ကောင်းချစ်အောင် ဧပြီ ၂၁၊ ၂၀၂၃။ မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ်ရှိ ရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို ဒရုန်း ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။ ယမန်နေ့ နေ့လည် ၁၂ နာရီခန့်က အဆိုပါရဲစခန်းနှင့် ထွေအုပ်ရုံးအား ဒရုန်း ၃ စီးဖြင့် ဗုံးသီး ၃ လုံးကြဲချတိုက်ခိုက်ခဲ့ပြီး လေတိုက်နှုန်းပြင်းထန်နေမှုကြောင့် တစ်လုံးမှာ…
Month: April 2023
သံလွင်ခက်။ ဧပြီ ၂၁၊ ၂၀၂၃။ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ်အဖွဲ့ဝင်များ၏ နေအိမ်များကို စစ်ကောင်စီက စက်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ သပိတ်အဖွဲ့ဝင်များ၏ နေအိမ်များကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းပြီးနောက် ဧပြီ ၁၉ ရက်နှင့် ၂၀ ရက်များတွင် ဖြိုချဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။…
Saw Smith ဧပြီ ၂၁ ၊ ၂၀၂၃ ။ ကရင်နီပြည် ဒီးမော့ဆိုအရှေ့ခြမ်းတွင် ယခုလတတိယအပတ်တွင်း၌ ပြန်လည်ဖြစ်ပွားနေသည့်တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဘက်က အထိနာပြီး လက်နက်၊ ခဲယမ်းများစွာ သိမ်းဆည်းရမိထားသည်ဟု ကရင်နီစစ်ဘက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ KnMIC တာဝန်ခံခူးညေးရယ်က သံလွင်ခက်ကိုပြောသည်။ ပြီးခဲ့သောမတ်လတွင် အင်အား၃၀၀ ဝန်းကျင် ဖြင့်ဒီးမော့ဆိုအရှေ့ခြမ်း ဒေါတမကြီးကျေးရွာအုပ်စု ကျေးရွာများသို့…
ကောင်းချစ်အောင် ဧပြီ ၂၀၊ ၂၀၂၃။ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် မန်ကျည်းကန်ရွာရှိ ကျေးလက်ဆေးပေးခန်းကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ဆရာဝန်နှစ်ဦးနှင့် ဒေသခံ ၁၄ဦးကို ဖမ်းဆီးသွားသည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံမှသိရသည်။ ပြီးခဲ့သည့်ရက်ပိုင်း ယခုလဧပြီ ၁၈ရက်၊ နေ့လည် ၁၁ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က Mi35 ဖြင့် လှည့်ပတ်ပစ်ခတ်ခဲ့ပြီး Mi…
သံလွင်ခက်။ ဧပြီ ၂၀၊ ၂၀၂၃။ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ အိုင်းမကျေးရွာအုပ်စုရှိ လောင်းဘိုလေးကျေးရွာကိုလေကြောင်းဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။ ယနေ့ ဧပြီ ၂၀ ရက် နေ့လည် ၁၂ နာရီခွဲ ဝန်းကျင်တွင် လောင်းဘိုလေးကျေးရွာကို လေကြောင်းဖြင့် ၂ ကြိမ်တိုင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကျောက်ထုပြည်သူ့ကာကွယ်ရေးတပ်…
သဇင် ဧပြီ ၂၀၊၂၀၂၃။ ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကား (၂ )စီးကို တကောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဧပြီလ ၁၈ ရက်နေ့တွင် မိုင်း၂ လုံးဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု တပ်ဖွဲ့ဝင်များထံမှသိရသည်။ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်အတွင်း ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့ပြီးနောက်ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို…
သံလွင်ခက်။ ဧပြီ ၂၀၊ ၂၀၂၃။ လေကြောင်းပစ်ခတ်ခံရပြီးနောက် အစုလိုက်အပြုံလိုက် သေဆုံးခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် လေကြောင်းဖြင့် ထပ်မံပစ်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။ ပဇီကြီးကျေးရွာ ဒေသခံတစ်ဦးက “ကျွန်တော်တို့ရွာ မီးလောင်နေပြီ။ လေကြောင်းပစ်လို့ မီးလောင်သွားတာပါ။လေယာဉ်က နောက်ထပ်…
Saw Smith ဧပြီ ၂၀ ၊ ၂၀၂၃ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ် မြကန်ကျေးရွာတွင် စစ်ကောင်စီတပ်စစ်ကြောင်း သုံးဖွဲ့ကဝိုင်းညှပ်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ကာကွယ်ရေးရဲဘော်၅ ဦးကျဆုံးပြီး ရဲဘော်၅ဦး ပျောက်ဆုံးနေသည်ဟု Armed Revolutionary Force-KU တာဝန်ရှိသူက သံလွင်ခက်ကို ပြောသည်။ ယမန်နေ့ ဧပြီ ၁၉ရက်၊နံနက်အစောပိုင်းတွင် ရေဦးမြို့နယ်မှ…
သံလွင်ခက်။ ဧပြီ ၂၀ ၊ ၂၀၂၃။ ရှမ်းပြည်နယ်၊ တောင်ပိုင်းတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ကြား တိုက်ပွဲများ ထပ်မံ မဖြစ်ပွားစေရန် အဖွဲ့အစည်းအချင်းချင်းကြား တစ်ဦးနှင့် တစ်ဦး အသိမှတ်ပြု၊ တန်ဖိုးထားရန်လိုအပ်သည်ဟု PNLO တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။…
ကောင်းချစ်အောင် ဧပြီ ၂၀၊ ၂၀၂၃ ။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းကို လေကြောင်းမှတိုက်ခိုက်နေသည် စစ်ကောင်စီ Pilot(လေယာဥ်မောင်းသူ)များကို ရှင်းလင်းနိုင်လျှင်ဆုကြေးချီးမြှင့်သွားမည်ဖြစ်သည်ဟု မင်းတပ် CDFက ကြေညာလိုက်သည့်အပြင်တာဝန်ရှိသူကိုပါ စုံစမ်းဖော်ထုတ်ပေးထားသည်။ မင်းတပ်မြို့နယ်ကျေးရွာများကို ယခုနှစ် ဇန်နဝါရီလ ပထမအပတ်မှစ၍ ပြည်သူများအား ရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်လျက်ရှိပြီး ပြည်သူသေဆုံးမှုများနှင့် အိုးအိမ်ပျက်စီးမှုများ ရှိလာနေသောကြောင့် CDF…