သဇင် ဧပြီ ၁၈၊ ၂၀၂၃။ ကရင်ပြည်နယ်၊ မြဝတီမြို့အနီး တောစပ်မှ ဆင်များ မြဝတီမြို့ထဲသို့ ရောက်ရှိနေသည်ဟု ဒေသခံများကပြောသည်။ ယမန်နေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မြဝတီမြို့ ၊အမှတ် (၄) ရပ်ကွက် ၊အေးသာယာ (၆)လမ်းရပ်ရှိ လူနေအိမ်ခြံထဲသို့ အရွယ်ရောက်ပြီးသား ဆင်ကြီး နှစ်ကောင် ရောက်ရှိလာသည့်အတွက် ဒေသခံများခြောက်လှန့်မောင်းထုတ်ခဲ့ရသည်ဟု အသက်…
Month: April 2023
သံလွင်ခက်။ ဧပြီ ၁၇၊ ၂၀၂၃။ မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်နေ့အဖြစ် ယနေ့ ဧပြီလ ၁၇ ရက်နေ့တွင် အကျဉ်းသား ၃၀၀၀ ကျော်ကို ခံဝန်လက်မှတ်ထိုးပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည်ဟု ထုတ်ပြန်သည်။ အကျဉ်းသား ၃၀၀၀ ကျော်တွင် ၂၀၀ နီးပါးကို ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်က လွှတ်ပေးခဲ့သည်ဟု ဘီဘီစီသတင်းဌာနတွင် ဖော်ပြထားသည်။…
ဧပြီ ၁၇ ၊ ၂၀၂၃ ။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မိုးကုတ်ဒေသ တပ်ရင်းတပ်ဖွဲ့များကို လက်နက်တပ်ဆင်ခဲ့သည်ဟုNUGကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ မိုးကုတ်ဒေသရှိ တပ်ရင်းတပ်ဖွဲ့များကို ယမန်နေ့ ဧပြီ ၁၆ရက်တွင် လက်နက်တပ်ဆင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏တပ်ရင်းတပ်ဖွဲ့များအား လက်နက်တပ်ဆင်ခြင်းကို လုပ်ထုံးလုပ်နည်းများနှင့်အညီ…
Saw Smith ဧပြီ ၁၇ ၊ ၂၀၂၃ ။ တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများနှင့်ဒဏ်ရာရရှိသူများသည် စစ်ဘေးရှောင်များနှင့်ရွာခံများဖြစ်သည်ဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူ မင်းတပ်CDF တပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကိုပြောသည်။ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်အတွင်းကို စစ်ကောင်စီက ယမန်နေ့ ဧပြီ၁၆ရက်၊ သင်္ကြန်အတက်နေ့တွင် တိုက်လေယာဥ်ဖြင့်ဗုံးသီးများကြဲချတိုက်ခိုက်ခဲ့ရာ အသက် ၇၀ အရွယ်အဖွားတစ်ဦးနှင့် အသက်၄နှစ်အရွယ်ကလေးတစ်ဦးသေဆုံးခဲ့သည်ဟု…
ဧပြီ ၁၇ ၊ ၂၀၂၃ ။ ယနေ့ဧပြီလ၁၇ရက်၊ နှစ်ဆန်း၁ရက်တွင် အကျဥ်းသား/အကျဥ်းသူ ၃၀၁၅ ဦးကိုပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်သည်ဟု စစ်ကောင်စီကကြေညာသည်။ အကျဥ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ချမှတ်ခံထားရသည့် အကျဥ်းသူ၊အကျဥ်းသား၃၀၁၅ ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ နောက်တစ်ကြိမ်ပြစ်မှုထပ်ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသောပြစ်ဒဏ်များကိုပါဆက်လက်ကျခံရမည်ဟုဆိုကာ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၏…
ဧပြီ ၁၆ ၊ ၂၀၂၃ ။ ယနေ့သင်္ကြန်အတက်နေ့တွင် စစ်ကောင်စီက ချင်းပြည်နယ်၊မင်းတပ်မြို့နယ်အတွင်းကို တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူနှစ်ဦးသေဆုံးခဲ့သည်။ မင်းတပ်မြို့နယ်၊ တိုက်နယ်(၁) ပန်းပါကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ဧပြီလ၁၆ရက်၊ ညနေ၃နာရီနှင့်၄နာရီကြားအချိန်၌ ဂျက်ဖိုက်တာဖြင့် ၆ ကြိမ် ၊ဗုံး၁၇ လုံးဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် အသက် ၇၀အရွယ်အဘွား…
Saw Smith ကရင်နီပြည် (ကယားပြည်နယ်)၊ လွိုင်ကော်မြို့ စစ်ကောင်စီဗဟိုမဏ္ဍပ်တွင် ယနေ့သင်္ကြန်အကြတ်နေ့၌ ဗုံးပေါက်ကွဲခဲ့ရာ ၂၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယနေ့ ဧပြီလ ၁၅ ရက်၊ နံနက် ၉ နာရီခွဲခန့်တွင် လွိုင်ကော်မြို့ ပြည်နယ်ထွေအုပ်ရုံးရှေ့ရှိ သင်္ကြန်မဏ္ဍပ်တွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူက…
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် သေဆုံးသူ ၁၇၄ဦးအထိ ရှိလာပြီဖြစ်ပြီး အသက်မပြည့်သေးသူ ကလေးငယ် ၃၈ ဦးပါဝင်ကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများထံက သိရသည်။ အဆိုပါ ကလေးငယ် ၃၈ ဦးတွင် ၁၇ နှစ်အောက်အသက်အရွယ်များကို ကောက်ယူထားခြင်းဖြစ်ပြီး သေဆုံးသူထဲတွင် အသက်အငယ်ဆုံးမှာ နို့တိုက်အရွယ် ၆ လသားကလေးငယ်များပါ ပါဝင်သည်ဟု…
ယမင်းဖူးပွင့်အောင် ဧပြီ ၁၅၊ ၂၀၂၃။ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ရှိ NLD ပါတီဝင်တစ်ဦး၏ နေအိမ် ချိတ်ပိတ်ခြင်းခံခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။ မင်းလှမြို့နယ်၊ ရှမ်းတပ်ကြီးကျေးရွာရှိ မင်းလှမြို့နယ် NLD မြို့နယ် လူငယ်တာဝန်ခံ ကိုကျော်သူရ၏ နေအိမ်ကိုယမန်နေ့နံနက် ၉ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ချိတ်ပိတ်သွားခြင်းဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ…
Saw Smith ဧပြီ ၁၄ ၊ ၂၀၂၃ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်တွင် သေဆုံးသူအရေအတွက်မှာ ၁၇၁ ဦးထိရှိလာပြီဖြစ်သည်ဟု သေဆုံးစာရင်းများကို လိုက်လံပြုစုနေသည့် ပဇီကြီးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များထံမှ သိရသည်။ ပြီးခဲ့သည့်ရက်ပိုင်း ဧပြီ၁၁ ရက်တွင် လူရာချီ၍ အစုလိုက်ရှိနေသည့် ပဇီကြီးရွာ ကျွေးမွေးဧည့်ခံပွဲတစ်ခုကိုစစ်ကောင်စီ၏အနောက်မြောက်တိုင်းစစ်ဌာနချုပ်က တိုက်လေယာဥ်များဖြင့်ဗုံးကြဲ၊ပစ်ခတ်တိုက်ခိုက်ခဲ့ရာအမြောက်အများ သေဆုံးခဲ့သည်။…