Year: 2023

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေမှုကြောင့် ခင်ဦးမြို့တွင် ယခုရက်ပိုင်းအတွင်း၌ အသက် ၉၀ ကျော်အဖွားအိုတစ်ဦး၊ အသက် ၁၂ နှစ်နှင့် ၈ နှစ်အရွယ်ကလေးငယ်နှစ်ဦး စုစုပေါင်းပြည်သူ ၃ ဦးအသက်ဆုံးရှုံးထားခဲ့သည်။ ယမန်နေ့ မတ်လ၆ရက်တွင် အင်အား၁၀၀ ဦးကျော်ပါစစ်ကောင်စီတပ်စစ်ကြောင်းသည် ရေးဦးမြို့နယ်၊ အောင်သာယာပျူစောထီးကျေးရွာမှ ရေဦး-ခင်ဦး-ကန့်ဘလူအစပ် ကန့်ဘလူနယ် ကျီစုရွာဘက်မှစစ်ကြောင်းလာသောကြောင့်  ခင်ဦးနယ်မှ ငါးရုံကြီးရွာ၊ရှားတောရွာ၊…

Read More

စစ်ကောင်စီတပ်က ကျေးရွာများသို့ စစ်ကြောင်းထိုးလျှင် ဒေသခံပြည်သူများအနေဖြင့် နေအိမ်တွင် နေထိုင်ခြင်းမပြုဘဲ တိမ်းရှောင်နေထိုင်ရန်  အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ လူ့အခွင့်အရေးဝန်ကြီးဌာနအနေဖြင့် ပညာပေးများပြုလုပ်နေပြီး တချို့နယ်မြေများတွင် ဝိုင်းဝန်း ခုခံကာကွယ်နေသော်လည်း ပြည်သူများအနေဖြင့် အန္တရာယ်ဖြစ်စေမည့် နေရာတွင် မနေထိုင်ကြရန် လိုအပ်သည်ဟု လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက…

Read More

ပဲခူးတိုင်းဒေသကြီး ဝေါမြို့ ဘုရားပျိုရွာတွင် စစ်ကောင်စီက လျှပ်စစ်မီးလိုင်းများဖြတ်တောက်ထားပြီး ကျေးရွာအနီးတစ်ဝှိုက်ရှိ ရွာသား ၁၃ဦး ဖမ်းဆီးထားသည်ဟု ဒေသခံများထံမှသိရသည်။ ယမန့်နေ့ မတ်လ၅ရက် ညပိုင်းတွင် စစ်ကောင်စီအင်အား၂၀ခန့်ဖြင့် ဘုရားပျိုရွာနှင့်  ရွာအနီးတဝိုက်ရှိ ရွာသားများအား အချုပ်ကား(၂)စီးဖြင့် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။ “မနေ့ညကမီးဖြတ်ပြီးတော့ ရွာထဲကို ဝင်တယ်။အဓိကကတော့ အဲ့နားက စစ်တပ်ဂိတ်အပစ်ခံခဲ့ရတဲ့…

Read More

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့မရဲစခန်းကို ယမန်နေ့ညက အဝေးထိန်းမိုင်းနှစ်လုံးဖြင့် သွားရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ယမန်နေ့ည ၈နာရီကျော်တွင် လုံခြုံရေးအထပ်ထပ်ကြားမှ မြို့မရဲစခန်းအနားသို့ အနီးကပ်ဆုံးချည်းကပ်ကာအဝေးထိန်းစနစ်နဲ့ မိုင်းနှစ်လုံးဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု မကွေးခရိုင် အမှတ်၂တပ်ရင်း တပ်ခွဲ၁ People’s Defence Force Yenangyaung တာဝန်ခံ ဗိုလ်စံသျှားက သံလွင်ခက်ကိုပြောသည်။ “ကင်းစောင့်နေတဲ့ရဲတွေတော့ရှိတယ် ကျွန်တော်တို့စောင့်ဆိုင်းပြီး စနစ်တကျဖောက်ခွဲခဲ့တာပါ”ဟု ၎င်းကဆိုသည်။…

Read More

မြေပြင်မှာ ပြုတ်ကျနေသည့် စားလက်စ စတီးဇလုံထဲက ထမင်းကြမ်းခဲဟာ သွေးတွေ အလိမ်းလိမ်းထ ပေကျံလို့ နေသည်။ ထိုစတီးဇလုံဘေးမှာတော့ သွေးအိုင်ငယ်တစ်ခုနှင့် သွေးတွေ စွန်းထင်ကျန်ရစ်နေသည့် ဖိနပ်တစ်ရံလည်း ရှိလို့နေသည်။ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း တစ်နေရာရှိ စစ်ရှောင် မိသားစုဝင် ငါးဦး နေထိုင်သည့် နေအိမ် တစ်ခုကို လက်နက်ကြီးထိမှန်ပြီးနောက် မြင်တွေ့ရသော…

Read More

ကချင်ပြည်နယ်၊ ဖားကန့်မြို့ကားကြီးဝန်းတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီးသေဆုံးခဲ့သည်ဟုဒေသခံများထံမှသိရသည်။ ဖားကန့်မြို့ ကားကြီးဝန်း ရွှေစည်းစိမ်ကဖေး အရှေ့တွင် ယမန်နေ့ မတ်လ ၄ရက် ညနေပိုင်းတွင် အမျိုးသားတစ်ဦးကို မည်မသိအဖွဲ့တစ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ” ခေါင်းကိုအပစ်ခံလိုက်ရတာ။ ဘယ်အဖွဲ့အစည်းကပစ်တယ်တော့မသိဘူး ။ စကစ ကတော့စစ်ဆေးနေတာတွေ့ရတယ် “ဟု ဒေသခံတစ်ဦးကသံလွင်ခက်ကိုပြောသည်။ သေနတ်ဖြင့်အပစ်ခံရသူသည် ကိုအောင်နိုင်…

Read More

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်တွင် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှ မတ် ၃ ရက်နေ့ထိ စစ်ကောင်စီတပ်၏စစ်ကြောင်းထိုးမီးရှို့မှုကြောင့် အဘွားအိုနှစ်ဦး၊ အဘိုးအိုတစ်ဦး အပါအဝင် ဒေသခံပြည်သူ ၂၀ ခန့်သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။ အဘွားအိုနှစ်ဦးသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးမီးရှို့စဉ် နေအိမ်တွင် ကျန်ရစ်ခဲ့ရာမှ မီးလောင်သေဆုံးခဲ့ရပြီး မုဆိုးခြုံကျေးရွာက အသက် ၆၂…

Read More

ပြီးခဲ့သော ဖေဖော်ဝါရီလတွင် ကရင်နီပြည်နယ်အတွင်း တိုက်ပွဲပေါင်း ၃၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား၄၅ဦးသေဆုံးကာ ၁၆ ဦးဒဏ်ရာရခဲ့သည်ဟု ယနေ့တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကသတင်းထုတ်ပြန်သည်။ အဆိုပါတိုက်ပွဲများအတွင်း ကရင်နီပူးပေါင်းတပ်များမှ လက်နက်၃၄  လက်၊ နှင့် ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်။ ဖေဖော်ဝါရီလ ပထမအပတ်အတွင်း၌စစ်ကောင်စီတပ်သည် ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့တွင်းရှိ ဘုရားစေတီကုန်းပေါ်နှင့် မြို့ဘေးပတ်ဝန်းကျင်ရှိ  အနီးတဝိုက်ကျေးရွာများအတွင်း…

Read More

စစ်ကောင်စီတပ် ယာဥ်တန်းလုံခြုံရေးအတွက် ကင်းပုန်းဝပ်ရန်လာသော စစ်ကောင်စီတပ်ဖွဲ့အား တိုက်ခိုက်ခဲ့သည်ဟု ယနေ့တွင် ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ကသတင်းထုတ်ပြန်သည်။ ယမန်နေ့မတ်လ ၃ ရက် ၊နံနက် ၅း၁၀ နာရီအချိန်တွင် KNU ထိန်းချုပ်နယ်မြေဖြစ်သည့် ကျိုက်ထိုမြို့နယ်၊ ရန်ကုန်- မော်လမြိုင် အဝေးပြေးလမ်းမဘေးတစ်နေရာတွင် စစ်ကောင်စီတပ်ယာဥ်တန်းအတွက် လုံခြုံရေးပေးရန် ကင်းပုန်းလာဝပ်သော စစ်ကောင်စီတပ်ဖွဲ့အား KRF…

Read More

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းသို့ စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့်ပြည်သူတစ်ထောင်ကျော် စစ်ဘေးရှောင်ထွက်ပြေးနေရပြီး ကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခု ဖျက်ဆီးခံခဲ့ရသည်ဟုသိရသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူ ခရိုင်တပ်ရင်း(အမှတ်-၁၈)မှ ဆိုင်ကယ်သုံးစီး၊ဒရုန်း တစ်စီး၊မိုင်းဆက်စပ်ပစ္စည်းများ၊လက်နက်ထုတ်လုပ်ရာစခန်းနှင့် အထိုင်စခန်းအား မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု ပေါက်တောင်ပိုင်းပြောက်ကျားတပ် သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်အောင်နိုင်က သံလွင်ခက်ကိုပြောသည်။ “ပစ္စည်းဖွက်ထားတဲ့နေရာတွေပါ လိုက်ရှာပြီး မီးရှို့သွားတာ ဆုံးရှုံးမှုတန်ဖိုးကို သေချာမတွက်နိုင်သေးဘူး”ဟု ၎င်းကပြောသည်။ ပေါက်မြို့နယ် ကင်းမရွာသို့ဦးတည်လာသည့်…

Read More