်ခဲ့ပေပြီ။ တောတောင်များတွင်းမှ…

Read More

နွေဦး တော်လှန်ရေးကို အသုံးချကာ နည်းမျိုးစုံဖြင့် အလှူငွေလိမ်လည်ကောက်ခံမှုများ ရှိနေသည့်အတွက်အလှူရှင်များသတိပြုရန်လိုအပ်သည်ဟု တော်လှန်ရေး ရန်ပုံငွေရှာဖွေသည့် အဖွဲ့များကပြောသည်။ Fundraising team (ရန်ပုံငွေရှာဖွေရေးအဖွဲ့) အမည်ကို အသုံးပြု၍ ငွေကြေးလိမ်လည်မှုများရှိသလို ကျဆုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်များ၏ ဓာတ်ပုံများ အသုံးပြုကာ အလှူငွေ လိမ်လည်ကောက်ခံသူများလည်း ရှိသည်ဟု ရန်ပုံငွေရှာဖွေးရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ မကြာသေးခင်က NUG…

Read More

စစ်ကောင်စီတပ်က သိမ်းပိုက်ထားသည့်ကေအဲန်ယူ တပ်မဟာ၆ နယ်မြေအတွင်းရှိ KNLA တပ်ရင်း ၁၀၃ စခန်းအား KNLA ၊ KTLA နှင့် KNDO စသည့်ကရင်တပ်များပူးပေါင်း၍ ပြန်လည်တိုက်ခိုက်ခဲ့ရာ ယနေ့နံနက်ပိုင်း၌ စခန်းကိုရရှိခဲ့ပြီးဖြစ်သည်ဟု သိရသည်။ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြို့နယ်အတွင်းရှိ KNLA တပ်ရင်း ၁၀၃ စခန်းအား စစ်ကောင်စီတပ်က…

Read More

နှစ်နှစ်တာကာလအတွင်း တိုင်းပြည်တည်ငြိမ်စေရေးအတွက် တပ်မတော် အနေဖြင့် ဥပဒေနှင့်အညီ ထိန်းထိန်းသိမ်းသိမ်းသာ ဆောင်ရွက် ခဲ့သည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ယမန်နေ့က ကျင်းပသည့်စစ်ကောင်စီအစည်းအဝေးတွင် ပြောကြားခဲ့သည်ဟု သိရသည်။ အဆိုပါအစည်းအဝေးကို နေပြည်တော်တွင် ကျင်းပခဲ့ပြီး အရေးပေါ်ကာလ ၆လတိုးပြီးနောက် အသစ်ထပ်မံဖွဲ့စည်းထားသည့် စစ်ကောင်စီအဖွဲ့ဝင်များပါဝင်သည့် ပထမဆုံး အစည်းအဝေးလည်းဖြစ်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယာယီသမ္မတဟု စစ်ကောင်စီမှ…

Read More

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၄ နယ်မြေက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ကော်သူးလေတပ်မတော် (KTLA) တို့အကြား စစ်ရေးတင်းမာမှုများ ပြေလျော့စေရန် နှစ်ဘက်ဆောင်ရွက်နေမှု နှင့်လိုလားချက်များကို သံလွင်ခက် သတင်းထောက် နန်းဆုပန်ခန့်က ဆက်သွယ်မေးမြန်းထားပါသည်။ သံလွင်ခက်။ ။ KNU အနေနဲ့ တပ်မဟာ ၄ နယ်မြေက စစ်ရေးတင်းမာမှုတွေ ပြေလျော့အောင်…

Read More

လက်နက်၊ ခဲယမ်းများအပါအဝင် လုံခြုံရေးကိစ္စရပ်များကို ပြင်ဆင်သင့်သလောက်ပြင်ဆင်ထားပြီးဖြစ်၍ စစ်အုပ်ချုပ်ရေး ကြေညာလာသည့်အပေါ် အထူးစိုးရိမ်စရာမရှိဟု ရွှေဘိုခရိုင် တပ်ရင်း ၁၈ ၊ ဝက်လက်မြို့နယ်၊နယ်စည်းမခြားတော်လှန်ရေးအင်အားစု တပ်ရင်းမှူး ဗိုလ်စွန်ရဲက ပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီးရှိ ရွှေဘို၊ ဝက်လက်၊ အရာတော် မြို့နယ်သုံးခုကို စစ်အုပ်ချုပ်ရေးထပ်တိုးကြောင်းကို စစ်ကောင်စီ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးအမိန့်ဖြင့် ကြေညာချက်တစ်စောင်ကို ယမန်နေ့တွင်ထုတ်ပြ…

Read More

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့ အမှတ်၂ စည်ပင်သာယာ ရပ်ကွက်ရှိ ရုံးပေါင်းစုံဌာနတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ကာကွယ်ရေးတပ်ဖွဲ့များက လောင်ချာဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးခဲ့သည်ဟုသိရသည်။ ပြီးခဲ့သည့် နှစ်ရက် ဖေဖော်ဝါရီ ၂၁ ရက် ည၁၀ နာရီအချိန်တွင် ရုံးရှေ့သို့ထွက်လာသည့် စစ်ကောင်စီတပ်သားများကို အဝေးပစ်ပုခုံးထမ်းလောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု Mingyan Black Tiger(MBT)ခေါင်းဆောင်ဗိုလ်မိုက်ခဲက သံလွင်ခက်ကိုပြောသည်။…

Read More

ကော်ဘရာစစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ ယနေ့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှဗိုလ်မှူး၁ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့သည်ဟု သိရသည်။ ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်၊ နေ့လည် ၂နာရီ ၁၀မိနစ်တွင် စစ်ကောင်စီ၏ ၅၈၅ တပ်ရင်း၊ စကစ ၁၃ ထုတ်နုတ်အဖွဲ့၏ ယာဉ်၃ စီးသည် ကော်ဘရာစစ်ကြောင်းတာဝန်ယူစောင့်ရှောက်နေသော ဖလူး ဝေါ်လေလမ်းမမှ…

Read More