ယမင်းဖူးပွင့်အောင် ဧပြီ ၂၂၊ ၂၀၂၃။ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေပြည်တော် ၊လယ်ဝေးမြို့က ပြည်သူ ရှစ် ဦးခန့်သေဆုံးပြီး လူနေအိမ်များ ပျက်စီးကာ ယနေ့ချိန်ထိ ပျောက်ဆုံးမှုများ ရှိနေဆဲ ဖြစ်သည်ဟု လူမှုကူညီရေးဆောင်ရွက်နေသူများက ပြောသည်။ လယ်ဝေး လူမှုကူညီရေးအသင်း ဥက္ကဌ ဦးထက်ပိုင်စိုးက “ထပ်တိုးသေဆုံးဦးရေနဲ့ ပျောက်ဆုံးနေတာတွေ…
Month: April 2023
သဇင် ဧပြီ ၂၂၊ ၂၀၂၃။ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ခက်သင်ကျေးရွာတွင် စစ်ကောင်စီအင်အား (၁၀၀)ခန့် တပ်ဆွဲကာ ဒေသခံ ပြည်သူများအား တစ်ယောက်မကျန် ဖုန်းဆင်းကဒ်များဖြုတ်ခိုင်းခဲ့ပြီး နေအိမ်များကို မီးရှို့ခဲ့သည်ဟု ဒေသခံများကပြောသည်။ ဧပြီလ၂၀ ရက် နေ့လည် ၂ နာရီခန့်တွင် ခက်သင်ရွာရှိ ဘုန်းကြီးကျောင်းတွင် ကျေးရွာနေ ပြည်သူများအား ဖုန်းများကိုစစ်ဆေးပြီး…
သံလွင်ခက်။ ဧပြီ ၂၂ ၊ ၂၀၂၃။ စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းမှ အမျိုးသားနှစ်ဦးလက်နက်ကြီးထိမှန် သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။ ယမန်နေ့ ဧပြီ ၂၁ ရက်နေ့တွင် ကလေးမြို့ပေါ်ရှိ စစ်ကောင်စီတပ်မှ ပစ်လိုက်သည့် လက်နက်ကြီးသည် ကလေးမြို့နယ် တောင်ပိုင်း ထိုမာရွာနှင့်…
Saw Smith ဧပြီ ၂၂ ၊ ၂၀၂၃ ။ ချင်းအမျိုးသားတပ်မတော် CNA/CNF တပ်မဟာ၄ စခန်းကိုစစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရဲဘော်နှစ်ဦးထိခိုက်ကျဆုံးခဲ့သည်ဟု CNA တပ်ဖွဲ့ဝင်များထံမှသိရသည်။ ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်အတွင်းရှိ CNA တပ်မဟာ၄ ရှေ့တန်းစခန်းတစ်ခုကို စစ်ကောင်စီတပ်ကယမန်နေ့ ဧပြီ၂၁ရက် နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။…
သံလွင်ခက် ဧပြီ ၂၂ ၊ ၂၀၂၃ ။ စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်၊တောင်တွင်းဒေသ၊မအူရွာ(ပျူရွာ)တွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ပျူစောထီးစခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ယနေ့တွင် MKPDF-2တပ်ရင်းက သတင်းထုတ်ပြန်သည်။ ကလေးခရိုင်၊အမှတ် ၁၁ တပ်ရင်း ၊မင်းကင်းသည် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်ပူးပေါင်း၍ တောင်တွင်းဒေသ၊မအူပျူရွာ၊ စခ/ပျူရှေ့တန်းစခန်းအား ဧပြီလ ၁၀ရက်တွင် သိမ်းပိုက်ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်၌ဖော်ပြထားသည်။ လက်ရှိအချိန်တွင် အမှတ်…
Saw Smith ဧပြီ ၂၂ ၊ ၂၀၂၃ ။ ယခုလအတွင်း၌တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည့် မြဝတီမြို့အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က ယမန်နေ့တွင် တစ်နေကုန်လက်နက်ကြီးများဖြင့်ပစ်နေခဲ့သည့်အပြင် ညသန်းခေါင်ကျော်ချိန်၌လည်း တိုက်လေယာဥ်ဖြင့်လာရောက်ဗုံးကြဲခဲ့သည်ဟု ပူးပေါင်းစစ်ကြောင်းမှ PDF ရဲဘော်များက သံလွင်ခက်ကိုပြောသည်။ စစ်ကောင်စီတပ်၊ BGFတပ်တို့နှင့်ပူးပေါင်းစစ်ကြောင်းတို့ကြားထိတွေ့တိုက်ပွဲများဖြစ်ပွားနေရာ မြဝတီမြို့အနီးမဲကနယ်ကျေးရွာနှင့်ကျောက်တောင်များတဝိုက်ကို စစ်ကောင်စီဘက်မှ အမြှောက်၊ ဟောင်ဝှစ်ဇာ များဖြင့် တနေကုန်ပစ်ခတ်ခဲ့သော်လည်း…
သံလွင်ခက်။ ဧပြီ ၂၁၊ ၂၀၂၃။ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တစ်ပတ်အတွင်း အင်အားအလုံးအရင်းဖြင့်စစ်ကြောင်းထိုး လှုပ်ရှားလျှက်ရှိသည်ဟု ဒေသခံများထံက သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိုးမောက်မြို့နယ်သို့ ညအချိန် လူအင်အားဖြည့်တင်းနေခြင်းဖြစ်သည်ဟု မိုးမောက်မြို့ ဒေသခံ အမျိုးသမီးတစ်ဦးက သံလွင်ခက်ကို ပြောသည်။ “စစ်သားတွေ အများကြီးပဲ။ ရှေ့ရက်ကတည်းက အင်အားဖြည့်နေတာ။ ပထမက…
သံလွင်ခက်။ ဧပြီ ၂၁၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုအပါအဝင် အရပ်သားပြည်သူများအားထိခိုက်နစ်နာစေမည့် မည်သည့် အင်အားသုံး တိုက်ခိုက်မှုမျိုးကိုမဆို ကန့်ကွက်ရှုတ်ချသည်ဟု တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က…
သံလွင်ခက်။ ဧပြီ ၂၁၊ ၂၀၂၃။ မကွေးတိုင်း၊ ထီးလင်းမြို့နယ် ၊အနောက်ခြမ်း လောင်းဘိုလေးကျေးရွာရှိ ပြည်သူ့အုပ်ချုပ်ရေးရုံးနှင့် စစ်ရှောင်ကွပ်ကဲရေးရုံး အဖြစ် ပူးတွဲဆောက်လုပ်ထားသည့် အဆောက်အဦးကို စစ်ကောင်စီလေကြောင်းက တိုက်ခိုက်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြော သည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွင် ၃ ဦးသေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထီးလင်း ယောတော်လှန်ရေးတပ်ဖွဲ့…
ယမင်းဖူးပွင့်အောင် ဧပြီ ၂၁၊ ၂၀၂၃။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်က စစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ ရေစကြိုမြို့၊အမှတ်(၄)၊ဖောင်တော်ဦးရပ်ကွက်တွင် တပ်စွဲထားသော စစ်ကောင်စီ ငြိမ်းဇာနည်တပ်စခန်းကိုယမန်နေ့ နံနက် (၄)နာရီခွဲအချိန်တွင် Myingyan Black Tiger (MBT)နှင့် မဟာမိတ်အဖွဲ့များမှ သွားရောက်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ စခန်းသိမ်းနိုင်တော့မည့်…