Saw Smith ဧပြီ ၁၄ ၊ ၂၀၂၃ ။ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးတွင် ယခုလဆန်းပိုင်းတွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲများအတွင်း၌ ကျားသစ်နက်နှင့်ကော်ဘရာစစ်ကြောင်းတို့မှ ရဲဘော်၇ဦးကျဆုံးခဲ့သည်။ ပြီးခဲ့သောမတ်လ ၂၅ရက်တွင် မြဝတီကုန်သွယ်ရေးဇုန်၌တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် ယခုလ၁ရက်မှ ယနေ့ ၁၃ရက်အထိ မြဝတီမြို့အနီး၌ နေ့စဥ်နီးပါးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ တပ်မဟာ ၆ KNU/KNLA ပူးပေါင်းတပ်ဖွဲ့ ၊ကျားသစ်နက်စစ်ကြောင်း၊ ကော်ဘရာစစ်ကြောင်း…
Month: April 2023
Saw Smith ဧပြီ ၁၃ ၊ ၂၀၂၃ ။ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် ယခုနောက်ဆုံးဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း၌ တင့်ကားနှစ်စီးအပါအဝင် စစ်ကောင်စီတပ်ထောက်ပို့ယာဥ် ၉စီးကိုဖျက်ဆီးနိုင်ခဲ့သည်ဟု ချင်းအမျိုးသားတပ်မတော် CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက သံလွင်ခက်ကိုပြောသည်။ ဟားခါးမြို့နယ် ချွန်ကျုံးရွာတွင် စစ်ကောင်စီတပ်ထောက်ပို့ယာဥ်တန်းနှင့် CNAအပါအဝင်ချင်းပူးပေါင်းတပ်တို့ ယမန်နေ့၊ ယနေ့တို့တွင် နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သည်။…
သဇင် ဧပြီ ၁၃၊ ၂၀၂၃။ လေကြောင်းတိုက်ခိုက်မှု ကျူးလွန်သူများကို နိုင်ငံတကာဥပဒေများဖြင့် အရေးယူနိုင်အောင် ကြိုးပမ်းမည်ဟုအမျိုးသား ညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇောက သံလွင်ခက်ကို ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လေကြောင်းတိုက်ခိုက်မှုများအပါအဝင် ဥပဒေမဲ့ ကျူးလွန်မှုများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၏ သဘောထားနှင့် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ သံလွင်ခက်သတင်းဌာန၏ မေးမြန်းမှုအပေါ်ယင်းသို့ ဖြေဆိုထားခြင်း…
Saw Smith ဧပြီ ၁၃ ၊ ၂၀၂၃ ။ ယနေ့သင်္ကြန်အကြိုနေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ဝင် ဗဟိုင်္သကြန်မဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံများထံမှ သိရသည်။ ယနေ့ဧပြီလ ၁၃ ရက် ၊ နံနက် ၁၁ နာရီခွဲကျော်အချိန်တွင် လားရှိုးမြို့အဝင် ရန်တိုင်းအောင်ဘုရားအနီးရှိ သင်္ကြန်မဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ဖြစ်သည်ဟု…
Saw Smith ဧပြီ ၁၃ ၊ ၂၀၂၃ ။ ထိုင်း-မြန်မာနယ်စပ်မြဝတီမြို့အနီးတွင် ပြင်းထန်နေသည့်တိုက်ပွဲများအတွင်း၌ စစ်ကောင်စီနှင့်BGFတပ်တို့မှထိခိုက်ကျဆုံးမှုများနေပြီး BGFစခန်းများနှင့်လက်နက်၊ခဲယမ်းများကို သိမ်းဆည်းရမိထားသည်ဟု ပူးပေါင်းစစ်ကြောင်းများနှင့်ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့်မတ်လ ၂၅ ရက်မှစ၍ မြဝတီမြို့အနီးနေရာများတွင် တိုက်ပွဲများစတင်ဖြစ်ပွါးခဲ့ပြီးတိုက်ပွဲဆက်တိုက်ဖြစ်ပွါးနေခဲ့ရာ ပြီးခဲ့သည့်ရက်ပိုင်း ဧပြီလ ၁၁ ရက်တွင်လည်း တစ်နေ့ကုန်နီးပါးတိုက်ပွဲပြင်းထန်ခဲ့သည်။ မြဝတီကုန်သွယ်ရေးဇုန်ဘက် အတွင်းမဲကနယ်ကျေးရွာဘက်တွင်…
ကောင်းချစ်အောင် ဧပြီ ၁၂၊ ၂၀၂၃။ ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်သောကြောင့် အစုလိုက်အပြုံလိုက်သေဆုံးခဲ့မှုအပေါ် လက်တုန့်ပြန်သည့်အနေဖြင့် ရဲတပ်ရင်း၂၈နှင့် ပျူစောထီးစခန်းတစ်ခုအား အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် DRPA က လက်နက်ကြီးများဖြင့်သွားရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။ စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းရှိ အလယ် ကျွန်းရွာတွင် တပ်စွဲထားသည့် ပျူစောထီးစခန်းကို ယမန်နေ့နေ့လယ်တစ်နာရီ ဝန်းကျင်ခန့် က…
Saw Smith ဧပြီ ၁၂ ၊ ၂၀၂၃ ။ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ရုံးကိုပြည်သူပိုင်အဖြစ်သိမ်းဆည်းလိုက်သည်ဟု ယနေ့တွင်CDF-Hakha Councilကသတင်းထုတ်ပြန်သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) သည် အာဏာသိမ်းစစ်ကောင်စီထံ မှတ်ပုံတင်ကာ အာဏာရူးရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် ဟားခါးမြို့နယ်အတွင်းရှိပါတီ၏ ရုံးနှင့်အခြားသောပိုင်ဆိုင်မှုအားလုံးကို ယနေ့မှစ၍ ပြည်သူပိုင်အဖြစ်သိမ်းလိုက်သည်ဟု ထုတ်ပြန်ချက်၌ဖော်ပြထားသည်။ ရုံးနှင့်ပိုင်ဆိုင်မှုများကိုပြည်သူပိုင်အဖြစ်…
သဇင် ဧပြီ ၁၂ ၊၂၀၂၃။ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)ထံသို့ မွန်လက်နက်ကိုင် အဖွဲ့(၂)ဖွဲ့ လာရောက်ပူးပေါင်းသည် ဟု( MSDF)ကယမန်နေ့ကထုတ်ပြန်ထားသည်။ ရာမညတပ် (တာဝန်ခံ) နိုင်ချမ်းနှင့် တနင်္သာရီ ဒေသတပ် (တာဝန်ခံ) နိုင်တမော့ချမ်း၊ နိုင်မွန်သိန်း နှင့် နိုင်နိုင်တို့ဦးဆောင်ကာ (MSDF)ထံ ပူးပေါင်းခြင်းဖြစ်သည်။ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်…
Saw Smith ဧပြီ ၁၂ ၊ ၂၀၂၃ ။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အစပ်ဘက်သို့စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်များ စုပေါင်းတိုက်ခိုက်ခဲ့ရာ ၁၈ဦးထက်မနည်း သေဆုံးခဲ့သည်ဟု သိရသည်။ မင်းတပ်မြို့နယ် တိုက်နယ် (၁) ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို CDF-MINDAT နှင့် ယောကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တို့က ခုခံတိုက်ခိုက်ခဲ့ရာ ဧပြီလ…
Saw Smith ဧပြီ ၁၂ ၊ ၂၀၂၃ ။ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးတွင် ယမန်နေ့ည သန်းခေါင်ယံကျော်ချိန် ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီကလေကြောင်းမှလာရောက်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ ယနေ့ ဧပြီလ ၁၂ရက် ၊ နံနက် ၁ နာရီကျော်အချိန်တွင် တိုက်လေယာဥ်များဖြင့် လာရောက်ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လေကြောင်းမှလာရောက်တိုက်ခိုက်မှုကို…